Wednesday, May 1, 2024

မိုးမိတ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊အလောင်းများ ကောက်မရသေး

Must read

သျှမ်းပြည် မိုးမိတ်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ( KAI)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံအလောင်းများအား ကောက်ယူ၍မရသေးကြောင်း စုံစမ်းသိရသည်။

မိုးမိတ် ဘုန်းကြီးကျောင်းထိခိုက်မှု

ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) နံနက်အစောပိုင်းအချိန်မှစပြီး မိုးမိတ်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ သေးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့လည်း မြို့ထဲမှာပစ်နေတယ်။ မိုးမိတ်မြို့ထဲမှာတော့ တစ်ယောက်မှ မရှိတော့ဘူး။ အကုန်ပြေးနေရပြီ။ တချို့အိမ်စောင့်လောက်ဟာပဲကျန်နေတယ်။ နောက်ပြီး မပြေးနိုင်တဲ့သူလည်းရှိသေးတာပေါ့” ဟု ၎င်းကပြောသည်။

အလားတူ ယမန်နေ့ (ဇန်နဝါရီလ ၁၉ ရက်)တွင် မိုးမိတ်မြို့တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် လေယာဉ်ဗုံးကြဲမှုကြောင့် ရှပ်ရှင်ရုံအနီးမှ အမျိုးသား ၁ ဦးသေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာရကာ ရွှေဇာလီရွာမှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုးမိတ်မြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်နှင့် ကျောင်းဆောင်များလည်း ပျက်စီးသွားပြီး ထိုထဲမှ စစ်သားအလောင်းများ၊ ဒေသခံအလောင်းများ ကောက်ယူမည့်သူမရသေးကြောင်း သိရသည်။

“နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့လည်း သေဆုံးမှုရှိတယ်။ အားသံရွာက ဘုန်းကြီးကျောင်းမှာလည်း စစ်သားတွေ သေနေတာ ဒီနေ့ထိ အလောင်းမရွှေ့ရသေးဘူး။ ဒီနေ့နဲ့ဆိုတစ်ရက်ပြည့်တော့မယ်။ ပုတ်လည်း ပုတ်တော့မယ် ဘယ်သူမှမရွှေ့ဘူး” ဟု မိုးမိတ်မြို့ ဦးဇင်းတစ်ပါးက ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲကြောင့် မိုးမိတ်မြို့ပေါ်ရှိ ရပ်ကွက်များအပါအဝင် အားသံရွာ၊ ရွှေဇာလီရွာ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article