မိုးမိတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၇ ဦးသေ စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲကြား စစ်ကောင်စီမှ ၇ ဦး သေဆုံးပြီး လက်ရှိတွင် စစ်ဆေးရေး တင်းကြပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း SSPP/SSA တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အဲ့ ၂၀ ရက်နေ့မှာ သူတို့ဘက် ၄ ဦးကျတယ်၊ ထိခိုက်ဒဏ်ရာ ရသူလည်း များတယ်၊ ကျနော်တို့ဘက်ကျတော့ တပ်သားတစ်ဦး ဒဏ်ရာရပါတယ်၊ ပြီးတဲ့ ၁၇ ရက်နေ့ကလည်း သူတို့ဘက်က ၃ ဦးသေ ၆ ဦး ဒဏ်ရာရခဲ့တော့ ပေါင်းလိုက်ရင် ကျဆုံးသူက ၇ ဦးရှိနေတာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့

မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ခလရ (၂၂၃)၊ (၂၇၆) နှင့် ခမရ (၃၄၈) တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် မိုးမိတ်မြို့နယ်အတွင်း ဝင်ထွက်သွားလာ လှုပ်ရှားသည့် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့ အဖွဲ့အစည်းမဆို တွေ့ရှိပါက ဒေသခံများအနေဖြင့် စစ်ကောင်စီထံ အကြောင်းကြားရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

“မနေ့က ၂၂ ရက်မှာ စစ်ကောင်စီက ရွာသားတွေကို အမိန့်ပေးတာ ဘယ်လက်နက်ကိုင် တပ်ဖွဲ့ကိုပဲ မြင်မြင် သူတို့်ကို အကြောင်းကြားရမယ်တဲ့၊ အခုက မြို့ဝင်မြို့ထွက်နေရာတိုင်းမှာ သူတို့စစ်သားချထားတယ်၊ စစ်ဆေးမှုလည်း တင်းကြပ်ထားတယ်” ဟု မိုးမိတ်ဒေသခံ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် SSPP တပ်ဖွဲ့များက တောထဲတွင် နေရာယူထားပြီး စစ်ကောင်စီတပ်ဖွဲ့တို့က စစ်အင်အား ဖြည့်တင်းမှု ဆက်လက်ရှိနေသေးသည့်အတွက် တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း SSPP/SSA တာဝန်ရှိသူက သျှမ်းသံတော်ဆင့် ကို ဆက်ပြောသည်။

“ကျနော်တို့က တောထဲမှာပဲ နေတဲ့အတွက် သူတို့ဘက်က ထပ်တိုးလာမယ်ဆိုရင် တိုက်ပွဲက ဆက်ဖြစ်မှာပဲ သူတို့ ကလည်း စစ်အင်အားဖြည့်ပြီး ကျနော်တို့ကို ထိုးစစ်ဆင်ဖို့ ချောင်းနေတော့ သေနတ်သံက ကြားရအုံးမှာထင်တယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် SSPP/SSA တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကတည်းက စတင်ကာ မိုးမိတ် မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများရှိခဲ့ကြခြင်းဖြစ်ပြီး ယနေ့အချိန်ထိ နှစ်ဖက် စစ်အင်အားဖြည့်တင်းမှုများ ထိတွေ့ ပစ်ခတ်မှုများ ယနေ့အချိန်ထိ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...