ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းလူငယ်များ ဥပဒေမဲ့ ရှေ့တန်းသို့ တိုက်ရိုက်ပို့ဆောင်ခံရ၍ သေဆုံးမှုများနေ

ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လူငယ်များအား စစ်ထဲဆွဲသွင်းနေသည့် စစ်ကောင်စီက သင်တန်းဆင်း လူငယ်များအား တပ်ရင်း၊ တပ်ဖွဲ့များသို့ ပို့ဆောင်ခြင်း မပြုဘဲ ဥပဒေမဲ့ ရှေ့တန်းစစ်မျက်နှာများသို့ တိုက်ရိုက် ပို့ဆောင်နေသဖြင့် သေဆုံးမှု များပြားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင် ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က သင်တန်းဆင်းသည့် ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဥ် (၁) သင်တန်းသား များအား သျှမ်း၊ ကရင်နီ၊ ရခိုင်၊ ကရင်၊ တနင်္သာရီ ဒေသများရှိ ရှေ့တန်း စစ်မြေပြင်များသို့ တိုက်ရိုက် ပို့ဆောင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ဒါစစ်ဥပဒေကို ချိုးဖောက်တာပဲ။ သူတို့က စစ်သင်တန်းဆင်းတာတော့ မှန်တယ်၊ ဒါပေမယ့် တပ်ရင်း တပ်ဖွဲ့ ရောက်မှ ဓာတ်ပုံရိုက် စာရင်းသွင်း အဲလို လုပ်ထုံးလုပ်နည်းတွေ လုပ်ရအုံးမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်ပြီးမှ တပ်သား အဆင့် တို့မြှင့်လိုက်တာ၊ တပ်သား ဖြစ်လာမှာ။ အဲတော့မှ သက်စွန့်ကြိုးပမ်း စရိတ်လိုမျိုး ခံစားခွင့်တွေရမယ်။ အခုလို တခါတည်း ပို့တာက စစ်ဥပဒေနဲ့ ညှိစွန်းတယ်၊ လက်အောက်ငယ်သားတွေကို ညှဥ်းပန်းနှိပ်စက်မှု မြောက်တယ်” ဟု ၎င်းကရှင်းပြသည်။

အပတ်စဉ်(၁) ပြည်သူ့စစ် ကျောင်းဆင်းပွဲ

လက်ရှိ တိုက်ပွဲ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ သံတွဲ စစ်မြေပြင်တွင် တပ်သားသစ် သေဆုံးမှု များပြားနေပြီး ထွက်ပြေးသူများလည်း များပြားနေသည်ဟု ကြားသိရကြောင်း စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော် ကပြောသည်။

“သံတွဲတိုက်ပွဲမှာ အခြေအနေဆိုးတယ်၊ အပုံလိုက် ကျနေပေမယ့် တပ်ရင်းမှူးက ဆက်တက်ဖို့ပဲ အမိန့်ပေးနေတယ်လို့ သိရတယ်။ တပ်သားသစ်တွေကို လူသားလှိုင်းလို သုံးပြီး အသေခံ တိုက်ခိုင်းနေတယ်။ ထွက်ပြေးတဲ့ အဖွဲ့တွေလည်းများတယ်။ ဒေသခံတွေက အကူအညီပေးကြတယ်။ AA နား ရောက်သွားတာ ရှိသလို ပြန်ဖမ်းမိတာလည်းရှိတယ်လို့ သိရပါတယ်” ဟု ၎င်းကပြောသည်။

စစ်မှုထမ်း လူငယ်များ အနေဖြင့် စစ်တပ်ကို စွန့်ခွာနိုင်ရေး တော်လှန်ရေးတပ်များနှင့် ချိတ်ဆက် ဆောင်ရွက်သင့်ကြောင်း၊ တော်လှန်ရေးတပ်များ အနေဖြင့် လူငယ်များ၏ အခြေအနေကို သဘောပေါက် နားလည်ပြီးဖြစ်၍ လက်ခံကူညီပေးရန် အသင့်ရှိနေမည်ဟု မျှော်လင့်ကြောင်း ယင်းကဆိုသည်။

