စစ်ကော်မရှင် ထိန်းချုပ်ထားသည့် လာရှိုးမြို့တွင် မူးယစ်ဆေး( စိတ်ကြွရူးသွပ်ဆေး) ၇,၄၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၇၄ သိန်း)ကို သိမ်းဆည်းရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါစိတ်ကြွရူးသွပ်ဆေးများကို စက်တင်ဘာ ၁၄ ရက်က လားရှိုးမြို့ ရပ်ကွက် (၁၂) ဟက်ကာကျေးရွာနေ မအားထင် (ခ) ရှောက်လန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ နေအိမ်အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အသက် (၃၀) နှစ် မအားထင် (ခ) ရှောက်လန်အား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမူဖွင့်အရေးယူထားကြောင်း သိရသည်။












Leave a Comments