စစ်ကောင်စီ
“နယ်မြေချဲ့ထွင်ရေးက အဓိက ရည်မှန်းချက် ဖြစ်နေတယ်”
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များအကြား ဟိုင်ဂင်သဘောတူညီချက်အရ (၅) ကျော်ကြာ ရပ်တန့်နေခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”သည် ဒုတိယပိုင်းအဖြစ် ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်လာခဲ့သည်။ ယခုတစ်ခါ ပြန်လည်စတင်လာခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရခမ အခြေစိုက်ရာ လားရှိုးမြို့တို့ကို ညီနောင်မဟာမိတ်တပ်များအပြင် မန္တလေး-PDF ၊ မိုးကုတ်ဗျူဟာ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ပူးပေါင်းတပ်တို့လည်း အတူတကွ ပါဝင်တိုက်ခိုက်နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ယခုတိုက်ပွဲများကို “ရှမ်း-မန်း စစ်ဆင်ရေး”အဖြစ် အမည်ပေးထားပြီးမန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ တပ်ရင်းများလည်း ပါဝင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။ “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားစဉ်ကာလနှင့် ဒုတိယပိုင်း ပြန်လည်စတင်လာချိန်တွင် သျှမ်းပြည်မြောက်ပိုင်းရှိ FPNCC မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းကြား နယ်မြေစိုးမိုးမှုနှင့် ပတ်သက်၍ စစ်ရေးပဋိပက္ခ တင်းမာမှုများ ဖြစ်ပွားလာခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်းအတွင်း အတူနေ ညီနောင်တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအပေါ် အမြင်သဘောထားနှင့် မဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား လက်ရှိပြဿနာများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းကိုသျှမ်းသံတော်ဆင့်မှ သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်း ကို ဆက်သွယ်မေးမြန်းထားသည်။ မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး”က စပြောလာတုန်းကဆိုရင် စစ်အာဏာရှင် တော်လှန်ရေး၊ ကျားဖြန့်လုပ်ငန်း ပပျောက်ရေး ဆိုပြီးမှ စတင်လာခဲ့တယ်။ အခုပြန်ဖြစ်နဲ့ ဒုတိယလှိုင်း စစ်ဆင်ရေး ပြဿနာကို ဘယ်လိုထင်မြင်ပါသလဲ။ ဖြေ ။ ။ အခုဖြစ်နေတဲ့ ပြဿနာက လွယ်လွယ်ကူကူ ငြိမ်းသွားမယ့်ပုံစံ မရှိဘူး။ ဘာကြောင့် မရှိဘူးလဲဆိုတော့ အခုဒီမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ TNLA ပါမယ်၊ KIA ပါမယ်၊ နောက်ပြီး SSPP ပါမယ်၊ MNDAA ပါမယ်။ အဲဒီအဖွဲ့ (၄) ဖွဲ့ပေါ့ အဓိကအားဖြင့် ပါဝင်ပတ်သက်နေတဲ့ အထဲမှာ အဓိက ထိုးထွက်လာတာကတော့ TNLA ပေါ့။ TNLA က MNDAA နဲ့လည်း သူက ရန်ဖြစ်တယ်။ SSPP/SSA နဲ့လည်း ရန်ဖြစ်တယ်၊ KIA နဲ့လည်း ရန်ဖြစ်တယ်။ သူ့ရဲ့ ပြဿနာက ဘာလဲဆိုတော့နယ်မြေချဲ့ထွင်ရေးက အဓိက ရည်မှန်းချက် ဖြစ်နေတယ်။ စာထဲမှာတော့ စစ်တပ်ကို အမြစ်ဖြုတ်ရေး သူပြောတာပေါ့၊ တကယ်တမ်းကျတော့ သူကအဲ့လိုမဟုတ်ဘူး။ တကယ်တမ်းကျတော့ သူ့ရဲ့ တအာင်းပြည်နယ် ဖြစ်မြောက်ရေးရယ်၊ နယ်မြေချဲ့ထွင်ရေး အဲ့(၂)ခုကို သူက ပေါင်းထားတာ။ သူ့ရဲ့ တကယ့်ရည်မှန်းချက် အကြီးကြီးဖြစ်တဲ့ ပြည်ထောင်စုအဆင့် စစ်တပ်ကို အမြစ်ဖြုတ်တိုက်ဖျက်ရေးရယ်၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောင်ရေးရယ်ဆိုတာ သူရဲ့ Agenda ထဲမှာ အနောက်မှာပဲ ရှိတာ အရှေ့မှာ မရှိဘူး။ အဲ့တာကြောင့်မလို့ ဒီနေ့ဖြစ်နေတဲ့ ပြဿနာက ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့ (၄) ဖွဲ့က တူတူထိုင်ပြီးတော့ ဘုံရည်မှန်းချက် မဆွဲနိုင်ဘူးဆိုရင် အဲ့ဒီပဋိပက္ခက လွယ်လွယ်နဲ့ သူမပျောက်သွားနိုင်ဘူး။ အဖွဲ့တွေအချင်းချင်းကို အဲ့လိုပဲ ပြောချင်တယ်။ မေး ။ ။ အခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေမှာ သူတို့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းသင့်လဲ။ အခုတိုက်ပွဲဖြစ်ရင် ထိခိုက်နစ်နာမှု အများဆုံးက ပြည်သူတွေဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လုပ်သင့်တာက သူတို့ဘယ်လိုမျိုး ဖြေရှင်းသင့်သလဲ၊ နောက်ထပ် “ဟိုင်ဂင် သဘောတူညီချက်”တွေကော ထပ်ရှိလာနိုင်မလား။ ဖြေ ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခကို သူတို့ဘယ်လို ဖြေရှင်းရမလဲဆိုတာ သူတို့ရဲ့ နယ်မြေစိုးမိုးရေး အာသီသကို ချေဖျက်ပစ်ဖို့လိုမယ်။ချေဖျက်ပြီးရင် လူတွေအားလုံး ကူးလူးဆက်ဆံပြီး လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတစ်ခုကို ကျနော်တို့ ဘယ်လိုလုပ် အတူတူ လက်တွဲပြီး သွားကြမလဲဆိုတဲ့ ရည်မှန်းချက်ကို အခြေခံအနေနဲ့ သူတို့ရှိဖို့လိုတယ်။ အဲ့တာရှိပြီးမှ အဖွဲ့တွေ စုံစုံညီညီ စုစုဝေးဝေးနဲ့ ဆွေးနွေးပြီး သူတို့လမ်းကြောင်းသူတို့ရှာဖို့လိုတာ။ ဘယ်လိုလုပ် အဖြေရှာမလဲဆိုတာ အကျဉ်းချုံး ပြောရရင်တော့ (၁) နယ်မြေစိုးမိုးရေး အာသီသကို ဖျောက်ဖျက်ကြ၊ (၂) ဘုံရည်မှန်းချက်ဖြစ်တဲ့ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ပြီး သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်မလဲဆိုတဲ့ ရည်ရွယ်ချက် အဲ့တာရှိဖို့လိုတယ်၊ အဲ့တာ ရှိရင်တော့သူတို့ထိုင်ပြီး စကားပြောနိုင်မယ်။ နံပါတ်(၂) ဟိုင်ဂင်က ဖြစ်မလား မဖြစ်ဘူးလား ဆိုတာကတော့ ပါဝင်ပတ်သက်နေတဲ့ ညီနောင်သုံးဖော်နဲ့ အစ်ကိုကြီး တရုတ်ရဲ့ အပေးအယူလုပ်မှုအပေါ်မှာ သွားမူတည်မယ်။ သူတို့ ဘယ်လိုအပေးအယူလုပ်မယ်ဆိုတာ ကျယ်ပြန့်တယ်။ ကျယ်ပြန့်တယ်ဆိုတာ နိုင်ငံအချင်းချင်းကြား ဘယ်လိုကူးလူးဆက်ဆံမလဲဆိုတာ ပါမယ်။ အဲ့ထဲမှာ အခုလက်ရှိ အာဏာစွဲကိုင်ထားသေးတဲ့ စစ်တပ်ရဲ့ အာဏာဆက်လက်တည်ရှိရေးလည်း