လားရှိုးထောင်ပွင့်၊ အကျဉ်းကျခံသူအားလုံး လွတ်မြောက်

သျှမ်းမြောက်၊ လားရှိုးမြို့၊ ရပ်ကွက်ကြီး (၁၂) အနီးတွင် တည်ရှိသည့် လားရှိုးအကျဥ်းထောင်ကို ယနေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းက ဖွင့်ပေးလိုက် သဖြင့် အကျဉ်းကျခံနေသူ အားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုပြောသည်။

ယနေ့ နံနက်ပိုင်းက အကျဉ်းထောင်အနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကျဉ်းထောင်တွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုများ ရှိခဲ့သဖြင့် ထောင်ကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းကဆိုသည်။

“ထောင်ပိုင်ကြီးနဲ့ ထောင်ဆရာဝန်တွေက မနေ့ကတည်းက ထွက်သွားကြပြီ။ ကျန်ခဲ့တဲ့ အရာရှိငယ်တွေက ထောင်ဖွင့်ပေးလိုက်တာလို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။

လားရှိုးထောင်တွင် ထောင်နှင့်ချီသည့် အကျဉ်းသားများရှိနေပြီး နိုင်ငံရေး အကျဉ်းသား ၄၀၀ ခန့်ရှိရာ အဆက်အသွယ်ရရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း အခြား သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းက အကျဉ်းထောင် အနီးနေ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးမှုများ ရှိခဲ့ပြီး ထောင်မှ လွတ်မြောက်လာသူများ အနေဖြင့် တိုက်ပွဲ ဖြစ်ပွားနေသည့် လားရှိုးမြို့မှ မည်သို့ ထွက်ခွာသည် ဆိုသည်ကိုမူ စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။

လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံ၏ လိုလားချက်အရဟုဆိုကာ ယမန်နေ့ ညပိုင်းက ဝ တပ်ဖွဲ့ ဝင်ရောက်လာပြီးနောက် လားရှိုးမြို့ကို တရားမျှတစွာ အုပ်ချုပ်မည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

လားရှိုးမြို့စောင့်တပ် ဖြစ်သည့် ခလရ (၆၈) တပ်နှင့် ဆင်တောင်တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို တည်ငြိမ်အောင် ထိန်းချုပ်နေကြောင်း ကိုးကန့်တပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...