Friday, October 4, 2024

မူးယစ်ဆေး

စိတ်ကြွဆေးသယ်ဆောင်သူများနှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ ပစ်ခတ်မှုဖြစ် မြန်မာနိုင်ငံသား ၆ ဦးသေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် အမှတ် (၃)ဒေသ ၃၂၀၇ နယ်စပ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မြန်မာဘက်က လက်နတ်ကိုင် မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့သား ၁၀ ဦးဝန်ကျင်တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၆ ဦးသေဆုံးကြောင်း စက်တင်ဘာလ ၉ ရက် ထိုင်းအာဏာပိုင်များက ထုတ်ပြန်လာသည်။ ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ်...

တာချီလိတ်ဘက်ကသွင်းသည့် စိတ်ကြွဆေးပြား ၆ သန်း ထိုင်းရဲဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က ပို့လာသည့် တန်ဖိုးဘတ်ငွေ သန်း ၁ထောင်ကျော်ရှိသည့် စိတ်ကြွဆေး ပြား ၆ သန်းကို ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးဝယ်ယူရောင်းချသည့်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ မူးယစ်ဆေးဝါးတင်သွင်းသူများသည် ဘတ်သန်း ၁ထောင်ကျော် တန်ဖိုးရှိသော...

လင်းခေးမြို့ အမျိုးသားတစ်ဦး လက်လုပ် သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည် လင်းခေးမြို့တွင် ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူယစ်ဆေးဝါးသုံးစွဲသော အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် လက်လုပ် သေနက်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးသည် လက်လုပ်သေနတ်ဖြင့်...

မိုင်းရှူးမြို့ မူးယစ်ဆေး‌ဝါး သုံးစွဲသည့် အမျိုးသားကြောင့် နေအိမ်မီးလောင်

သျှမ်းပြည် မိုင်းရှူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး နေအိမ်ကို မီးရှို့ပြီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၂ ရက်) ည ၉ နာရီခွဲဝန်းကျင်တွင် မိုင်းရှူးမြို့ ရပ်ကွက် (၂) အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသားတစ်ဦးမှ နေအိမ်ကို မီးရှို့ခြင်းကြောင့်...

လားရှိုးရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၁၀၅ ယောက်ကို ဖမ်းဆီးပြီး မိုင်းရယ်သို့ ထပ်မံပို့ဆောင်

သျှမ်းပြည် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မိုင်းရယ်မြို့သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉ ရက်) တွင် လားရှိုးမြို့အနီးတဝိုက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ အမျိုးသား စုစုပေါင်း ၁၀၅ ယောက်ကို ၁၂...

လားရှိုးတွင် မူးယစ်ဆေးကြောင့် ပိုင်ရှင်မဲ့ အလောင်းများ များပြားလာ

သျှမ်းပြည်၊ မြောက်ပိုင်း လားရှိုးမြို့တွင် နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းများ တွေ့ရကြောင်း စုံစမ်းသိရှိရသည်။ လားရှိးမြို့ ယမန်နေ့ (ဇွန်လ ၉) ရက်တွင်   ရပ်ကွက်(၇) ၊ ရွှေဉောင်ပင်လမ်း walf Nest Bar အရှေ့တွင် သေဆုံးနေသော အမျိုးသားအလောင်းတစ်ဦးတွေ့ကြောင်း လားရှိုးလူငယ်များကူညီရေးအဖွဲ့ က သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ ကျနော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ကအကြောင်းကြားလာလို့ပါ။ ဒါကတော့ မထူးဆန်းတော့ဘူး။ မူးယစ်ဆေးတွေ အရမ်းသုံးကြတာဆိုတော့”ဟု လားရှိုးလူငယ်များကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ဆိုသည် ။ အလားတူ   ဇွန်လ( ၈) ရက်နေ့တွင်လည်း လားရှိုးမြို့၊ ရပ်ကွက်(၅) အထက်မန်အိုင် တရုတ်စာသင်ကျောင်းအနီးတွင်လည်း ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသိရသည်။ “မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်သွားရတဲ့ လူငယ်တွေက နိုင်ငံရေး ၊ စီးပွားရေး အခြေနေတွေ ပြီးတော့ အလုပ်အကိုင် အခွင့်အလန်းရှားပါးတာတွေ လုပ်အားခ နဲ့ မိသားစု အသုံးစရိတ်မမျှတတာတွေ ကြောင့် လူငယ်တွေ ဒီလိုလမ်းမှားရောက် အောင်ပို့ပေးဖို့ တွန်းအားပေးတယ်လို့ထင်တယ်” ဟု လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထိုပိုင်ရှင်မဲ့အလောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်ပြီး လားရှိုးပြည်သူ့ဆေးရုံမှ တဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။  သျှမ်းပြည် မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး”တွင် လားရှိုးမြို့သည် စစ်ရေးပဋိပက္ခ တွင် မပါဝင်ခဲ့သည့် မြို့ဖြစ်ကြောင်း၊ ထိုဒေသတွင်...

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

လားရှိုး ရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၂၀၀ ကျော်ကို ဖမ်းဆီးပြီး မိုင်းရယ်သို့ ပို့ဆောင်

သျှမ်းပြည် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူများကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီး၍ မိုင်းရယ်မြို့သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၀ ရက်) နေ့လည် ၂ နာရီကျော်တွင် လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ အမျိုးသား စုစုပေါင်း ၂၀၀ ကျော်ကို ၁၂...

အမျိုးသားတစ်ဦး ကမ္ဘောဇဘဏ်ထဲသို့ ဝင်ရောက်သောင်းကျန်း

သျှမ်းပြည် ပင်လုံမြို့တွင် မူယစ်ဆေးသုံးစွဲထားသူဟု ယူဆရသည့် အမျိုးသားတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၁၇)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ကမ္ဘောဇ (KBZ )ဘဏ်ထဲသို့ ဝင်ရောက်သောင်းကျန်းခဲ့သည့် အတွက်ကြောင့် ပြည်သူများထိန့်လန့်နေကြောင်း သိရသည်။ သျှမ်းပြည် ပင်လုံမြို့ ရပ်ကွက် ၁ ရှိ KBZ ဘဏ်ကို ယနေ့...

မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်သုံးစွဲပြီး ညအချိန်မတော် ဆူညံမှုပြုလုပ်နေ

သျှမ်းပြည် မိုင်းဖြတ်မြို့နယ် ကျေးရွာအတွင်း စိတ်ကြွဆေးရည်ဖြစ်သည့် K နှင့် Happy Water ကို အလွန်အကျွံသုံးစွဲပြီး သီချင်းကိုအသံချဲစက်ဖြင့် ဖွင့်ကာ ကခုန်နေကြကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။ Happy Water မူးယစ်ဆေးသည် ကော်ဖီအမှုန့်ပုံစံ ကော်ဖီနှင့် သစ်သီးအနံ့ အရသာ (၂) မျိုးရှိပြီး ကော့တေးခွက်...

Latest news