လားရှိုးမြို့ နန်ကျိုင်းစခန်းတွင် ဖမ်းမိသော စစ်သုံ့ပန်းများအနက် ကလေး ၃ ဦးပါဝင်

သျှမ်းပြည် လားရှိုးမြို့ စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအနက် အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေး ၃ ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၄ ရက်က စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကိုး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအား ဖမ်းဆီးရမိကြောင်း၊ ထိုထဲတွင် အသက် (၁၈) နှစ်မပြည့်သေးသည့် ကင်းထောက်ကလေး ၃ ဦးပါဝင် တွေ့ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ရေးအတွင်း ကလေးငယ်များကို စစ်ကောင်စီတပ်က အသုံးပြုနေကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် လားရှိုးစစ်ပွဲဇုန်အတွင်း ဒုတိယတပ်ခွဲမှုး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၃၂ ဦးကို ဖမ်းရမိကြောင်း၊ ဒဏ်ရာရ စစ်သုံ့ပန်းများအား လူသားချင်းစာနာမှုဆိုင်ရာ ကုသမှုများ ပေးခဲ့ကြောင်း ဆိုသည်။

ထို့အပြင် လားရှိုးမြို့ ခိုက်တွေရွာအနီးရှိ စစ်ကောင်စီ၏ အခြေခံလေ့ကျင့်ရေးတပ် ၁၁ ကို ဇူလိုင် ၁၂ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

ထိုဖမ်းဆီးရမိသော စစ်သုံ့ပန်းနှင့် မိသားစုဝင်များအား ပြန်လွတ်ပေးခဲ့ကြောင်း၊ ၎င်းတို့ကို သွားချင်သည့်နေရာအား မေးမြန်းပြီး အနီးစပ်ဆုံး လမ်းမပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ရုပ်သံနှင့်အတူ ကိုးကန့်တပ်ဖွဲ့က ဇူလိုင် ၁၅ ရက်မှာထုတ်ပြန်ထားသည်။

သို့သော် ပြန်လွတ်ပေးသည့် အရေအတွက်ကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

ဇူလိုင် ၁၅ ရက်တွင်လည်း သီပေါနှင့် မိုင်းရယ်မြို့အစပ် ဆင်ကျော့ကျေးရွာအုပ်စုရှိ ခလရ-၂၃ စစ်ကောင်စီ တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA မှသိမ်းပိုက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...