သျှမ်းတောင်တိုက်ပွဲ ၅လ ကျော်အတွင်း အရပ်သား (၉၆)ဦး သေဆုံး

သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ (၅)လကျော် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင်း အရပ်သား (၉၆)ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုသေဆုံးသွားသည့် အရပ်သား (၉၆)ဦးသည် သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်း၊ဟိုပုံး၊ဆီဆိုင်၊ညောင်ရွှေ၊ရပ်စောက်မြို့နယ် တို့ဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး ( PYO ) ထုတ်ပြန်ချက်အရသိရသည်။

ဆီဆိုင်စစ်ရှောင်

ယင်းသေဆုံးမှုသည် ဖေဖော်ဝါရီလ၂၁ရက်နေ့မှ ဇူလိူင် ၆ရက်အထိ ဖြစ်ပြီး အများစုမှာ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ဘက်မှ လက်နက်ကြီး၊လေကြောင်း၊ဒရုန်း တိုက်ခိုက်မှုနှင့် ဖမ်းခံရပြီး သတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးမှုအများဆုံး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွက်ဖော်ပြထားပါသည်။

“သျှမ်းတောင် စစ်ပဋိပက္ခတိုက်ပွဲအတွင်းမှာ အရပ်သားသေဆုံးမှုက (၉၆) ဦးအထိ ရှိလာပြီ ဖြစ်တယ်။ ဒီအချက်အလက် PYO လက်လှမ်းမှီတဲ့အချက်အလက်ပဲ ဖြစ်တယ်။ မြေပြင် သေဆုံးမှုက ဒီထက်ပိုများနိုင်တယ်။ “ဟု PYO တာဝန်ရှိသူ မနန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ သေဆုံးသူ(၉၆) ဦးတွင် အမျိုးသား(၆၆)ဦး ၊ အမျိုးသမီး(၇)ဦး၊ ကလေးငယ်(၁၆)ဦးနှင့် ကျား၊မအတည်မပြုနိုင်ခြင်း (၇)ဦးတို့ပါဝင်ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲကာလအတွင်း ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှု နှင့် မြေမြုပ်မိုင်း၊ကြွင်းကျန်လက်နက်ထိမှန်ခြင်းကြောင့် အရပ်သား၁၆၈ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

တိုက်ပွဲဖြစ်ပွားသည့်အတွင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (၄၆၉)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၄၂၀၂) ကြိမ်ရှိခဲ့ပြီး အရပ်သားနေအိမ် (၁၀၃၅)လုံး၊ဘာသာရေးအဆောက်အဦး (၃၀)လုံး၊စာသင်ကျောင်း (၁၄) လုံး၊လမ်းတံတား( ၄) ခု၊ဆေးရုံ ဆေးခန်း ( ၄) ခု၊ စျေး (၁) ခုတို့လည်းတိုက်ပွဲအတွင်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ယခုတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သောကြောင့် သျှမ်းတောင်ဒေသခံ ၆၇၈၀၀ဦးနှင့်အထက်လည်း ဘေးကင်းရာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...