သူကပါမယ်။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အသိအမှတ်ပြုရေးလည်း သူကပါမယ်။ အဲ့ဒီကိစ္စကြီးက လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ရတဲ့ ပုံစံမပေါက်ဘူး။ တရုတ်က ဘယ်လိုပဲ ဖိအားပေးပေး၊ အဓိပ္ပါယ်ပြည့်စုံတဲ့ (၆) ကြိမ်မြောက် ဟိုင်ဂင်တွေ့ဆုံပွဲ ရှိခဲ့ရင်တောင်မှဖြစ်မြောက်ဖို့ ခက်ခဲမယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။ မေး ။ ။ ခုနက ပြောသလိုဆိုရင် TNLA တပ်ဖွဲ့က အခြားအဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခအထိ ဖြစ်နေတဲ့အပေါ်မှာ ပြဿနာက ဘယ်လောက်အထိရှေ့ဆက်ပြီးတော့ ကြီးထွားလာနိုင်မလဲ။ ဖြေ ။ ။ ရှေ့ဆက် ဘာဖြစ်လာနိုင်မလဲဆိုတော့ လက်ရှိပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း ၄ ခုရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်တယ်။ကျယ်ပြန့်တဲ့အမြင် Big Picture ကြီးကို သူတို့မြင်တတ်ရင်တော့ ရှေ့ဆက်ဖြစ်မယ့်ဟာတွေကို သူတို့ဟန့်တားလို့ရမယ်။ အဲ့တာကို ဟန့်တားနိုင်ရင်အချင်းချင်း သဟဇာတဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ ဆွေးနွေးပွဲအဆင့်ကိုလည်း သူတို့ဆက်ပြီးသွားနိုင်မယ်။ အဲ့တာက သူတို့ရဲ့ ပင်ကိုယ်စိတ်ရင်းအပေါ်မှာပဲ မူတည်တယ်။ ခြုံပြောရရင်တော့ နယ်မြေစိုးမိုးရေး အာသီသကို ဖျောက်ဖျက်ကြ၊ ဘုံရည်မှန်းချက် သဟဇာတဖြစ်ရေးကို ဦးတည်ကြပေါ့။ အဲ့ဒီနှစ်ချက်အပေါ်မှာ အခြေခံပြီးတော့ ရှေ့မှာ ဘာဆက်ဖြစ်မလဲဆိုတာ သူက မူတည်မယ်။ တကယ်လို့ အဲ့ဒီနှစ်ခုကို လက်မခံဘဲ သူတို့ မဆွေးနွေးဘူးဆိုရင် ဆက်ပြီးတိုက်မယ်ခိုက်မယ်၊ လူထုတွေလည်း နစ်နာမယ်။ နောက်ပြီး ကိုယ်လိုချင်တဲ့ ရည်မှန်းချက်လည်း မရောက်ဘူး။ မေး ။ ။ နောက်ပြီးတော့ “၁၀၂၇ စစ်ဆင်ရေး”က ဖက်ဒရယ်ပြည်ထောင်စုလိုမျိုး ဖော်ဆောင်သွားနိုင်မလား။ ဒါမှမဟုတ် ကိုယ့်နယ်မြေ ကြီးစိုးရေးတစ်ခုအတွက်ပဲ လုပ်သွားမယ်ဆိုရင် တိုင်းရင်းသားအချင်းချင်း အတူယှဉ်တွဲ နေထိုင်ဖို့ ဘယ်လောက်အထိ သက်ရောက်မှုတွေ ဖြစ်သွားနိုင်မလဲ၊ ကောင်းကျိုးဆိုးကျိုးတွေက ဘယ်လိုရှိလာနိုင်မလဲ။ ဖြေ ။ ။ “၁၀၂၇ စစ်ဆင်ရေး”က ရှေ့ဆက် ဘယ်လိုဖြစ်မလဲ၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ အဖြစ်ကို သူက တွန်းပို့မလား မတွန်းပို့ဘူးလားဆိုတာ အဲ့ဒီမေးခွန်းက နည်းနည်း အလှမ်းဝေးသေးတယ်။ ဘာကြောင့် အလှမ်းဝေးသေးလဲဆိုတော့ အခုဖြစ်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းက ဘယ်လောက်အထိ ရှေ့ဆက်သွားမလဲဆိုတဲ့အပေါ် မူတည်တယ်။ အခု NUG က ပြောတာ “ရှမ်း-မန်း စစ်ဆင်ရေး”တို့ ဘာတို့ပေါ့၊ ဒါက နာမည်တပ်တာလောက်ပဲ ဖြစ်ပြီး တကယ်တမ်း စစ်မြေပြင်မှာ တိတိပပအထဲအထိ ထိုးဖောက်နိုင်ဖို့ အဆင့်အထိ တွန်းအားမရှိသေးဘူးလို့ မြင်ရတယ်။ သူတို့မလုပ်ဘူးလို့ ပြောတာမဟုတ်ဘူး၊ သူတို့လုပ်နေတယ် အဲ့ဒီပြင်းအားက အဲ့လောက်ကြီး မပြင်းထန်သေးဘူး။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းက ဘယ်လိုရှေ့ဆက်ပြီး ဖြစ်မလဲဆိုတာ အခုအချိန်မှာတော့အတိအကျ မှန်းဆလို့ မရသေးဘူးလို့ပဲ ပြောချင်ပါတယ်။ မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး”က ပထမပိုင်း ပြီးသွားတဲ့အချိန်မှာလည်း ၅ လလောက် ရပ်တန့်သွားတယ်။ ဒီကြားထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း ပြဿနာတွေ ဖြစ်ခဲ့တယ်။ အခုကလည်း ဒုတိယပိုင်း ပြန်ဖော်ဆောင်လာခဲ့တယ်ဆိုတော့ ဒီဟာက တကယ်ပဲ စစ်အာဏာရှင် ချုပ်ငြိမ်းရေးတိုက်ပွဲ ဖြစ်လာနိုင်မလား၊ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နေတဲ့ လမ်းစကော မြင်မိလား။ ဖြေ ။ ။ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ဖို့ လမ်းစက မြင်နေရလားဆိုတာတော့ မြင်နေရတယ်လို့လည်း ပြောလို့ရတယ်၊ မမြင်ဘူးလို့လည်း သူက ပြောလို့ရတာပေါ့။ မြင်နေတယ်လို့ ပြောလို့ရတာကတော့ အနည်းဆုံး မြေပြန့်မှာရှိတဲ့ ဗမာတော်လှန်ရေး အုပ်စုနဲ့ TNLA တို့ပေါင်းပြီးလှုပ်ရှားလို့ရတယ်ဆိုတာ ကောင်းတဲ့အလားအလာတော့ ရှိတာပေါ့။ ဒါကြီးက ဒီထက်ပိုပြီး တိုးတက်လာမလား၊ မတိုးတက်လာဘူးလားဆိုတာ ပြောရတာ နည်းနည်းခက်တယ်။ ဥပမာပြရမယ်ဆိုရင် “၁၀၂၇စစ်ဆင်ရေး” ပထမပိုင်း စလုပ်တုန်းက အဲ့တုန်းက မောင်ဆောင်းခ တို့ ဦးဆောင်တဲ့ Burma People Liberation Army (BPLA) တို့ပါတယ်၊နောက်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ Burma Nationalities Revolution Army (BNRA) ပါတယ်။ အခု ဒီဒုတိယအခေါက်မှာကြတော့ လုံးဝမပါဘူး။သူတို့မပါတော့ အခု TNLA ရဲ့ စစ်တပ် အမြစ်ဖြုတ်တိုက်ရေးဆိုတဲ့ ပြောဆိုချက်ကို မယုံကြည်ဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါက်တယ်။ အဲ့တာအတွက်ကြောင့်မလို့ မြေပြန့်မှာရှိတဲ့ ဗမာတော်လှန်ရေး အင်အားစုတွေ အားလုံးနဲ့ ညီနောင်သုံးဖွဲ့ အားလုံးပေါင်းပြီး တစုတစည်းတည်းပထမပိုင်းတုန်းကလို အာသီသဆန္ဒ မရှိဘူးလို့ ပြောလို့ရတယ်။ အဲ့တာကြောင့်မလို့ အောင်မြင်နိုင်မယ့်လမ်းစကို လက်ညှိုးထိုးမပြနေဘူးလို့သုံးသပ်လို့ရတယ်။ မေး ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။
လက်နက်ချမှုဖြင့် နာမည်ကျော်သည့် ကလောမြို့က တပ်မ (၅၅) နောင်ချိုသို့ စစ်ကူသွား
SHAN -
ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် လက်နက်ချခဲ့သဖြင့် နာမည်ကျော်ကြားသည့် သျှမ်းတောင်၊ ကလောမြို့ အခြေစိုက် စစ်ကောင်စီ တပ်မ (၅၅) သျှမ်းမြောက်၊ နောင်ချို ဒေသဘက် စစ်ကူသွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၄ ရက်) တွင် ပြောသည်။ စစ်ကား ၃၂ စီးပါ အဆိုပါ...
