မိုင်းဆတ်မြို့ မူးယစ်ဆေးဝါးသုံးစွဲသူများလာ ဒေသခံများ စိတ်မလုံခြုံ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ပေါ် ရှိ ရပ်ကွက် (၇) ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာပြီး တုတ်၊ ဓား များကိုင်ဆောင်သွားလာမှုကြောင့် ဒေသခံများ စိတ်လုံခြုံမှု မရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲသူများသည် အိမ်ခြေရာမဲ့များ ဖြစ်ကြပြီး ညအချိန်မှာ ဒေသခံများ၏ နေအိမ်ရှေ့၊ ရေနုတ်မြောင်းများ၊ အိမ်နောက်ဖေးလမ်းကြားများစသည့် မှောင်ရိပ်ခိုပြီး အုပ်စုဖွဲ့ နေထိုင်ကြကြောင်း မိုင်းဆတ်မြို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့မနက် သြဂုတ် (၁၅) ရက် လည်း ကျနော် အိမ်ရှေ့မှာ တစ်ယောက်ဆုံးသွားတာရှိတယ်၊ ဘယ်လို လုပ်မယ်ဆိုတာ မသိသေးဘူး။ သူတို့က အုပ်စုဖွဲ့ပြီး နေထိုင်ကြတာ။ မြို့ပေါ်မှာ နေ့ ည သွားလာနေကြတာ။ ပြည်သူတွေအတွက်က လုံခြုံမှု လုံးဝမရှိတော့ဘူး” ဟု မိုင်းဆတ်မြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ပြည်သူနေအိမ်ရှေ့မှာ မူးယစ်ဆေးဝါးသုံးစွဲ

ထို မူးယစ်ဆေးဝါး သုံးစွဲသူများကို လက်ရှိချိန်ထိ တာဝန်ရှိသူများ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိပေ။

“၂ နှစ်ကျော်လောက်ရှိပြီ ဒီလိုဖြစ်တာက။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်ကျေး တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တွေ စည်ပင်တွေ နဲ့ စည်းဝေးလုပ်ဖူးတယ်။ သူတို့ကို ဖမ်းပြီး ကျွေးမွေးဖို့က စားစရိတ်က ခက်ခဲတယ်။ ဒီသူတွေကို မိုင်းဆတ် ဒေသခံတွဖြစ်ရင် သူတို့ မိဘတွေကို ပြန်လွှဲပေးမယ်။ ဒေသခံ တွေမဟုတ်ရင်သူတို့မြို့ သူတို့ရွာကို ပြန်ဖို့အတွက် စားစရိတ်တွေပေးပြီး ပြန်ပို့ပေးမယ်ဆိုတာ ဆွေးနွေးခဲ့ဖူးတယ်။ နောက်ဆုံး ဘယ်သူမှလည်း တာဝန်ယူလုပ်ဆောင်တာမရှိဘူး” ဟု မိုင်းဆတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာသဖြင့် မီးသဂြိုလ်စက်ရှိရာ အလှူခံ သေတ္တာများ၊ မီးကြိုးများ၊ ဒီဇယ်ဆီများ၊ ဘတ္ထရီအိုး နှင့် အခြား ပစ္စည်းများခိုးယူခြင်း၊ အိမ်ရှေ့ ရေမြောင်းဖုံးသံဇကာများ၊ လျှပ်စစ်ဌာနမှ ထရန်စဖော်မာများ ကာရန်ထားသော သံဇကာများ၊ မိုးကြိုးလွှဲများ နေ့စဥ် ခိုးယူမှု ကြုံတွေ့နေရကြောင်း ၎င်းအမျိုးသားက ပြောသည်။

“သူတို့လာနေတဲ့ အိမ်ရှေ့ ဆိုင်ရှေ့တွေမှာဆိုရင်လည်း လုံခြုံရေးတွေ စိုးရိမ်မှုရှိတယ်။ အိမ်ပြင် ထွက်မယ်ဆို မိန်းကလေးတွေဖြစ်ရင် တစ်ယောက်တည်း ထွက်လို့မရဘူး။ သူတို့က အိမ်ရှေ့တွေမှာပဲ ရှိထားတော့ စိုးရိမ်ရတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများကို သွားရောက်ဖမ်းဆီးရန်အတွက် အခက်အခဲရှိပြီး ၎င်းတို့သည် အုပ်စုဖွဲ့ နေထိုင်သဖြင့် သွားရောက်ဖမ်းဆီးရန်အတွက်လည်း ခက်ခဲနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲနေပုံ

“သွားဖမ်းဖို့ဆိုလည်း ခက်ခဲတယ်။ သူတို့က အုပ်စုဖွဲ့နေထိုင်ကြတာ။ တုတ် တွေ ဓားတွေလည်းရှိတယ်။ လူ (၅) ယောက် (၁၀) ယောက်လောက်နဲ့ သူတို့ကို သွားဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စည်းလုံးညီညွတ်မှုမရှိရင် ခက်ခဲတယ်။ ရဲတွေလက်ထဲအပ်ရင်လည်း အကျဥ်းကျတဲ့ သူတစ်ယောက်ဆို တစ်နပ်ကို ၁ ထောင်ပဲ ကျွေးမွေးဖို့ရှိတယ်။ သူတို့လည်း ကျွေးမွေးဖို့ မတတ်နိုင်ဘူး” ဟု မိုင်းဆတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦး ကပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ မြို့နယ် အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများပြားလာပြီး ပစ္စည်းခိုးယူခံရမှုလည်း များပြားလာသည့်အတွက် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပြီး လုံခြုံရေး ကင်းမဲ့သလို ခံစားရကြောင်းလည်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...