Monday, January 26, 2026

မူဆယ်မြို့ မူးယစ်ရဲတစ်ဦး အနီးကပ် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ကင်းလှည့်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ (၂) ရက် ညနေ ၃ နာရီကျော်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ရာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ညနေ ၃ နာရီကျော်လောက်က သေနတ်သံထွက်တာ ကြားတယ်။ သေနတ်မှန်တာ မူးယစ်ရဲ နယ်မြေမှူး အနီးကပ် ပစ်သတ်ခံရသူ၊ မန့်ဝိန်းနဲ့ စွမ်စော်ဘက်မှာ ကင်းလှည့်ပြီး လိုက်ဖမ်းနေတဲ့ မူးယစ်ရဲလို့ ပြောတယ်။ ဘာကြောင့်ပစ်ခံရလဲတော့ မသိဘူး”ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အနီးကပ်ပစ်ခတ် လုပ်ကြံခံရသည့် ၎င်းမူးယစ်ရဲသည် နားထင်နှင့် နားရွက်အောက်တွင် သေနတ်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ဖြစ်စဉ်အသေးစိတ်ကို မသိရှိရဘဲ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

အလားတူ ဇန်နဝါရီလ (၁၉) ရက်ကလည်း မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဧက (၄၀) ဘက်တွင် စစ်ကောင်စီလက်အောက်ခံ မန်ပြိန်းပြည်သူ့စစအဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် အရက်သောက်သုံးပြီးနောက် သေနတ်ဖြင့် အချင်းချင်း လိုက်လံပစ်ခတ်ခဲ့ရာ ပြည်သူ့စစ်တစ်ဦး သေဆုံးသွားပြီး ၎င်းရုပ်အလောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

၎င်းနောက် ပြည်သူ့စစ်အဖွဲ့ဝင်အချင်းချင်း သေနတ်ပစ်ခတ်၍ သေဆုံးခဲ့သူကို မီးရှို့အလောင်းဖျက်ရန် ကျူးလွန်သူများအား စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိပြီး မည်ကဲ့သို့ ဆက်လက်အရေးယူ ဆောင်ရွက်နေသည်ကို မသိရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...