UWSA
ဟိုပန် UWSA မှ ရာဇဝတ်မှုကျူးလွန်သူ (၇)ဦးကို လူစုလူဝေးရှေ့ သေဒဏ်နှင့် ထောင်ဒဏ် စီရင်ချက်ချ
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူ (၇) ဦးတို့ကို သေဒဏ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြည်သူ့တရားစီရင်ရေး အခမ်းအနားဟု...
‘ဝ’ဒေသ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်၊ တာလော့ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် တရုတ်စတင်ကန့်သတ်
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီးနှင့် ဆော့လော်ဂိတ်တို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းခွင့် စတင်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၄) ရက်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များရှိ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင်စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသည့်...
UWSA ထိန်းချုပ်သည့် ဟိုပန်မြို့နယ် စက်သုံးဆီ အလုအယက်ဝယ်ယူနေ
သျှမ်းပြည် ဟိုပန်မြို့နယ်တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်အစောပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက်...
လူငယ်များကို မက်လုံးပေးပြီး တန့်ယန်းမြို့နယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြန်လည်ပတ်နေ
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ ပြန်လည်ပတ်နေပြီး ဒေသခံ လူငယ်များကို မက်လုံးပေး အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျားဖြန့်လုပ်ငန်းများသည် တန့်ယန်းမြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ပန်လောင်ကျေးရွာ အနီးတဝိုက်တွင် တည်ရှိပြီး မြို့နှင့် ၃ နာရီခန့် ကွာဝေးသည်။ ၎င်းကျားဖြန့်လုပ်ငန်းများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏...
တန့်ယန်းမြို့နယ် UWSA က တပ်သားသစ်စုဆောင်းဟုဆို
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းရန်ဟု ဆိုကာ တပ်သားသစ်စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း ဝင်ရောက်နေရာယူထားသည့် ‘ဝ’တပ်ဖွဲ့ UWSA မှ စက်တင်ဘာလ တတိယပတ်မှ စတင်၍ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း စတင်ကောက်ခံလျက်ရှိပြီး ပြန်လည်ဖွဲ့စည်းမည့် ပြည်သူ့စစ်အဖွဲ့တွင်...
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းပေါက်မြို့တွင် ရေကြီး၊ရေလျှံမှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း " UWSA " "ဝ" ထိန်းချုပ်သည့် ဒေသ မိုင်ပေါက်မြို့နှင့် ပန်ဆန်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ရေလျှံမှုဖြစ်ပွားသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေကြောင့် နေအိမ်အဆောက်အအုံ ၊ လမ်းမပေါ်ရှိဆိုင်ကယ်နှင့် မော်တော်ယာဉ်မျး နစ်မြှုပ်သည့်အထိ ရေကြီးမှု ကြုံနေရကြောင်း မြို့နယ်ဒေသခံ...
‘ဝ’ဒေသ ရာဇဝတ်မှု ကျူးလွန်သူများကို UWSP မှ လူစုလူဝေးရှေ့ စီရင်ချက်ချ
သျှမ်းပြည် ‘ဝ’ဒေသအတွင်း ရာဇဝတ်မှု ကျူးလွန်သူများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေးကော်မတီမှ လူစုလူဝေး ရှေ့မှောက်တွင် စီရင်ချက် ချမှတ်ပြီး ပြစ်ဒဏ်ပေးခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၄) ရက် နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှုနှင့် သေနတ်ရောင်းဝယ်ဖောက်ကားမှု...
သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်း တည်ဆောက်ရေး UWSA မှ လမ်းခင်းပေးနေဟု SSFIM ထုတ်ပြန်
သျှမ်းပြည် တန့်ယန်းမြို့နှင့် ၁၃ မိုင်ကျော် ကွာဝေးသော သံလွင်မြစ်ပေါ်မှ တရုတ်ရေကာတာစီမံကိန်း တည်ဆောက်ရေးအတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ လမ်းခင်းပေးနေသည်ဟု ရှမ်းပြည်ရင်းနှီးမြုပ်နှံမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ SSFIM ကထုတ်ပြန်ထားသည်။ ဇူလိုင် ၁၀ ရက်နေ့မှစတင်ပြီး UWSA တပ်ဖွဲ့သည် တပ်သားဦးရေ ၂,၀၀၀ ကျော်ဖြင့်...
UWSA (၃၁၈) တပ်မဟာမှူး ဈာပနသို့ ညီနောင်မဟာမိတ်ခေါင်းဆောင်များ တက်ရောက်
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မ(၃၁၈) တပ်မဟာမှူးဖြစ်သူ ပေါက်ရန်လုံ ၏ ဈာပန အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ မိုင်းမောမြို့နယ်ရှိ တပ်မ (၃၁၈) တပ်မဟာမှူးဖြစ်သူ ပေါက်ရန်လုံ၏...
UWSA တောင်ပိုင်းတပ်မှ စစ်မှုထမ်း ၄ ထောင် စုဆောင်းရန် ပြည်ပရောက် ဝ အမျိုးသားများ နေရပ်ပြန်ခေါ်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ စစ်မှုထမ်း တပ်သားသစ် (၄၀၀၀) စုဆောင်းမည်ဖြစ်ပြီး ပြည်ပရောက် ‘ဝ’အမျိုးသားများကို နေရပ်ပြန်ခေါ်နေကြောင်း စုံစမ်းသိရသည်။ မိုင်းဆတ်ခရိုင်အတွင်း နေထိုင်ပြီး လာအိုနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်နေသည့် ‘ဝ’အမျိုးသားများကို အမြန်ဆုံး နေရပ်ပြန်ပြီး စစ်ရေးကော်မတီများထံ...






