Thursday, April 25, 2024

စစ်ကောင်စီဘက် အကျများနေသည့် မိုးမိတ်မြို့နယ်တွင်းက စစ်ရေးတင်းမာ

Must read

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း SSPP / SSA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အကျအဆုံးများနေကြောင်း သတင်းသိရသည်။

SSPP

ယမန်နေ့ (စက်တင်ဘာ ၂၀) ရက်တွင် မိုးမိတ်မြို့နယ် ဟွေခမ်းတောင်ကြောအနီး၌ SSPP/SSA နှင့် စစ်ကောင်စီ တို့ ၏ တစ်ကြော့ပြန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး SSPP/SSA ဘက်မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA နယ်မြေတာဝန်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က တိုက်ပွဲက စစ်ကောင်စီဘက်မှ စစ်ကြောင်း ၂ ကြောင်းနဲ့ ကျနော်တို့ကို ထိုးစစ်ဆင်တယ်၊ တိုက်ပွဲဖြစ်နေ တဲ့ အချိန်မှာ စင့်ကင်ကျေးရွာမှရှိတဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ကူခဲ့တယ်၊ မနေ့ကတိုက်ပွဲ မှာ စကစတွေက လက်နက်ကြီးနဲ့ နဲ့ အမြောက်တွေ တွေသုံးပြီး ပစ်ခဲ့တယ်၊ သူတို့ဘက် ၄ ဦးကျဆုံး တယ် ၊ ကျနော်တို့တပ်သားတစ်ဦးဒဏ်ရာရတယ်” ဟု ၎င်းကပြောသည်။

ယမန်နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်း တစ်ကြောင်းကို လက်နက်အပြည့်အစုံဖြင့် လူအင်အား ၄၀ ခန့်ရှိပြီးစစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယနေ့ လက်ရှိအချိန်ထိ စစ်အင်အား ဖြည့် တင်းမှု ရှိနေဆဲဖြစ်ကြောင်းသိရသည်။

“ဒီနေ့ တိုက်ပွဲသံတော့ မကြားရတော့ဘူး၊ ဒါပေမဲ့ စစ်ကောင်စီတပ်က အင်အားဖြည့်နေသေးတယ်၊ နေ့လည် ၁၂ နာရီလောက်မှာ နောက်ထပ် စစ်ကား ၃ စီးက ဟွေခမ်းဘက် တက်သွားတယ်၊ စစ်ရေးတင်းမာမှုတွေ ရှိနေတုန်းပဲ” ဟု မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် SSPP/SSA တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကတည်းက စတင်ကာ မိုးမိတ် မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများရှိခဲ့ကြခြင်းဖြစ်ပြီး ယနေ့အချိန်ထိ နှစ်ဖက် စစ်အင်အားဖြည့်တင်းမှုများ ထိတွေ့ ပစ်ခတ်မှုများ ယနေ့အချိန်ထိ မကြာခဏဖြစ်ပွားလေ့ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article