UWSA

သျှမ်းအရှေ့ UWSA မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းပြီး စစ်သင်တန်းပေး

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ အသက် (၁၅) နှစ်အထက် ကျား၊မ အားလုံးကို လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးနေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုင်းတုံမြို့နယ်အတွင်းရှိ မုံးထော်-မုံးထ၊ ဟွေအော်၊ ဟိုပန်၊ ဟိုရွက်၊ မိုင်းကျွတ်နှင့် ခိုင်းလုံကျေးရွာအုပ်စုများတွင် ‘ဝ’တပ်ဖွဲ့ UWSA...

UWSA ထိန်းချုပ်သည့် နမ့်တစ်ရှိ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ပိတ်ထား

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း ‘ဝ’ တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ ရှိ မန်ခါးဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ UWSA ထိန်းချုပ်သည့် နမ့်တစ်မြို့ နယ်စပ်ဂိတ်ကို သြဂုတ်(၂၄)ရက်တွင် တရုတ်နိုင်ငံဘက်မှ စတင်ပိတ်လိုက်ပြီး၊ ကုန်သွယ်ပစ္စည်း သယ်ယူခွင့်ကို ကန့်သတ်ထားကာ ကျန်ရှိနေသည့် ဆောဖားဂိတ်နှင့် ပန်ဆန်းဂိတ်ကြီးတွင်လည်း...

‘ဝ’အရာရှိဟောင်းနှစ်ဦး ထပ်မံရှာဖွေခံရပြီးနောက် UWSA က တရုတ်ကျားဖြန့် ၃၀၀ ကျော်ကို တရုတ်ရဲထံ လွှဲအပ်

သျှမ်းပြည် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၁၆) ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့ရှိ တရားစီရင်ရေးဌာန လက်အောက်ခံ...

UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦးကို တရုတ်ရဲ က တန့်ယန်းအထိ ထပ်မံလာရောက်ရှာဖွေ

သျှမ်းပြည် တန့်ယန်းမြို့နယ်သို့ တရုတ်က အလိုရှိနေသည့် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် (၂) ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ ထပ်မံလာရောက် ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ် မိုင်းကောင်၊ မိုင်းဟဒေသဘက်သို့ တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့က...

လားရှိုးမြို့သို့ UWSA စစ်အင်အားထပ်ဖြည့်

သျှမ်းပြည် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရခမ အခြေစိုက်ရာ လားရှိုးမြို့သို့ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ စစ်အင်အား ထပ်မံဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၇ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ...

လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့်မိသားစုများကို UWSA ကယ်ထုတ်ပြီး မိုင်းရယ်သို့ ပို့ဆောင်ဟုဆို

သျှမ်းပြည် လားရှိုးမြို့ရှိ အကျဉ်းထောင်မှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် မိသားစုများကို ‘ဝ’တပ်ဖွဲ့ UWSA မှ ကယ်ထုတ်ပြီး မိုင်းရယ်မြို့သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့် မိသားစုဝင် (၁၂၀)...

လားရှိုးမြို့”ဝ” ပြင်ပဆက်ဆံရေးရုံးနှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် UWSA လုံခြုံရေးတပ်စွဲ

သျှမ်းပြည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ပေါ်ရှိ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန် အတွက် UWSA မှ ဝင်ရောက်နေရာယူ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့ပေါ်သို့ ယမန်နေ့ (ဇူလိုင်လ ၂၇...

SSPP နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံဆွေးနွေး

မဟာမိတ်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှစ်ဘက်ခေါင်းဆောင်များသည် ‘ဝ’ဒေသ ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့၌ SSPP ဘက်မှ...

စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်ချီရောက်ရှိ

သျှမ်းမြောက် စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်နှင့်ချီရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၁၀) ရက်မှစတင်ပြီး “ဝ “သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ တပ်အင်အား ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ တန့်ယန်းမြို့ထဲသို့ အင်အားဖြည့်တင်းလာခဲ့သည်ဟု စစ်ရေးသတင်း...

မြန်မာ-ထိုင်းနယ်စပ် ပုံပါကျင်မြို့ရှိ BP-1ဂိတ် ဖွင့်ပေးရန် ဒေသခံများကပြော

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့ရှိ BP-1 နယ်စပ်ဂိတ်ကို နှစ်ဘက်အစိုးရ အနေဖြင့် ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။ BP-1 နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်ပြီး ပုံပါကျင်မြို့မှ ကားဖြင့်သွားပါလျှင် မိနစ် (၃၀)ခန့်သာ ကြာသည်။ လက်ရှိ ပုံပါကျင်မြို့မှ ဒေသခံများသည် ကျန်းမာရေးအတွက် ဆေးကုသမည်ဆိုပါက တာချီလိတ်မြို့မှသို့သာ အားကိုးသွားလာနေရကြောင်း၊ ပုံပါကျင်မြို့မှ...

Latest news