စစ်ဆရာဝန်များ အထူးတိုက်ခိုက်ရေး သင်တန်းတက်နေ

သျှမ်းမြောက်နှင့် နိုင်ငံတတဝှမ်း စစ်ရှိန် မြင့်တက်နေစဥ် စစ်တပ် ဆရာဝန် (စစ်ဆေးဗိုလ် DSMA) များ တိုင်ပွဲဝင်နိုင်ရေး အတွက် စစ်ကောင်စီက အထူးတပ်ခွဲမှူး (တိုက်ခိုက်ရေး) သင်တန်း ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၈ ရက်) တွင် ပြောသည်။

စစ်တပ် ဖွဲ့စည်းပုံအရ တပ်ရင်းတိုင်းတွင် စစ်ဆရာဝန် တစ်ဦးစီရှိပြီး လက်ရှိ ရှေ့တန်းထွက်နေရသဖြင့် နောက်တန်းရှိ စစ်ဆေးရုံနှင့် ဆေးတပ်ရင်းများရှိ ဆရာဝန်များအား တိုက်ခိုက်ရေး သင်တန်းအဖြစ် မှော်ဘီတွင် ယခု သတင်းပတ် အတွင်းက စတင်၍ သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဆေးဗိုလ် (စစ်ဆရာဝန်) တွေက နဂိုကတည်းက ဆေးတပ်စုမှူး အနေနဲ့ တိုက်ပွဲဝင်ရပါတယ်။ အခုက စစ်ဆေးရုံတွေ၊ ဆေးတပ်ရင်းတွေက ဆေးဗိုလ်တွေကို အထူးတပ်ခွဲမှူး သင်တန်း ထပ်ပေးတယ် ဆိုတော့ စစ်တိုက်ခိုင်း မလို့လား၊ ဆေးတပ်တွေ လုံခြုံရေး အတွက်လား ဆိုတာတော့ မသဲကွဲဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ရန်ကုန်၊ မဂ်လာဒုံ၌ တည်ရှိသည့် တပ်မတော် ဆေးတက္ကသိုလ်မှ အပတ်စဥ် (၂၄) အထိ စစ်ဆရာဝန် ၄,၀၀၀ ကျော် ဘွဲရခဲ့ပြီး ယခုလအတွင်း အပတ်စဥ် (၂၅) ဗိုလ်လောင်း သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူနေသည်။

ကျောင်းဆင်း စစ်ဆရာဝန် ၄,၀၀၀ ကျော်ရှိသော်လည်း အကြောင်းပြချက် အမျိုးမျိုးဖြင့် နှုတ်ထွက်သူ ထောင်နှင့်ချီရှိကြောင်း စစ်ဆရာဝန်ဟောင်း တစ်ဦးက ဆိုသည်။

“၂၀၁၉ တုန်းက ကြံ့ခိုင်ရေးမှာ သွားလုပ်ပေးရင် ထွက်ခွင့်ပြုတယ်။ အဲတုန်းကလည်း ဆရာဝန် ၁၀၀ ကျော် ထွက်တာရှိတယ်။ အခု စစ်မှုထမ်းဟောင်း ဥပဒေနဲ့ ပြန်ခေါ်တယ်။ ဒါပေမယ့် အများစုကတော့ နိုင်ငံခြားထွက်တာနဲ့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေတာများတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတဝှမ်း ဖွင့်လှစ်ထားသည့် စစ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဆရာဝန် အားလုံးနီးပါး ပြင်ပတွင် ကိုယ်ပိုင် ဆေးခန်း ဖွင့်လှစ်ခြင်း၊ အထူးကု ဆေးရုံများတွင် သွားရောက် ကုသပေးခြင်းများဖြင့် စီးပွားဖြစ်နေပြီး မဖြစ်မနေ ရှေ့တန်းထွက်ရမည် ဆိုပါက ထွက်ပြေးသူ များပြားမည်ဟု စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...