ထိုင်းနှင့်တရုတ် နယ်စပ် မြန်မာဘက်ခြမ်းရှိ KTV များတွင် မူးယစ်ဆေးဝါးရောင်းချမှု မြင့်တက်လာ

ထိုင်းနှင့် တရုတ် နယ်စပ် တကြော မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေတီဗွီ (KTV )များ ၌ မူးယစ်ဆေးဝါး ရောင်းချမှု ပိုမိုမြင့်တက်သည်ဟု စုံစမ်းသိရသည်။

မြန်မာသျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊နားကောင်းမူးမြို့များတွင် စစ်အာဏာသိမ်းပြီးနောက် KTV ဖွင့်လှစ်မှုများပြားပြီး ထိုထဲတွင် မူးယစ်ဆေးဝါးများ ထည့်သွင်း ရောင်းချလာကြောင်း တာချီလိတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူစစ် ပူပေါင်းပြီး KTV တွင် မူးယစ်ဆေးကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေပြီး၊ ၎င်းနေရာတွင် စိတ်ကြွဆေးဝါးများကို အလွယ်တကူသုံးစွဲနိုင်ကြသည်ဟု ၎င်းက ဆက်ပြောသည်။

ထို KTV ထဲတွင် Ketamine Hydrochloride (K) မူးယစ်ဆေးဝါးသည် အဖြူရောင်အမှုန့် ဖြစ်ပြီး နှာခေါင်းရှူရှိုက်ရသည့် စိတ်ကြွမူးယစ်ဆေးတစ်မျိုး၊ Happy Water ဆိုသည် ကော်ဖီအမှုန့်ပုံစံ ကော်ဖီ အနံ့ နှင့် သစ်သီးအနံ့ အရသာ အမျိုးမျိုးရှိပြီး ကော့တေးခွက် ပမဏကို ကျွဲရိုင်းအချိုရည်ဖြင့်ရောကာ သောက်သုံးကြသည့် မူးယစ်ဆေးတမျိုး ကို ထည့်သွင်းရောင်းချနေသည်။

K- မူးယစ်ဆေး

“အခုက KTV ကို ပိုဖွင့်လာတယ် အရင်နှစ်ထက်ပိုများပြီး လူငယ်တွေ အရမ်းသွားကြတယ်။ ဘာလို့ဆို အဲ့မှာက မူးယစ်ဆေးတွေ စိတ်တိုင်းကျသုံးလိုရတယ်။ သျှမ်းရှေ့တကြောမှာ တခြားနယ်က အလုပ်လာလုပ်တဲ့သူတွေ များတော့ ပိုဆိုးတာပေါ့။ အရင်နှစ်ကတောင် ခဲအရမ်းသုံးလို့ သေသွားတဲ့သူရှိတယ် ဒါကို ဘယ်သူမှ အရေးယူဆောင်ရွက်မှုမရှိကြဘူး၊ လူငယ်တွေကို အရမ်းပျက်စီးစေတယ်”ဟု ၎င်း ပြောသည်။

သျှမ်းရှေ့တကြောတွင် ကျားဖြန့်လုပ်ငန်း၊ အွန်လိုင်းဂိမ်းလုပ်ကိုင်သူများနှင့် KTV အများပြားပိုတွေ့ရသည်။

ထိုKTVအခန်းဈေးနှုန်းများသည် ထိုင်းဘတ် ၃ထောင်၊ ၈ ထောင် နှင့် ၁သောင်းခွဲအထိ ဈေးနှုန်း အစားစားရှိကြောင်း ၊ အမျိုးသမီးကို အပျော်အပါးခေါ်နိုင်လျှင် တစ်ဦး ဘတ် ငါးရာ (မြန်မာကျပ်ငွေ ၅သောင်း) မှ ဘတ်တစ်ထောင် (မြန်မာကျပ်ငွေ တစ်သိန်း) ခေါ်ယူနိုင်းကြောင်း ၎င်းက ပြောသည်။

အလားတူ မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင်လည်း KTV ဖွင့်လှစ်မှုနှုန်း မြင့်တက်လာပြီး မူးယစ်ဆေးဝါးများကိုလည်း စိတ်ကြိုက်သုံးစွဲသည်။

ထိုနေရာသို့ အများဆုံးသွားသူများသည် ကျားဖြန့်လုပ်ကိုင်သူ၊ အွန်လိုင်းဂိမ်းလုပ်ကိုင်သူများသာ သွားနိုင်ကြောင်း မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။

ကလပ်ဆိုင်မှာ တွေ့ရတဲ့ လူငယ်တွေ

အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးသည် KTV ဆိုင်၊ ကလပ် (Club)၊ ဘား (Bar) ဆိုင်များတွင် အများဆုံးတွေ့ရပြီး (K)၊ (E) နှင့် Happy water ဟုနာမည် အမျိုးမျိုးပေးကာ လူငယ်များကြားထဲ၌ အချင်းချင်း ရေပန်းစားပြောဆိုနေကြပြီး သုံးစွဲနေကြသည်။

“မူဆယ်မှာက တရုတ်နဲ့နီးတော့ တရုတ်လူမျိုးတွေပိုလာတယ်။ ကျားဖြန့်လုပ်ကိုင်သူများတော့ သူတို့လည်း တော်တော်လာတာတွေ့ရတယ်။ ဘာလိုဆို ဝင်ငွေပိုကောင်းတဲ့သူက ပိုလာတာပေါ့။ အခုလူငယ်တွေ မထိန်းနိုင်တော့ဘူး အရမ်းကို လွပ်လပ်ကြပြီး လုပ်ချင်တာပဲ လုပ်ကြတော့တယ်။ တိုင်းရင်းသား နက်လက်ကိုင်များတော့ ပိုဆိုးလာတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် (စက်တင်ဘာလ ၁၇)ရက်နေ့ မူဆယ်မြို့ရှိ KTV တစ်ခုတွင် အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးသည် (ရွှေ) ဟု နာမည်ရသည့် စိတ်ကြွမူးယစ်ဆေးဝါးကို သုံးစွဲကာ မိနစ်ပိုင်းအကြာ သတိမေ့လစ်သွားပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်တလျောက်ရှိ မူဆယ်မြို့အပြင် တာချီလိတ်မြို့စသည့် မြို့ကြီးတွင် နေရာအနှံ့ဝယ်ယူ၍ ရနေပြီး အဆိုပါ စိတ်ကြွ မူးယစ်ဆေးဝါးကြောင့် လူသေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...