တောင်ကြီးမြို့နယ် လယ်ယာမြေပေါ်ဆောက်လုပ်ထားသည့် နေအိမ်များကို စစ်တပ်က ဖယ်ရှားခိုင်း၊ ဗျူဟာကုန်း ဆောက်လုပ်သွားမည်ဟုသိရ

သျှမ်းပြည် တောင်ကြီးမြို့နယ် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ နေအိမ်များဆောက်လုပ်ထားသည် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနက ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများကပြောသည်။

တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ နယ်မြေ (၇) အတွင်းရှိ နေအိမ်တစ်လုံးကို အခွင့်အမိန့်မရရှိဘဲ တရားမဝင်လူနေအိမ် ဆောက်လုပ်ထားသည်ဟုဆိုကာ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနာက ဇူလိုင် ၁၃ ရက်၌ ဆင့်ခေါ်စာပို့ပြီး ဖယ်ရှားခိုင်းသည်ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောလောဆယ် ညောင်ဖြူစခန်း၊ နယ်မြေ (၇) ဘက်ကကော၊ နောက်ပြီး ဒီဘက်စဝ်စံထွန်းတချို့လည်း ပါတယ်။ အဲ့နယ်မြေ (၇) ဘက်ကတော့ တချို့ဟာအိမ်နံပါတ်နဲ့ထွက်ထားတာရှိတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ နေအိမ်များကို ၁၅ ရက်အတွင်း ရွှေ့ပြောင်းဖယ်ရှားပေးရမည်ဖြစ်ပြီး အကယ်၍ မဖယ်ရှားပေးပါက မြေနှင့်အခွန်စည်းမျဉ်းဥပဒေ၊ ပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉ (၂) တို့ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။

လက်ရှိ တောင်ကြီးမြို့၏ အစွန်းအဖျားကျသည့် ရပ်ကွက်နယ်မြေအများအပြားကို ကျူးကျော်နယ်မြေအဖြစ် ဧက ၂,၀၀၀ ကျော်ကို သတ်မှတ်ပြီး စစ်ကောင်စီတပ်က သိမ်းဆည်းသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

ထိုကိန်းဂဏန်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျူးကျော်နယ်မြေအဖြစ် သတ်မှတ်ခံရသည့်နယ်မြေများမှာ ကရင်မရေထွက်နှင့် တောင်ကမ်းပါးအနီး ကပ်လျက်တည်ရှိသည့် ဝစ်စံထွန်း၊ ညောင်ဖြူစခန်း၊ ရတနာသီရိ၊ ချမ်းမြေ၊ ရွှေတောင်၊ စိန်ပန်း၊ ကံသာနှင့် ကျောင်းကြီးစု ရပ်ကွက်ထဲမှ တချို့ပါဝင်ကြောင်း သိရသည်။

“အခုကျမလည်း ကျောင်းကြီးစု၊ နယ်မြေ ၁၂ မှာ ဝယ်ထားတာ ပါသွားပြီလားမသိဘူး။ ကျမကတော့ နောက်နောင်နေလို့ ရအောင်ဆိုတဲ့စိတ်နဲ့ ဝယ်ထားတာ။ ဝယ်တုန်းကတော့ ပွဲစားတွေနဲ့ ဝယ်ထားတာ ၂ ကွက်ကို ကျပ်သိန်း ၉၀ လောက်ဘဲ ပေးရတာ။ ၁ ကွက်ကို ပေ ၁၀၀ ကျယ်တယ်” ဟု တောင်ကြီးမြို့ လယ်ယာမြေဝယ်ထားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ မြို့ခံများနှင့် စစ်ဘေးရှောင်များအနေဖြင့် တောင်ကြီးမြို့ လယ်ယာမြေများ ဝယ်ပါက အထူးဂရုစိုက်ရန်လိုကြောင်း၊ အထူးသဖြင့် ပွဲစားများမှ ဈေးပေါပေါဖြင့် ရောင်းချသည့် လယ်ယာမြေများကို သစ်တောမြေ ဟုတ်၊ မဟုတ် စီစစ်ရန်လိုအပ်ကြောင်း ဆိုသည်။

အတည်မပြုနိုင်သေးသည့် သတင်းအချက်အလက်အရ တောင်ကြီးမြို့ရှိ Mount Pleasant guest house နှင့် လက်ရှိ ဖယ်ရှားခိုင်းထားသော နယ်မြေကုန်းများကို စစ်ကောင်စီတပ်က အထိုင်ချပြီး ဗျူဟာကုန်း နှစ်ဆင့်ဆောက်လုပ်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ယမန်နှစ်တွင်လည်း တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ကံကြီးရပ်ကွက်အနီးရှိ မြေပွေးတောင်ကုန်းပေါ် နေအိမ်များကိုလည်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည်ဟု စစ်ကောင်စီတပ်က ဖယ်ရှားခိုင်းခြင်း၊ နေအိမ်များကို သတိပေးစာများကပ်ခြင်း ပြုလုပ်ခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...