မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားကြောင့် သျှမ်းပြည်တွင် ခိုးဆိုးလုယက်မှုများ မြင့်တက်

သျှမ်းပြည်အတွင်း အလုပ်အကိုင်မတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အွန်လိုင်း လောင်းကစား ဂိမ်းများ ပျံ့နှံ့လာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်အတွင်း ခိုးဆိုးလုယက်မှု ကျူးလွန်သူအများစုသည် အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်၊လူလတ်ပိုင်းများဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားများကြောင့် ငွေကြေး လိုအပ်ရာမှ ပြစ်မှုကျူးလွန်မှု ဖြစ်ပွားလာရကြောင်း အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အလုပ်လုပ်နေတဲ့သူတွေက သူတို့ရဲ့ ပုံမှန်ဝင်ငွေနဲ့ ရပ်တည်နေကြပါတယ်။ ဒါပေမယ့် တချို့ကြတော့ အလုပ်မလုပ်ဘဲ အွန်လိုင်းဂိမ်းတွေဆော့တာ၊ မူးယစ်ဆေးဝါး သုံးစွဲတာတွေ များလာတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်လာတာလို့ မြင်ပါတယ်။ အရင်တုန်းက ခိုးဆိုးတာက ရှိတော့ ရှိတယ်။ ခုလိုမများခဲ့ဘူး။” ဟု အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နှင့် တာချီလိတ်မြို့နယ်တို့တွင်လည်း အလုပ်အကိုင်ရှားပါးလာခြင်း နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကြောင့် ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း ကျိုင်းတုံမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အရင်ကတော့ ဆိုင်ကယ်ခိုးတာလောက်ပဲ ရှိတယ်။ခုက မြို့လည်ခေါင်မှာ ဓားပြတိုက်တဲ့ အဆင့်ထိဖြစ်နေတာလေ။အရင်ကဆို မရှိသလောက် ရှားတဲ့ဖြစ်စဉ်တွေပါ။ အခုက လူလစ်ရင် အိမ်ထဲထိ ဝင်ခိုးမယ်၊ ပိုင်ရှင် တည့်တိုးရင် ဓားတွေ၊ တုတ်တွေနဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်တဲ့ အခြေအနေအထိ ဖြစ်လာတယ်” ဟု ကျိုင်းတုံမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ နေအိမ်များအတွင်း ဝင်ရောက်ခိုးယူခြင်း၊ ပိုင်ရှင်များကို လက်နက်ဖြင့် ခြိမ်းခြောက် လုယက်ခြင်းများ ပိုမိုဖြစ်ပွားလာနေပြီး CCTV မှတ်တမ်းများတွင်လည်း လူ ၂ ဦးမှ ၄ ဦးခန့် အုပ်စုဖွဲ့ ကျူးလွန်သည့် ဖြစ်စဉ်များကို တွေ့ရှိရကြောင်း ၎င်းကပြောသည်။

အလားတူ မူဆယ်မြို့နယ်တွင်လည်း အွန်လိုင်းလောင်းကစားဂိမ်းများ၊ ပြင်ပလောင်းကစားများနှင့် မူးယစ်ဆေးဝါးပြဿနာတို့ကြောင့် ခိုးဆိုးလုယက်ခြင်း နှင့် ဓားပြတိုက်မှု မြင့်တက်လာရကြောင်း မူဆယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ပုံမှန်အလုပ်လုပ်နေတဲ့သူတွေကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြတာ။ဒါပေမယ့် အွန်လိုင်းလောင်းကစားတွေ ဆော့လာကြတာ မူးယစ်တွေသုံးလာတဲ့နောက် ခိုးဆိုးလုယက်တာတွေနဲံ ဓားပြတိုက်တာတွေဖြစ်လာကြတယ်။ ကျနော်တို့ ဖမ်းမိတဲ့သူတွေဆိုရင် အသက် ၂၀ ကနေ ၃၅ ကြား အများဆုံးပဲ” ဟု မူဆယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည် ပြည်သူများ၏ လုံခြုံရေး စိုးရိမ်မှု မြင့်တက်လာသဖြင့် ညပိုင်းအချိန်များတွင် သွားလာသူများ လျော့နည်းလာကြောင်း ဒေသခံများက ပြောသည်။

“အခုဆို ည ၇ နာရီနောက်ပိုင်း အသွားအလာ နည်းလာတယ်။ ည ၈ နာရီကျော်ရင် လူသွားလူလာ သိသိသာသာ နည်းသွားပြီ။ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာတယ်” ဟု မူဆယ်မြို့ခံအမျိုးသားတစ်ဉီးက ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစပြီး မြန်မာတဝှမ်းတွင် စီးပွားရေးအခက်အခဲများ နှင့် အတူ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး လက်ရှိတွင် ဒေသအချို့၌ ပြည်သူများ၏ လုံခြုံရေးစိုးရိမ်မှုကို မြင့်တက်စေသည့် အခြေအနေအထိ ဖြစ်ပေါ်လာနေကြောင်း ဒေသခံများကပြောသည်။

သျှမ်းပြည် ဒေသအချို့တွင် စစ်တပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လုံခြုံရေးယူထားသော်လည်း ထိရောက်စွာကိုင်သွယ်နိုင်ခြင်းမရှိသည့်အပြင် တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေပြီး ခိုးခြင်း၊ လုယက်ခြင်း၊ ဓားပြတိုက်ခြင်း နှင့် ပြန်ပေးဆွဲသည်အထိ ရာဇဝတ်မှု ကျူးလွန်ခြင်းများပြားလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...