Wednesday, January 28, 2026

လားရှိုးမြို့ နန်ကျိုင်းစခန်းတွင် ဖမ်းမိသော စစ်သုံ့ပန်းများအနက် ကလေး ၃ ဦးပါဝင်

သျှမ်းပြည် လားရှိုးမြို့ စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအနက် အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေး ၃ ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၄ ရက်က စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကိုး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအား ဖမ်းဆီးရမိကြောင်း၊ ထိုထဲတွင် အသက် (၁၈) နှစ်မပြည့်သေးသည့် ကင်းထောက်ကလေး ၃ ဦးပါဝင် တွေ့ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ရေးအတွင်း ကလေးငယ်များကို စစ်ကောင်စီတပ်က အသုံးပြုနေကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် လားရှိုးစစ်ပွဲဇုန်အတွင်း ဒုတိယတပ်ခွဲမှုး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၃၂ ဦးကို ဖမ်းရမိကြောင်း၊ ဒဏ်ရာရ စစ်သုံ့ပန်းများအား လူသားချင်းစာနာမှုဆိုင်ရာ ကုသမှုများ ပေးခဲ့ကြောင်း ဆိုသည်။

ထို့အပြင် လားရှိုးမြို့ ခိုက်တွေရွာအနီးရှိ စစ်ကောင်စီ၏ အခြေခံလေ့ကျင့်ရေးတပ် ၁၁ ကို ဇူလိုင် ၁၂ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

ထိုဖမ်းဆီးရမိသော စစ်သုံ့ပန်းနှင့် မိသားစုဝင်များအား ပြန်လွတ်ပေးခဲ့ကြောင်း၊ ၎င်းတို့ကို သွားချင်သည့်နေရာအား မေးမြန်းပြီး အနီးစပ်ဆုံး လမ်းမပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ရုပ်သံနှင့်အတူ ကိုးကန့်တပ်ဖွဲ့က ဇူလိုင် ၁၅ ရက်မှာထုတ်ပြန်ထားသည်။

သို့သော် ပြန်လွတ်ပေးသည့် အရေအတွက်ကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

ဇူလိုင် ၁၅ ရက်တွင်လည်း သီပေါနှင့် မိုင်းရယ်မြို့အစပ် ဆင်ကျော့ကျေးရွာအုပ်စုရှိ ခလရ-၂၃ စစ်ကောင်စီ တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA မှသိမ်းပိုက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...