Tuesday, January 27, 2026

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ရဲအဖွဲ့များသည် မူးယစ်ဆေးဝါးရောင်းဝယ်မှု သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး မက်သာဖက်တမင်း ၄၆၉ ကီလိုဂရမ်ကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်အခြေစိုက် သတင်းတစ်ခုဖြစ်သည့် Chiang Mai News သတင်းဌာနတွင် ရေးသားဖော်ပြသည်။

ယင်းဖမ်းဆီးမှုသည် ပြီးခဲ့သော နိုဝင်ဘာလ ၆ ရက်တွင် ချင်းမိုင်မြို့ ကတ်မိန်းမိုင်ဈေး (Muang Mai Market)ရှိ ကုန်စည်ပို့ဆောင်ရေး ဂိတ်တစ်ခုတွင် ဝင်ရောက်ဖမ်းဆီးရမိပြီးနောက် ထပ်မံဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

စုံစမ်းစစ်ဆေးမှုများအရ မစ္စတာဒါနိုင်း (Danai) နှင့် ၎င်း၏ အပေါင်းအပါများဖြစ်သည့် မစ္စတာဆမ် (Sam) နျင့် မစ္စတာချိုင် (Chai) တို့သည် ခြင်းတောင်း ၁၀၆ ခုအနက် ၆၂ ခုအတွင်း ဝှက်ထားသော မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို သယ်ယူနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

ယခုနှစ်အစောပိုင်းတွင်လည်း မယ်ဟောင်ဆောင်ခရိုင် Khun Yuam မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးဝါး ၆၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများအရ ချင်းမိုင်နှင့် မယ်ဟော်ဆောင် ခရိုင်တွင် လှုပ်ရှားနေသော “Kawin Cowboy Kaew” နှင့် “Kamnan Tui” တို့၏ ကွန်ရက်များဖြစ်ကြောင်း Chiang Mai News သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

၎င်းတို့သည် ချင်းမိုင်နှင့် မယ်ဟော်ဆောင် ခရိုင်တွင် စိုက်ပျိုးရေးထွက်ကုန်များကြား မူးယစ်ဆေးဝါးများ ဝှက်၍ လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်းဆိုသည်။

ထိုင်းအာဏာပိုင်းများကလည်း မူးယစ်ဆေးဝါး ပို့ဆောင်ရန် စေခိုင်းသူကို ဖော်ထုတ်ပြီး ဥပဒေအရေ အရေးယူရန် ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသော မက်သာဖက်သမင်း အများစုကို တတိယနိုင်ငံသို့ တင်ပို့ပြီး ပြည်တွင်း၌ တစ်ကီလိုဂရမ်လျှင် ဘတ်ငါးသိန်း (၅၀၀,၀၀၀) ခန့် တန်ဖိုးရှိကြောင်း သိရသည်။ ထိုမူးယစ်ဆေးဝါးများကို အင်ဒိုနီးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်အပါအဝင် တတိယနိုင်ငံများသို့ ရောက်ရှိပါက ဈေးနှုန်း ၁၀ တိုးမြှင့်လာကြောင်း ဆိုသည်။

Drug banner

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...