ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ရဲအဖွဲ့များသည် မူးယစ်ဆေးဝါးရောင်းဝယ်မှု သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး မက်သာဖက်တမင်း ၄၆၉ ကီလိုဂရမ်ကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်အခြေစိုက် သတင်းတစ်ခုဖြစ်သည့် Chiang Mai News သတင်းဌာနတွင် ရေးသားဖော်ပြသည်။

ယင်းဖမ်းဆီးမှုသည် ပြီးခဲ့သော နိုဝင်ဘာလ ၆ ရက်တွင် ချင်းမိုင်မြို့ ကတ်မိန်းမိုင်ဈေး (Muang Mai Market)ရှိ ကုန်စည်ပို့ဆောင်ရေး ဂိတ်တစ်ခုတွင် ဝင်ရောက်ဖမ်းဆီးရမိပြီးနောက် ထပ်မံဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

စုံစမ်းစစ်ဆေးမှုများအရ မစ္စတာဒါနိုင်း (Danai) နှင့် ၎င်း၏ အပေါင်းအပါများဖြစ်သည့် မစ္စတာဆမ် (Sam) နျင့် မစ္စတာချိုင် (Chai) တို့သည် ခြင်းတောင်း ၁၀၆ ခုအနက် ၆၂ ခုအတွင်း ဝှက်ထားသော မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို သယ်ယူနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

ယခုနှစ်အစောပိုင်းတွင်လည်း မယ်ဟောင်ဆောင်ခရိုင် Khun Yuam မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးဝါး ၆၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများအရ ချင်းမိုင်နှင့် မယ်ဟော်ဆောင် ခရိုင်တွင် လှုပ်ရှားနေသော “Kawin Cowboy Kaew” နှင့် “Kamnan Tui” တို့၏ ကွန်ရက်များဖြစ်ကြောင်း Chiang Mai News သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

၎င်းတို့သည် ချင်းမိုင်နှင့် မယ်ဟော်ဆောင် ခရိုင်တွင် စိုက်ပျိုးရေးထွက်ကုန်များကြား မူးယစ်ဆေးဝါးများ ဝှက်၍ လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်းဆိုသည်။

ထိုင်းအာဏာပိုင်းများကလည်း မူးယစ်ဆေးဝါး ပို့ဆောင်ရန် စေခိုင်းသူကို ဖော်ထုတ်ပြီး ဥပဒေအရေ အရေးယူရန် ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသော မက်သာဖက်သမင်း အများစုကို တတိယနိုင်ငံသို့ တင်ပို့ပြီး ပြည်တွင်း၌ တစ်ကီလိုဂရမ်လျှင် ဘတ်ငါးသိန်း (၅၀၀,၀၀၀) ခန့် တန်ဖိုးရှိကြောင်း သိရသည်။ ထိုမူးယစ်ဆေးဝါးများကို အင်ဒိုနီးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်အပါအဝင် တတိယနိုင်ငံများသို့ ရောက်ရှိပါက ဈေးနှုန်း ၁၀ တိုးမြှင့်လာကြောင်း ဆိုသည်။

Drug banner

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...