Saturday, April 20, 2024

မိုးမိတ်မြို့

မိုးမိတ်မြို့ရှိ မြို့မစျေးဗုံးကြဲခံရပြီး မီးလောင်နေ

သျှမ်းပြည် မိုးမိတ်မြို့ရှိ မြို့မဈေးသည် ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်က ဗုံးကြဲခံရသောကြောင့် မီးလောင်နေကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF...

မိုးမိတ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊အလောင်းများ ကောက်မရသေး

သျှမ်းပြည် မိုးမိတ်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ( KAI)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံအလောင်းများအား ကောက်ယူ၍မရသေးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) နံနက်အစောပိုင်းအချိန်မှစပြီး မိုးမိတ်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား...

မိုးမိတ်မြို့နယ်အတွင်း စစ်ရှောင် ၃၀၀ ကျော် စားနပ်ရိက္ခာ နှင့် အနွေးထည် လိုအပ်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်းတွင် စစ်ဘေးရှောင် ၃၀၀ ကျော်တို့သည် တစ်လ နီးပါးကြာသည် အထိ နေရပ်မပြန်နိုင်သေးသည့်အတွက် စားနပ်ရိက္ခာ နှင့် အဝတ်အထည်များ အကူအညီ လိုအပ်နေကြောင်း သတင်း သိရသည်။ မိုးမိတ်စစ်ဘေးရှောင်ပြည်သူများ အဆိုပါ စစ်ရှောင် ၃၀၀ ကျော်များအနက် ၁၀ နှစ်အောက် ကလေးငယ်များပါဝင်ပြီး သက်ကြီးရွယ်အိုများလည်း...

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ မှ တစ်ဖက်သတ် လက်နက်ပစ်ခတ်နေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့သစ်ကျးရွာဘက်တွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ် ပစ်ခတ်ခဲ့ကြောင်း သတင်း သိရသည်။ ယနေ့ အောက်တိုဘာ ၃၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ သေနတ်ပစ်ခတ်သံများ တစ်ဖက်သတ် ထွက်ပေါ်လာကြောင်း ဒေသခံများက...

မိုးမိတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၇ ဦးသေ စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲကြား စစ်ကောင်စီမှ ၇ ဦး သေဆုံးပြီး လက်ရှိတွင် စစ်ဆေးရေး တင်းကြပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်...

စစ်ကောင်စီဘက် အကျများနေသည့် မိုးမိတ်မြို့နယ်တွင်းက စစ်ရေးတင်းမာ

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း SSPP / SSA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အကျအဆုံးများနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၂၀) ရက်တွင် မိုးမိတ်မြို့နယ် ဟွေခမ်းတောင်ကြောအနီး၌ SSPP/SSA နှင့် စစ်ကောင်စီ တို့ ၏ တစ်ကြော့ပြန်...

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP ပြင်းထန်စွာ တိုက်ပွဲထပ်မံဖြစ်ပွားနေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA )တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှ မွန်းလွဲပိုင်း ၁ နာရီကျော် အထိ အာဏာသိမ်း စစ်ကောင်စီ...

မိုးမိတ်မြို့တွင်း စာသင်ကျောင်းများ သုံးလကျော်ကြာထိ ပြန်မဖွင့်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ရေးတင်းမာမှု အကြောင်းပြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ပိတ်ခိုင်းထားသည့် စာသင်ကျောင်းများသည် သုံးလကျော်ကြာသည်အထိ ပြန်မဖွင့်နိုင်သေးကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့နယ်ရှိ အထက်ညောင်နီရွာ၊ အောက်ညောင်နီရွာ၊ သရက်ချိုရွာ၊ စင့်ကင်ကျေးရွာ၊ ပန်ဆားကျေးရွာတို့မှ စာသင်ကျောင်းများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ပိတ်ခဲ့ရပြီး ယနေ့...

မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ နေရာများ ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဌာန ဖြစ်ကြသည့် ခရိုင်ရုံးနှင့် မြို့နယ် ထွေအုပ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက် ညနေ ၃ နာရီခွဲကျော်တွင် မိုးမိတ်မြို့ရှိ ခရိုင်ရုံးဝန်းအနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်...

မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် အကျအဆုံးများရှိကြောင်း သတင်းသိရသည်။ ယနေ့ (စက်တင်ဘာ ၁၇) ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှ စတင်ကာ မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာအုပ်စု အတွင်းရှိ...

Latest news