Wednesday, January 28, 2026

မိုးမိတ်မြို့နယ် အမျိုးသား ၁ ဦး ဓားခုတ်ခံရ၊ လက်တဖက်ပြတ်

သျှမ်းပြည် မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာတွင် အမျိုးသား ၁ ဦးကို အမည်မသိ အုပ်စုတဖွဲ့က ဓားဖြင့် ခုတ်သွားသဖြင့် ဘယ်လက်တဖက်ပြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ ရက် ည ၇ နာရီတွင် မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာနေ အသက် (၃၃) နှစ်အရွယ် ကိုသီဟသည် အလုပ်အပြန်တွင် အမည်မသိ အုပ်စုက ဓားဖြင့်ဝိုင်းခုတ်ခဲ့သဖြင့် ဘယ်လက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဆိုင်ကယ်ရပ်တဲ့အချိန်မှာ ဝင်ခုတ်တာ။ ကျမတို့ဘက်ကလည်း လေးယောက်၊ သူတို့ဘက်ကလည်း လေးယောက်။ အဲ့လေးယောက်ထဲမှာမှ ညမတို့ အစ်ကို့ကိုပဲ ဝင်လုံးပြီးတော့ ဓားနဲ့ခုတ်သွားတာ၊ လက်တစ်ဖက် ပြတ်သွားတယ်။ လက်ကို သုံးချက်ခုတ်တယ်၊ လည်ပင်းကိုလည်း ဆင့်ခုတ်တယ်။ လည်ပင်းက မပြတ်ရုံတစ်မယ်ပဲ၊ မသေရုံတစ်မယ်ပဲ” ဟု ကိုယ်တိုင် ကြုံတွေ့ရသည့် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားခုတ်ခံရသည့် ကိုသီဟသည် ဘယ်လက်တစ်ဖက်ပြတ်သွားသည့်အပြင် လည်ပင်းတွင်လည်း ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး၊ လက်ရှိတွင် ဒဏ်ရာပြင်းထန်ကာ ဆေးရုံတွင် ဆေးဝါးကုသခံနေကြောင်း သိရဿည်။​

သို့သော် ဓားခုတ်မှုကျူးလွန်သည့် တရားခံများသည် ယနေ့ အချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဖွဲ့အစည်းအမည်နဲ့ အသုံးချပြီး လုပ်နေတာ၊ ခုတ်တာက တစ်ကြိမ်မကတော့ဘူး။ ငါးကြိမ်၊ ခြောက်ကြိမ်လောက် ရှိပြီ။ အခုခုတ်ခံရတဲ့သူနဲ့လည်း ဘာမှမဆိုင်ဘူး၊ ရန်ငြိုးလည်း မရှိဘူး။ လည်ပင်းပါခုတ်တာ၊ နောက်မှ လူမှားတာတဲ့။ အခု ခုတ်တဲ့ကလေးတွေ ထွက်ပြေးနေတယ်” ဟု ၎င်းကပြောသည်။

ဓားခုတ်မှုကျူးလွန်သူ တရားခံများအနက် တစ်ဦးသည် မိုးမိတ်မြို့နယ် အုန်းကြောရွာရှိ မြဓာတ်ဆီဆိုင်ရှင်၏ သားဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြစ်ဆုံရွာသည် မိုးမိတ်မြို့နှင့် ၁၇ မိုင်ခန့်ကွာဝေးပြီး ထိုကျေးရွာတွင် တအာင်းတပ်ဖွဲ့ (TNLA)၊ ကချင်တပ်ဖွဲ့ (KIA)၊ ရခိုင်တပ်ဖွဲ့ (AA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးမိတ်မြို့အနီး စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်းတွင် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့...

မိုးမိတ်မြို့ရှိ မြို့မစျေးဗုံးကြဲခံရပြီး မီးလောင်နေ

0
သျှမ်းပြည် မိုးမိတ်မြို့ရှိ မြို့မဈေးသည် ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်က ဗုံးကြဲခံရသောကြောင့် မီးလောင်နေကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF...

မိုးမိတ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊အလောင်းများ ကောက်မရသေး

0
သျှမ်းပြည် မိုးမိတ်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ( KAI)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံအလောင်းများအား ကောက်ယူ၍မရသေးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) နံနက်အစောပိုင်းအချိန်မှစပြီး မိုးမိတ်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား...

မိုးမိတ်မြို့နယ်အတွင်း စစ်ရှောင် ၃၀၀ ကျော် စားနပ်ရိက္ခာ နှင့် အနွေးထည် လိုအပ်

0
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်းတွင် စစ်ဘေးရှောင် ၃၀၀ ကျော်တို့သည် တစ်လ နီးပါးကြာသည် အထိ နေရပ်မပြန်နိုင်သေးသည့်အတွက် စားနပ်ရိက္ခာ နှင့် အဝတ်အထည်များ အကူအညီ လိုအပ်နေကြောင်း သတင်း သိရသည်။ မိုးမိတ်စစ်ဘေးရှောင်ပြည်သူများ အဆိုပါ စစ်ရှောင် ၃၀၀ ကျော်များအနက် ၁၀ နှစ်အောက် ကလေးငယ်များပါဝင်ပြီး သက်ကြီးရွယ်အိုများလည်း...

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ မှ တစ်ဖက်သတ် လက်နက်ပစ်ခတ်နေ

0
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့သစ်ကျးရွာဘက်တွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ် ပစ်ခတ်ခဲ့ကြောင်း သတင်း သိရသည်။ ယနေ့ အောက်တိုဘာ ၃၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ သေနတ်ပစ်ခတ်သံများ တစ်ဖက်သတ် ထွက်ပေါ်လာကြောင်း ဒေသခံများက...