မူးယစ်ဆေး
ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ
SHAN -
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...
ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ
SHAN -
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...
တာချီလိတ်မြို့နယ် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်အတူ အမျိုးသား ၇ ဦးကိုဖမ်းမိ
SHAN -
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ၆ ဘီလီယံကျော်တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုနှင့်အတူ အမျိုးသား ၇ ဦးကို ဖမ်းမိရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄...
ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ
SHAN -
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...
ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီး ဘိန်းဖြူများ ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၆၄ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း) ကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့တွင်...
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် စိတ်ကြွဆေးပြား အများအပြားဖမ်းမိ
SHAN -
ထိုင်း-မြန်မာ-လာအို (၃) နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှလာသည့် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်အတွင်းရှိ...
စစ်ကော်မရှင်ထိန်းချုပ် လားရှိုးမြို့ ဒေသခံတစ်ဦးထံ စိတ်ကြွဆေးပြား လေးထောင်ကျော်ဖမ်းမိ
SHAN -
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် လာရှိုးမြို့တွင် မူးယစ်ဆေး( စိတ်ကြွရူးသွပ်ဆေး) ၇,၄၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၇၄ သိန်း)ကို သိမ်းဆည်းရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေးများကို စက်တင်ဘာ ၁၄ ရက်က လားရှိုးမြို့ ရပ်ကွက် (၁၂) ဟက်ကာကျေးရွာနေ...
မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းဖမ်းမိ
SHAN -
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် Wiang Kaen မြို့နယ်နှင့် Chiang Khong မြို့နယ်ရှိ မဲခေါင်မြစ်မှတစ်ဆင့် ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါမူးယစ်ဆေးဝါးများကို (စက်တင်ဘာလ ၁၂ ရက်)က ချင်းရိုင်ခရိုင် Chiang Khong မြို့နယ်တွင်...
ကြက်မောက်ရည်ဗူးထဲ မူးယစ်ဆေးထည့် သယ်လာသည့် မြန်မာအမျိုးသမီး မယ်ဆိုင်မှာ ဖမ်းဆီးခံရ
SHAN -
တာချီလိတ်-မယ်ဆိုင် နယ်စပ်စစ်ဆေးရေးဂိတ်တွင် ကြက်မောက်ရည်ဗူးထဲ စိတ်ကြွဆေးပြား တစ်သိန်း ခန့် ဝှက်ပြီး သယ်ဆောင်လာသည့် မြန်မာအမျိုးသမီးတစ်ဦးကို မယ်ဆိုင်အကောက်ခွန်စစ်ဆေးရေးဌာနက ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါးသတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အသက် (၁၈) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး၏...
မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...





