Friday, June 2, 2023

မူးယစ်ဆေးဝါး

မူးယစ်ဆေးသုံးစွဲသည့် ပုံးအင်းဒေသ အသက်မပြည့် လူငယ်များကို PNO မှ ဖမ်းဆီး ငွေတောင်း

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသော အသက်မပြည့်သေးသည့် လူငယ် ၃ ဦး အပါအဝင် အမျိုးသား ၁ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်တောင်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်တပတ်အတွင်း ညသန်းခေါင်၌ ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ...

ခေတ်ပျက်ကြားထဲ မူးယစ်ဆေးဒဏ်ပါခံနေရတဲ့ ပုံးအင်းတောင်သူ

လယ်ယာခင်းထဲက ခြုံပုတ်၊ မြက်ရိုင်းတွေကို ဓားရှည်တလက် နဲ့ အမျိုးသမီး တစ်ယောက်ဟာ ရှိသမျှ အားထုတ်ကာ နွေရာသီရဲ့ ပြင်းရှရှ အပူရှိန်ကို မမူနိုင်ဘဲ ခုတ်ထွင် ရှင်းလင်းနေပါတယ်။ အရင်က လယ်ယာခင်းတွေထဲရှိ ခြုံ၊ မြက်ရိုင်းတွေကို ဓားရှည် တလက် နဲ့ ရှင်းလင်းတဲ့ အလုပ်ကို အမျိုးသားတွေကိုသာ...

ရှုပ်ထွေးတဲ့ နိုင်ငံရေးကြား ဘိန်းစိုက်ပျိုးမှု တဖန်ပြန်ရှင်သန်လာ

တောင်တန်းတွေ အကြားမှာ အရမ်းကို လှပတဲ့ ရောင်စုံပန်းတွေဟာ ပန်းဥယျာဥ်ခြံ အလား ထင်ရအောင် ဝေဝေဆာဆာ ဖူးပွင့်နေကြပါတယ်။ အလှမ်းဝေးတဲ့ နေရာကနေ ကြည့်ရင်တော့ ရောင်စုံ အလှပန်းများလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ အလှပန်း စိုက်တဲ့ခြံမဟုတ်ဘဲ ဘိန်းစိုက်ခင်းတွေသာ ဖြစ်ပါတယ်။ ဘိန်းစိုက်ခင်း အဲ့ဒီ ရောင်စုံပန်းလို့ထင်ရတဲ့ ဘိန်းစိုက်ခင်းတွေဟာ...

ရပ်စောက်မြို့နယ် ရဲများကို အခွန်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချနေ

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာတွင် တာဝန်ရှိ ရဲများကို အခွန်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိသည်။ စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် နီးပါးတွင် ရပ်စောက်မြို့နယ် ကျေးရွာများထဲတွင် မူးယစ်ဆေးဝါးကို ပေါ်တင် ရောင်းဝယ်နေကြကြောင်း သိရသည် ။ “ကျနော်တို့ ကျေးရွာမှာ ရဲတွေကို ပိုက်ဆံပေးပြီး...

မြန်မာ – ထိုင်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါးဆက်တိုက်ဖမ်းမိ

မြန်မာ - ထိုင်း နယ်စပ်မျဥ်းတလျှောက်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နှင့် ထိုင်းရဲတပ်ဖွဲ့များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ရက်တပတ်အတွင်းတွင် မြန်မာဘက်မှ သယ်လာသည်ဟု ယူဆရသည့် မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ် ဖြတ်ကျော်သယ်ဆောင်လာသောအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် သေဆုံးသူ (၁၁) ဦးခန့် ရှိခဲ့သည်။ ယမန်နေ့...

ရွှေညောင်မြို့ လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ခုတ်သတ်

သျှမ်းပြည် တောင်ကြီးခရိုင် ရွှေညောင်မြို့ အောင်သပြေဂိတ် အနီးရှိ ဆည်မြောင်းဝန်ထမ်း အိမ်ရာလိုင်းခန်းတွင် လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၉ ရက် ညနေ ၉ နာရီဝန်းကျင်တွင် ရွှေညောင်မြို့...

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး တပ်ဆုတ်ခိုင်းခြင်း လက်မခံဟု SSPP ပြောဆို

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ ဆနင်း နှင့် ဖောင်းဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မည်ကို အကြောင်းပြပြီး အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် တပ်များကို ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှုကို လက်မခံကြောင်း SSPP/SSA က တုံ့ပြန်ပြောဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီ၏...

မူဆယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မင်္ဂလာမူဆယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းအချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် သေဆုံးနေသော အသက် ၃၀ နှစ်အရွယ် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း မူဆယ်နှလုံးလှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက...

Happy Water စိတ်ကြွဆေးရည် သောက်ပြီး အမျိုးသမီးတစ်ဦး သတိလစ် ဆေးရုံတင်ရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ Bar ဆိုင်တစ်နေရာတွင် Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးတစ်ဦး သတိမေ့သွားပြီး ဆေးရုံတင်လိုက်ရကြောင်း သတင်းသိရှိရသည်။ ယခု (ဒီဇင်ဘာလ) ပထမပတ်အတွင်း တာချီလိတ်မြို့ Bar ဆိုင်တစ်နေရာတွင် သွားရောက်လည်ပတ်ခဲ့ရာ အသက် ၁၇ နှစ်...

တာချီလိတ်မြို့ ကားမီးရှို့ရန် ကြိုးစားနေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ပြန်လွှတ်ပေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်ရှိ (A389 bar) အနီးပတ်ဝန်းကျင်၌ ရပ်ထားသော ကားတစ်စီးကို အမည်မသိ အမျိုးသားတစ်ဦးက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းအချိန်က (A389 bar) ဆိုင်ရှေ့တွင် ရပ်ထားသည့် ကားတစ်စီးကို အသက် (၃၀)...

Latest news