စစ်ကောင်စီ
နမ့်လန်မြို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ရောက်ရှိ
သျှမ်းပြည် သီပေါမြို့နယ်ရှိ နမ့်လန်မြို့သို့ လားရှိုးမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ထောင်နှင့်ချီ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစ၍ လားရှိုးမြို့တွင် ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲများကြောင့် သီပေါမြို့နယ် နမ့်လန်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ ထောင်နှင့်ချီ ရှိနေပြီး လက်ရှိတွင် ဘုန်းကြီးကျောင်း ၇...
မိုးကုတ်အနောက်ပိုင်းကို စစ်ကောင်စီ လက်နက်ကြီးပစ် မိခင်နှင့်ကလေး ပွဲချင်းပြီး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ လေးရက်ကြာ တစ်ဖက်သက် အပစ်ရပ်ထားစဉ် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် မိခင်နှင့် ကလေး ပွဲချင်းပြီး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ည ၉...
လားရှိုးခံစစ် စစ်ကူနှင့် ဆာလာအိတ်သိန်းချီ လေကြောင်းမှ ပေးပို့
SHAN -
တိုက်ပွဲများ ပြင်းထန်နေသည့် သျှမ်းမြောက်၊ လားရှိုး ခံစစ် အတွက် စစ်ကောင်စီက စစ်ကူ စစ်သားနှင့် ဆာလာအိတ် သိန်းချီ လေကြောင်း အသုံးပြု ပေးပို့နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ပြောသည်။ ညီနောင်မဟာမိတ်တပ်များ အပစ်ရပ်ထားသည့် ကာလ လားရှိုးမြို့...
PNO ထံ စစ်သင်တန်း ၅ရက် တက်ထားသူများ ရှေ့တန်းပို့ခံနေရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်တောင်ဘက် လိန်းညာကျေးရွာအုပ်စုရှိ ဒေသခံများကို ပအိုဝ်း ပြည်သူ့စစ် (PNO) က စစ်သင်တန်း ၅ရက် ပေးပြီးနောက် တိုက်ပွဲဖြစ်ပွားရာ ဆောင်းပြောင်းနှင့် ကရင်နီပြည်များသို့ပို့နေကြောင်း သတင်းရရှိသည်။ စစ်သင်တန်း၅ရက်ကို အတင်းအဓမ္မ တက်ခိုင်းပြီးနောက် ပအိုဝ်းပြည်သူ့စစ် PNO ဒုစစ်ဦးစီးချုပ် နေဝင်းထွန်း၏ အမိန့်ဖြင့် တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းသို့ ပို့ဆောင်စေခဲ့ကြောင်း...
သီပေါမြို့နယ် ဆိုင်ကျော့ စစ်ကောင်စီတပ်စခန်းကို MNDAA ဝင်သိမ်းပိုက်
သျှမ်းပြည် သီပေါမြို့နယ်ရှိ ဆိုင်ကျော့ ကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၃ စခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ပစ်ခတ် သိမ်းယူ ခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆိုင်ကျော့ ကျေးရွာအုပ်စုရှိ ခလရ ၂၃ စစ်ကောင်စီတပ် စခန်းကို...
ကျောက်မဲမြို့ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
သျှမ်းပြည် ကျောက်မဲမြို့ ပန်ပေါင်းရပ်ကွက်အတွင်း ယနေ့ (ဇူလိုင် ၁၅) နေ့လည် ၂ နာရီဝန်းကျင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ထိုသေဆုံးသွားသူ နှင့် ထိခိုက်သွားသည့်သူသည် အမျိုးသားများဖြစ်သည်။ ကျောက်မဲမြို့အတွင်းမှာ စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲပြန်ဖြစ်ပွားနေပြီ မြို့အတွင်း...
လောက်ကိုင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု အရပ်သားတစ်ဦး သေဆုံး MNDAA ထုတ်ပြန်
သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်လာသည်။ ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) နံနက် ၂ နာရီခန့် လူအများ အိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက်သို့ လေကြောင်းဖြင့် နှစ်ကြိမ်...
ညောင်ရွှေတွင် ဆိုင်ကယ်ဖြင့်ကင်းလှည့်နေသည့် PNOတပ်သား တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး
SHAN -
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် နန့်ဗွန်ကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO တိုက်ခိုက်ခံရပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခဲများထံမှသိရသည်။ ဇူလိူင်လ ၁၄ရက် နံနက်ပိုင်း၁၀နာရီအချိန်တွင်ပစ်သတ်ခံခဲ့ရပြီး PNOပြည်သူ့စစ် တပ်သားနှစ်ဦးက ပွဲချင်းသေဆုံးသွားခဲ့ကြောင်း သိရသည်။ "နှစ်ယောက်ပစ်သတ်ခံရတယ်။ပွဲချင်း သေသွားတယ်။တော်လှန်ရေးအဖွဲ့က လာပစ်သတ်သွားတာ"ဟု နန့်ဗွန်ရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ယခုတိုက်ခိုက်မှုသည်...
မိုးကုတ်နှင့် မိုးမိတ်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံး
သျှမ်းပြည် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်တွင်) မိုးကုတ်မြို့ အရှေ့ပိုင်း သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတားရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်...
မဲနယ်တောင်ဒေသတွင် PNOနှင့် စစ်ကောင်စီတို့ ငွေညစ်တောင်းမှုရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် ( PNO) နှင့် စစ်ကောင်စီတို့ဂိတ်လာဖွင့်ပြီး ဒေသခံများထံငွေညစ်မှု မကြာခဏ ရှိနေကြောင်း သိရသည်။ မဲနယ်တောင်ဒေသတိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က လာဖွင့်ခဲ့ပြီး မှတ်ပုံတင်စစ်ဆေးခြင်း၊လိုအပ်သည်ထက်စစ်ဆေးနေသည့် အပြင် ဂိတ်ဖြတ်သန်းသွားလာသူများထံလည်း ငွေညစ်မှု မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ "ပစ္စည်းသယ်သွား သယ်လာသူကို ပိုက်ဆံတောင်းတာတွေရှိတယ်။ကျနော်တို့ သူငယ်ချင်းကိုခေါ်လာတာ ပိုက်ဆံတောင်းတယ်။ကိုယ်က...





