MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်ဘက်မှ ယမန်နေ့ (ဇူလိုင် ၁၇)ရက်မှ စတင်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ တတိယပတ်မှ စတင်ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မူဆယ်မြို့နယ်မှ ပန်ဆိုင်းနှင့် ကျင်းစန်းကျော့ နယ်စပ်ဂိတ်တို့အပြင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်မှ နောင်တောင်း ကုန်သွယ်ရေးသီးသန့်ဂိတ်တို့ကို တရုတ်အာဏာပိုင်ဘက်မှ စတင်ပိတ်ပင်လိုက်ကြောင်း ကုန်သည်များက ပြောသည်။

“ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ အကုန်လုံးကို တရုတ်ဘက်က စပိတ်လိုက်ပြီလို့ပြောတယ်။ ဒီဘက်မှာက ဂိတ်အကြီးဆိုရင် ချင်းရွှေဟော်ရှိမယ်၊ နောက်ပြီး ရန်လုံကျိုင်းဂိတ်နဲ့ ပန်ဆိုင်း(ကြူကုတ်)မှာလည်း တစ်ဂိတ်ရှိတယ်။ တရုတ်က ပိတ်တယ်ဆိုရင်တော့ အဝင်အထွက် မရလောက်တော့ဘူး”ဟု လောက်ကိုင်မြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ နယ်စပ်ဂိတ်ကို ဇူလိုင်လ ပထမပတ်မှ စတင်၍ တရုတ်ဘက်က ပိတ်ထားခဲ့ပြီး နှစ်ပတ်ကျော် ကြာပြီဖြစ်ကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်မှ တစ်ခုတည်းသော TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် နောင်တောင်း သီးသန့်ကုန်သွယ်ရေးဂိတ်လည်း ပိတ်ပင်ထားကြောင်း ဒေသခံကုန်သည်များက ပြောဆိုနေပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က စတင်ပြီး လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ (၄)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း နယ်စပ်ဖြတ်သန်း သွားလာနိုင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့သည်။

စစ်ကောင်စီတပ်နှင့် အပေးအယူ လုပ်ပြီးနောက် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုးကန့်တပ်ဖွဲ့မှလည်း ပူးတွဲတာဝန်ယူပြီး အခွန်ကောက်ခံရရှိငွေကို ညီနောင်မဟာမိတ် (၃)ဖွဲ့ကိုယ်စား ကိုးကန့်တပ်ဖွဲ့က ၇၀% ရယူ၍ စစ်ကောင်စီက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း နှစ်ဘက်စလုံးက ထုတ်ဖော်အတည်ပြုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လအတွင်းက ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့တို့ကို ခေါ်ယူပြီး တရုတ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်းတွင်းဆိပ်ကမ်း စီမံခန့်ခွဲရေး အပါအဝင် အခြားခေါင်းစဉ်များကို နှစ်ပတ်ကြာ လေ့ကျင့်ပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...