Tuesday, January 27, 2026

နောင်ချိုမြို့နယ်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ထက် များလာ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါး လာသောကြောင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ယခင်ကထက် ပိုများလာကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုမြို့တွင် လူငယ်အများစု မူးယစ်ဆေးသုံးစွဲနေကြပြီး ဆေးဝယ်ယူရန် လွယ်ကူသည့်အပြင် လူမြင်ကွင်းနေရာများပါ မူးယစ်ဆေးသုံးစွဲနေလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ နောင်ချိုမြို့နယ်မှာဆိုရင် လူငယ်တွေအများစုက မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။ အသက် ၂၀ ကျော်တွေလည်း ရှိတယ်။ လယ်ကွင်းထဲမှာကော၊ နေရာတော်တော်များများမှာ မူးယစ်ဆေးသုံးနေတာ တွေ့ရတယ်” ဟု နောင်ချိုမြို့ ဒေသခံ ပရဟိတအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

နောင်ချိုမြို့တွင် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာသောကြောင့် လူငယ်များက မူးယစ်ဆေးဝါးသုံးစွဲမှု များလာကြောင်း သိရသည်။

“လူငယ်တွေက အလုပ်မရှိကြဘူး။ စိတ်လေတော့ မူးယစ်ဆေးသွားသုံးကြတာ။ သုံးတဲ့သူလည်း များလိုက်တာ။ ဝယ်ရတာလည်း လွယ်တော့ လူငယ်တွေကလည်း ဝယ်သုံးနေကြတယ်။ ထိန်းမရတော့တဲ့ အထိရှိတယ်” ဟု အထက်ပါ ပရဟိတလုပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးတွေ ကျဆင်းလာပြီး အလုပ်အကိုင်အခွင့်လမ်း ကျဆင်း လာသောကြောင့် လူငယ်များ မူးယစ်ဆေးသုံးစွဲမှု များလာကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာတွင်ရှိသည့် ဖုန်းဆိုင်တစ်ဆိုင်လည်း ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

နိုင်ငံကူးလက်မှတ်ရရှိရေး လူငယ်များ အလုအယက်ကြိုးပမ်း

0
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် အလုအယက် ကြိုးစားနေကြကြောင်း သိရသည်။ သျှမ်းပြည် တောင်ကြီးမြို့ရှိ လဝကရုံးတွင် Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စပို့ လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းသာ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...