“တပ်သားသစ် တစ်ယောက်ကို ရှေ့တန်း စစ်မြေပြင်ကို ချက်ချင်း ပို့လို့ မရပါဘူး။ အခု စစ်ဗိုလ်ချုပ်တွေက မင်းအောင်လှိုင် အလိုကျ ကမ်းကုန်အောင် ရက်စက်နေတုန်းပဲ။ တပ်သားသစ်တွေနဲ့ စစ်တပ်ကို Cover ယူနေအုံးမှာ ဖြစ်တယ်။ သင်တန်းတက်နေတဲ့ သူတွေရယ် နောက်ထပ် စုဆောင်းခံရအုံးမယ့် သူတွေရဲ့ မိဘတွေ သိစေချင်ပါတယ်။ ဘာလုပ်သင့်တယ် ဘာလုပ်ရမယ် ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အနေအထားချင်း မတူကြပါဘူး။ လုပ်သင့် လုပ်ထိုက်တာ လုပ်ကြပါ” ဟု ဗိုလ်ကြီးဇင်ယော် က သတိပေးသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် စစ်ကောင်စီ၏ ညွှန်ကြားစာတွင် အမှတ်စဉ် (၁) သင်တန်း ပြီးဆုံးသည့် ပြည်သူ့စစ်မှုထမ်းများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ရှိ ခြေလျင်/ခြေမြန် တပ်များ အတွက် ၄၇၆ ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) သို့ ၁၆၆ ဦး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)သို့ ၁၀၀ ဦး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)သို့ ၁၆၁ ဦး ခွဲဝေ တာဝန်ပေးကြောင်း ပါရှိသည်။

ထို့အပြင် ဒကစ (လွိုင်ကော်) သို့ ၄၈၄ ဦး ၊ ဒကစ (စစ်တွေ) သို့ ၄၀၀ ဦး၊ ဒကစ (ကလေး) သို့ ၄၉၉ ဦး၊ စကခ-၇ ကွပ်ကဲမှုအောက်သို့ ၃၅၉ ဦး၊ စကခ-၁၂ သို့ ၃၅၆ ဦး၊ စကခ-၁၉ သို့ ၃၄၂ ဦး၊ တမဟ-၄ ကွပ်ကဲမှုအောက်သို့ ၉၂ ဦး၊ တမခ-၁၀၁ သို့ ၁၈၀ ဦး၊ စကခ-၅ သို့ ၁၂၀ ဦး၊ စကခ-၁၀ သို့ ၁၂၀ ဦး၊ ကရခ သို့ ၄၂၂ ဦး ပေးပို့ရမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကို ကိုးကား၍ ဧရာဝတီတိုင်မ်း သတင်းဌာနက ဖော်ပြသည်။

ယင်းသို့ ခွဲဝေ တာဝန်ပေးမှုသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့တွင်မူ တပ်သားသစ်များ အနေဖြင့် ၄င်းတို့ တာဝန်ကျသည်ဟု ဆိုသည့် သက်ဆိုင်ရာတပ်များ၏ ရှေ့တန်း စစ်မျက်နှာသို့ တိုက်ရိုက် ပို့ဆောင်ခံခဲ့ရကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

“တာဝန်ကျတဲ့ မိခင် တပ်ရင်း တပ်ဖွဲ့ဌာနချုပ်ကို အရင်မပို့ဘဲ အဲဒီတပ် တာဝန်ကျနေတဲ့ ရှေ့တန်းကို တခါတည်း ပို့လိုက်တာမျိုးပေါ့။ တပ်သားသစ် စာရင်းသွင်းတာက နောက်က လိုက်သွင်းမဲ့ သဘောမျိုး။ ကြားထဲမှာ ကျသွားရင်တော့ ဘာခံစားခွင့်မှ ရမှာမဟုတ်ဘူးလို့ပဲ မြင်တယ်” ဟု ၎င်းကရှင်းပြသည်။

လက်ရှိ ပြည့်သူစစ်မှုထမ်း အမှတ်စဥ် (၁) သင်တန်းဆင်း အားလုံး ရှေ့တန်းသို့ ပို့ဆောင်ခဲ့ပြီး လာမည့် သြ ဂုတ်လ အတွင်း သင်တန်းဆင်းမည့် အမှတ်စဥ် (၂) သင်တန်းသားများကိုလည်း ရှေ့တန်းပို့ရန် ပြင်ဆင်နေပြီဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လိုင်လ ၈ ရက်က တနသ်ာရီတိုင်း၊ ပလောက်မြို့၊ တကက (၁၂) တွင် စစ်သင်တန်း အမှတ်စဉ် (၁) တက်ရောက်ခဲ့သည့် တပ်သားသစ် တစ်ဦး သင်တန်းပြီးဆုံးသည်နှင့် ရှေတန်းသို့ စေလွှတ်ခြင်းကြောင့် ကပ္ပလီပင်လယ်၀တွင်း ခုန်ချ၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်းက ကရင်ပြည်နယ်၊ ဒေါနတောင်တန်းမှ မြဝတီသို့ ထိုးစစ်ဆင်နေသည့် အောင်ဇေယျ စစ်ကြောင်းမှ ထွက်ပြေးခိုလှုံလာသူများတွင် စစ်မှုထမ်း အပတ်စဥ် (၁) သင်တန်းသားများ ပါဝင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...