Friday, May 3, 2024

မိုးမိတ်မြို့ရှိ မြို့မစျေးဗုံးကြဲခံရပြီး မီးလောင်နေ

Must read

သျှမ်းပြည် မိုးမိတ်မြို့ရှိ မြို့မဈေးသည် ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်က ဗုံးကြဲခံရသောကြောင့် မီးလောင်နေကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။

မိုးမိတ်မြို့မစျေးမီးလောင်

ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မိုးမိတ်မြို့မဈေးသည် ဗုံးဖြင့်ကြဲချခံရပြီး လက်ရှိသတင်းရေးနေချိန်ထိ မီးလောင်နေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အပေါ်ကနေ ဗုံးချသွားတာဗျာ။ အခုမိုးမိတ်မြို့ဈေးတစ်ခုလုံးက မီးလောင်နေတာပါ။ ဈေးကနေ နမ့်ခမ်းအင်းဘက် မီးကူးနေပါပြီ ” ဟု မိုးမိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ မြို့ဈေးတစ်ခုလုံး မီးလောင်ကျွမ်းနေသောကြောင့် ဈေးအနီးအနားရှိ ပြည်သူများလည်း အရေးပေါ် ပြောင်းရွှေ့နေရကြောင်း သိရသည်။

လက်ရှိသတင်းရေးသားချိန်ထိ မိုးမိတ်မြို့ဈေးသည် မီးလောင်ဆဲ လောင်မြဲနေပြီး မီးငြိမ်းရန်အတွက် မီးသတ်ကားများလည်း ရောက်ရှိမလာပေ။

မိုးမိတ်မြို့ တိုက်ပွဲသည့် ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၈ ရက်)မှစ၍ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မြို့ကိုဝင်ရောက်ထိုးစစ်ဆင်လာချိန် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေလျက်ရှိသကဲ့သို့ စစ်ကောင်စီမှ လေယာဉ်ဗုံးကြဲခြင်းဖြင့် ခုခံနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article