တောင်ကြီးမြို့ပေါ် ရုတ်တရက် ရောက်လာသည့် စစ်ရှောင်အတွက် အရေးပေါ် နေရာထိုင်ခင်း ခက်ခဲနေ

သျှမ်းပြည် တောင်ကြီးမြို့နယ်သို့ စစ်ဘေးရှောင် ၅၀၀ ကျော် ရုတ်တရက် ရောက်ရှိလာသဖြင့် အရေးပေါ် နေရာထိုင်ခင်း ခက်ခဲနေကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ပထမပတ်မှ စတင်၍ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လားရှိုးမြို့နယ် မှ ဒေသခံထောင်နှင့်ချီသည် သျှမ်းပြည်တောင်ပိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ထို့ကြောင့် တောင်ကြီးမြို့ ပိဋကတ်ကျောင်း၊ ဝေဠုဝန်ကျောင်း၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ စသည့်နေရာများသို့ ရောက်ရှိနေသည့် စစ်ဘေးရှာင် (၅၀၀)ဝန်းကျင်သည် နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေဖို့ထိုင်ဖို့ အိပ်ဖို့တွေ အတွက်က အဆင်မပြေဘူး။ ဘုန်းကြီးကျောင်းမှာက သံဃာတော်တွေရှိတယ်။ အဲ့ကြောင့် တချို့ ဘုန်းကြီးကျောင်းတွေက နေဖို့ ခက်ခဲတယ်။ စစ်ရှောင်အချို့က ဆိုင်ကယ်တွေနဲ့ လာကြတော့ အဝတ်တွေ စောင်တွေလည်း မပါလာဘူး။ လိုအပ်ချက်က အများကြီးပါပဲ” ဟု စစ်ဘေးရှောင် ကူညီပေးနေသူ အမျိုးသားက ဆိုသည်။

လားရှိုးမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် တောင်ကြီးမြို့ပေါ်ရှိ ဆွေမျိုးအိမ်များတွင် နေထိုင်ကြသကဲ့သို့ ဆွေမျိုး မရှိသည့် အချို့သည် ဘုန်းကြီးကျောင်းများကိုသာ အားကိုးနေရသဖြင့် အချို့ ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင်များ လက်မခံကြောင်း တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ ဘုန်းကြီးကျောင်းတွေမှာ လူတော့မရှိဘူး။ သူတို့တွေ တချို့ဘုန်းကြီးကျောင်းတွေမှာ နားဖို့ တစ်ညအိပ်ဖို့ သွားတောင်းတာတောင်မှ လက်မခံဘူး။ ပြီးတော့ ကျောင်းကပြောတာ အရင်ကတည်းကလည်း လက်မခံဘူးလို့ပဲ ပြောတယ်။ ခုတော့ စစ်ဘေးရှောင်တွေ အတွက်တော့ နေထိုင်ဖို့ ခက်ခဲတာပေါ့”ဟု တောင်ကြီးမြို့ရောက် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် တောင်ကြီးမြို့ပေါ်ရှိ အိမ်ရှင်များအနေဖြင့် စစ်ဘေးရှောင်များအတွက် အခန်းခ၊ အိမ်ငှားရမ်းခများ အဆမတန် မတောင်းခံရန်လည်း စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

“ကျမတို့ကတော့ အိမ်ခန်းပဲ ငှားပြီးနေချင်တာ။ ဖြစ်နိုင်ရင်တော့ အိမ်ရှင်တွေ အခန်းခ သက်သာအောင် လုပ်စေချင်တယ်။ ၆ လစာ၊ ၃ လစာ တွေ မတောင်းဖို့ ပြောချင်တယ်။ ကျမတို့မှာက ငွေကြေးပြည့်စုံတာ မဟုတ်ဘူး” ဟု အသက် ၄၀ အရွယ်ရှိ ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိအချိန်ထိ သျှမ်းပြည် မြောက်ပိုင်းတကြောတွင် စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ရှိနေသေးသဖြင့် စစ်ရှောင်များ နေရပ်ပြန်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

ထို့ကြောင့် သျှမ်းပြည်မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ထောင်နှင့်ချီ သည် လက်ရှိမှာ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...