မိုးကုတ် လက်နက်ကြီးကြောင့် တစ်ရက်တည်း အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦး အပါအဝင် အရပ်သား (၇) ဦး သေဆုံး

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်ဖက်သက် အပစ်ရပ်ထားသည့် နောက်ဆုံးရက်တွင် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦးအပါအဝင် အရပ်သား (၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်) တစ်ရက်တည်းတွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ကုန်းမြင့်သာယာ၊ မင်းတံတား၊ ဖောင်တော်ဦးနှင့် မြို့မရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦး အပါအဝင် အရပ်သား (၇) ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

“လက်နက်ကြီးက ဘယ်ကပစ်လဲ မသိဘူး၊ အိမ်တွေပေါ် လက်နက်ကြီးကျပြီး သေနေတာ နေ့တိုင်းရှိတယ်။ အရင်က မြို့ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာက အခုမြို့ပေါ်ရပ်ကွက်ထဲ ရောက်လာပြီ။ ကုန်းမြင့်သာယာမှာ လက်နက်ကြီးကျပြီး အဘိုးတစ်ယောက် ပွဲချင်းပြီးပဲ၊ ဦးလေး ၂ နဲ့ အဲ့နားမှာ ဆော့နေတဲ့ ဂေါ်ရခါးကလေး တစ်ယောက်လည်း ဆုံးသွားတယ်”ဟု မိုးကုတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးကုတ်မြို့ ကုန်းမြင့်သာယာရပ်ကွက်တွင် လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသူများမှာ အသက် (၇၀)ကျော် ဦးတင်မောင်အေး၊ အသက် (၄၀) ကျော်အရွယ်ရှိ ကိုဇင်၊ ကိုထွေးနှင့် အခြားကလေးငယ်တစ်ဦးတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကုတ်မြို့အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတား၊ ဖော်တော်ဦးဘုရား၊ ဟက်ဖလားနှင့် မြို့မရပ်ကွက်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် မယ်သီလရှင် (၃) ပါးအပါအဝင် အရပ်သား (၉) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှလည်း ထုတ်ပြန်ထားသည်။

အလားတူ မိုးကုတ်မြို့ မစိုးရိမ်ကျောင်းတိုက်၊ ဓမ္မရံသီ ကျောင်းတိုက်၊ လေးမျက်နှာဘုရားနှင့် အကျဉ်းထောင်ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ်လူနေရပ်ကွက်အတွင်း တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြှင့်တက်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

TNLA နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ဘက်တွင် အဝင်အထွက်လမ်းများ ပိတ်ထားခြင်းကြောင့် ရပ်ကွက်အတွင်း ကျန်ရှိနေသေးသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ အခက်အခဲများ ကျပ်တည်းလာကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

လက်ရှိတွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ဗျူဟာတပ်စခန်းကုန်း၊ ခလရ-၇၁/ ၈၈/ ၁၄၈ တို့ကို TNLA နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရေပူနှင့် ညောင်သုံးပင်ဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...