လားရှိုးမြို့ မူးယစ်ဆေးဝါးကြောင့် လူငယ် (၁၅) ဦးထက် မနည်းသေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မေ့ဆေး (သို့မဟုတ်) အိပ်ဆေးအပြင်းစား Ketamine Hydrochloride (K) မူးယစ်ဆေးကြာင့် လူငယ်(၁၅) ဦး ထက်မနည်း သေဆုံးကြောင်း စုံစမ်းသိရသည်။

ထို K မူးယစ်ဆေးဝါးကြောင့် သေဆုံးသွားသူများသည် လောင်းကစားရုံများ၊ သီချင်းဆို (KTV) ဆိုင်များ၊ ကလပ်ဆိုင်များ ၊ ဂိမ်းဆိုင်များတွင် အလုပ်လုပ်သည့် လူငယ်များဖြစ်ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပြီးခဲ့တဲ့ ရက် (၂၀) ကျော်တုန်းက ကျနော်မြေးလေး အဲ့မူးယစ်ဆေးဝါး (K) ကြောင့်သေခဲ့တယ်။ အဲ့မူးယစ်ဆေးက အဖြူရောင် အမုန့်လေးပဲ နှာခေါင်းနဲ့ ရှူတာ၊ အတော်များများတော့ KTV မှာ အလုပ်သွား လုပ်တဲ့သူ၊ သွားလည်တဲ့သူတွေပေါ့။ ကျနော့်မြေလေး သေသွားကတည်းက ဒေသခံထံကို စုံစမ်းကြည့်တယ်။ လားရှိုးမှာ အဲ့မူးယစ်ဆေးဝါးကြောင့် လူငယ် (၁၅) ယောက် သေတယ်” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

Ketamine Hydrochloride (K)

ထိုသေဆုံးသွားသည့်သူ အများစုသည် သျှမ်းလူငယ်များ၊ မိန်းကလေးများဖြစ်ကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့ သီချင်းဆို (KTV) ဆိုင်များ၊ ကလပ်ဆိုင်များသည် ယခင်ထက် များလာပြီး၊ ထိုဆိုင်များကို ပြည်သူ့စစ်များက ဖွင့်လှစ်ထားပြီး လောင်းကစား ကာစီနို (casino) ဂိမ်းဆိုင်များကို ဆက်လက် ဖွင့်လှစ်ရန်လည်း ရှိသေးကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“အခု သီချင်းဆို (KTV) ဆိုင်များ၊ ကလပ်ဆိုင်များ အရမ်းပေါများလာတယ် ၊ ဖွင့်တဲ့သူတွေလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေက ဖွင့်ထားတာ၊ ပြီးတော့ ပြည်သူ့စစ်တွေက လောင်းကစား ကာစီနို (casino) ဂိမ်းတွေလည်း သူတို့ဆက်ဖွင့်မယ်လို့လည်း ကြားထားတယ်” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့တွင် အများစုသုံးနေသည့် မေ့ဆေး၊ အိပ်ဆေးအပြင်းစား Ketamine Hydrochloride (k) မူးယစ်ဆေးဝါးသည် လူများ မသုံးသင့်သော မူးယစ်ဆေးဝါး တစ်မျိုးဖြစ်ပြီး တိရိစ္ဆာန် ခွဲစိတ်သည့် အခါတွင်သုံးသော မူးယစ်ဆေးဝါး တစ်မျိုးဖြစ်သည်။

မူးယစ်ဆေးဝါးနယ်မြေ ဖြင့် သတိပေးစား ကပ်ထား

K မူးယစ်ဆေးဝါးသည် ထိုင်းနိုင်ငံတွင် နာမည်ကြီးနေသည့် မူးယစ်ဆေးဖြစ်ပြီး၊ ထိုင်းနိုင်ငံ နာမည်ကြီးသည့်သူများ၊ ပိုက်ဆံရှိသည့်သူများသာ အသုံးပြုသည့် မူးယစ်ဆေးဖြစ်သည်။

ထိုမူးယစ်ဆေးသည် ထိုင်းနိုင်ငံတွင် ကာလပေါက်စျေး အနေဖြင့် တကီလိုလျှင် ဘတ် (၄)သိန်း မြန်မာကျပ်ငွေ ကျပ်သိန်း ၂၀၀ ထိ ရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် သီချင်းဆို (KTV) ဆိုင်များ ၊ ကလပ်ဆိုင်များ အဆမတန် များပြားလာသဖြင့် ရှမ်း၊ တရုတ် လူငယ်များမှ ၎င်းနေရာများတွင် အပျော်ပါးအတွက် မူးယစ်ဆေးဝါးကို အသုံးပြုလာရာ Ketamine Hydrochloride (k) မူးယစ်ဆေးဝါးကြောင့် လူငယ်များ (၁၅) ဦး သေဆုံးနေသည်ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ နယ်မြေ (၁)၊ ၃၄ လမ်းတွင် မူးယစ်ဆေးဝါးများ ပေါများနေပြီး မူးယစ်ဆေးဝါး မျိုးစုံကိုလည်း ရောင်းနေသောကြောင့် ကျောင်းသားများ မလာရန်အတွက် သတိပေးစာများလည်း ကပ်ထားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...