လောက်ကိုင်မြို့ လူအများအိပ်မောကျချိန် စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်
SHAN -
သျှမ်းမြောက်ရှိ ကိုးကန့်တပ် MNDAA သိမ်းပိုက် အုပ်ချုပ်နေသည့် လောက်ကိုင်မြို့ကို ယနေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်း လူအများ အိပ်မောကျချိန် စစ်ကောင်စီတပ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ လောက်ကိုင်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း ‘၁၀၂၇’ စစ်ဆင်ရေး ဒုတိယပိုင်း...
လားရှိုးမြို့တွင် လက်နက်ကြီးထပ်ကျ ပြည်သူ ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့တွင် လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၂ ရက်) ညပိုင်းတွင် ရပ်ကွက် (၄) ရှိ အ.ထ.က ၅ ကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ကျောင်းဆရာအပါအဝင် ပြည်သူ ၃...
လားရှိုး-မိုင်းရယ်ကြားတွင် စစ်ကောင်စီတပ်နှင့် MNDAA တို့ စစ်ရေးတင်းမာနေ
သျှမ်းပြည် လားရှိုးနှင့် မိုင်းရယ်မြို့ ကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ ကြားရှိ မန်စန့်ကျေးရွာတွင်...
သိန္နီ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ
သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများနှင့် ပညာရေးမှူးရုံးသို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်ကျော် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁ နာရီကျော်ခန့်တွင် သိန္နီမြို့ပေါ် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် အထက-(၁)၊ ပညာရေးမှူးရုံးနှင့်...
လားရှိုးမြို့ လက်နက်ကြီးကျ၍ ပြည်သူ ၄ ဦးထပ်မံသေဆုံး
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း လားရှိုးမြို့လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁ ရက်) မနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ သာသနာ (၂၅၀၀) တောင်အခြေအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံ ၁ ဦး...
စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်ချီရောက်ရှိ
သျှမ်းမြောက် စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်နှင့်ချီရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၁၀) ရက်မှစတင်ပြီး “ဝ “သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ တပ်အင်အား ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ တန့်ယန်းမြို့ထဲသို့ အင်အားဖြည့်တင်းလာခဲ့သည်ဟု စစ်ရေးသတင်း...
အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအခက်ခဲဖြစ်နေ
သျှမ်းပြည် အောင်ပန်းမြို့နယ်အတွင်းသို့ လားရှိုးမြို့နှင့် ပင်လောင်းမြို့နယ်မှ ရောက်ရှိလာသော ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမ ပတ်မှစ၍ အောင်ပန်းမြို့တွင် ထပ်မံရောက်ရှိလာသော လားရှိုးမြို့ နှင့် ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင်များအတွက် ဘုန်းကြီးကျောင်းများနှင့် အခြားနေရာများတွင် နေရာထိုင်ခင်းအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ထပ်ရောက်လာမယ်ဆိုရင်တော့ လောလောဆယ်တော့ နေရာတွေက...
လေယာဉ်ပစ် စက်သေနတ်ကြီးများ အသုံးချရန် လေ့ကျင့်ပြင်ဆင်ထားပြီဟု MDY PDF ဆို
SHAN -
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် တိုက်ခိုက် သိမ်းပိုက်စဉ်က ရရှိခဲ့သည့် လေယာဉ်ပစ် စက်သေနတ်ကြီးများအား ပြန်လည် အသုံးချရန် လေ့ကျင့်ပြင်ဆင်ပြီး ဖြစ်သည်ဟု MDY PDF က ယနေ့ (ဇူလိုင်လ ၁၁...





