စစ်ကောင်စီဘက် အကျများနေသည့် မိုးမိတ်မြို့နယ်တွင်းက စစ်ရေးတင်းမာ

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း SSPP / SSA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အကျအဆုံးများနေကြောင်း သတင်းသိရသည်။

SSPP

ယမန်နေ့ (စက်တင်ဘာ ၂၀) ရက်တွင် မိုးမိတ်မြို့နယ် ဟွေခမ်းတောင်ကြောအနီး၌ SSPP/SSA နှင့် စစ်ကောင်စီ တို့ ၏ တစ်ကြော့ပြန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး SSPP/SSA ဘက်မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA နယ်မြေတာဝန်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က တိုက်ပွဲက စစ်ကောင်စီဘက်မှ စစ်ကြောင်း ၂ ကြောင်းနဲ့ ကျနော်တို့ကို ထိုးစစ်ဆင်တယ်၊ တိုက်ပွဲဖြစ်နေ တဲ့ အချိန်မှာ စင့်ကင်ကျေးရွာမှရှိတဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ကူခဲ့တယ်၊ မနေ့ကတိုက်ပွဲ မှာ စကစတွေက လက်နက်ကြီးနဲ့ နဲ့ အမြောက်တွေ တွေသုံးပြီး ပစ်ခဲ့တယ်၊ သူတို့ဘက် ၄ ဦးကျဆုံး တယ် ၊ ကျနော်တို့တပ်သားတစ်ဦးဒဏ်ရာရတယ်” ဟု ၎င်းကပြောသည်။

ယမန်နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်း တစ်ကြောင်းကို လက်နက်အပြည့်အစုံဖြင့် လူအင်အား ၄၀ ခန့်ရှိပြီးစစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယနေ့ လက်ရှိအချိန်ထိ စစ်အင်အား ဖြည့် တင်းမှု ရှိနေဆဲဖြစ်ကြောင်းသိရသည်။

“ဒီနေ့ တိုက်ပွဲသံတော့ မကြားရတော့ဘူး၊ ဒါပေမဲ့ စစ်ကောင်စီတပ်က အင်အားဖြည့်နေသေးတယ်၊ နေ့လည် ၁၂ နာရီလောက်မှာ နောက်ထပ် စစ်ကား ၃ စီးက ဟွေခမ်းဘက် တက်သွားတယ်၊ စစ်ရေးတင်းမာမှုတွေ ရှိနေတုန်းပဲ” ဟု မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် SSPP/SSA တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကတည်းက စတင်ကာ မိုးမိတ် မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများရှိခဲ့ကြခြင်းဖြစ်ပြီး ယနေ့အချိန်ထိ နှစ်ဖက် စစ်အင်အားဖြည့်တင်းမှုများ ထိတွေ့ ပစ်ခတ်မှုများ ယနေ့အချိန်ထိ မကြာခဏဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...