လားရှိုးမြို့”ဝ” ပြင်ပဆက်ဆံရေးရုံးနှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် UWSA လုံခြုံရေးတပ်စွဲ

သျှမ်းပြည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ပေါ်ရှိ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန် အတွက် UWSA မှ ဝင်ရောက်နေရာယူ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့ပေါ်သို့ ယမန်နေ့ (ဇူလိုင်လ ၂၇ ရက်) ညပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲခဲ့သည်မှာ မှန်ကန်ကြောင်း ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

“လားရှိုးမြို့နယ်ရှိ ကျနော်တို့ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် ‘ဝ’လုံခြုံရေး တပ်ဖွဲ့ဝင်များကို ၂၇ရက်နေ့ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်။ မြို့သို့ မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏ သဘောတူညီချက်နှင့် အဆင်ပြေစွာ ဝင်ရောက်ခဲ့တာ ဖြစ်တယ်”ဟု ‘ဝ’ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

လားရှိုးမြို့ရှိ ‘ဝ’တပ်ဖွဲ့ UWSA ၏ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် မြို့ထဲသို့ မဝင်ရောက်ခင်ကတည်းက တိုက်ပွဲဖြစ်ပွားနေသည့် အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းအဖွဲ့များ၏ သဘောတူညီချက်နှင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA ၏ ပြင်ပဆက်ဆံရေးရုံးသည် လားရှိုးမြို့ ရပ်ကွက်(၁) ပါရမီလမ်းအတွင်း တည်ရှိပြီး ပြည်နယ်ရဲစခန်း၊ လားရှိုးတက္ကသိုလ်တို့နှင့် နီးကပ်လျက် ရှိသည်။

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် ‘ဝ’တပ်ဖွဲ့ UWSA အနေဖြင့် မြို့ပေါ် မည်သည့်နေရာများတွင် တပ်စွဲနေရာယူထားကြောင်း မသိရှိရသေးဘဲ သျှမ်းသံတော်ဆင့်မှ ဒေသခံများထံ ဆက်လက်စုံစမ်းနေသည်။

“လားရှိုးမြို့တွင် တပ်စွဲထားတဲ့ကျနော်တို့ ‘ဝ’လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မှာ မဟုတ်ပါ။ လားရှိုးမြို့နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်း‌‌‌ရေး အမြန်ဆုံးရဖို့ကို မျှော်လင့်ပါတယ်”ဟု ‘ဝ’ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့အုပ်ချုပ်ရေးကို လွှဲပြောင်းရယူလိုက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် ‘ဝ’တပ်ဖွဲ့ UWSA က တိုက်ပွဲဖြစ်ပွားနေသည့် အဘက်ဘက်နှင့် ညှိနှိုင်းကာ လားရှိုးမြို့ပေါ် ဝင်ရောက်တပ်စွဲလာခြင်းဖြစ်သည်။

အလားတူ ဇူလိုင်လ ၁၀ ရက်မှ စတင်ပြီး တန့်ယန်းမြို့နယ်ထဲသို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တပ်အင်အား ၂၀၀၀ ကျော်ဖြင့် သံလွင်မြစ်အနောက်ဘက်သို့ ကမ်းကူး၍ အင်အားဖြည့်တင်းလာခဲ့ပြီး အချို့မှာ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့သို့ ဆက်လက်ချီတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဟု ကိုးကန့်တပ်ဖွဲ့က ကြေညာထားသော်လည်း လားရှိုး ရမခ စစ်တိုင်းဌာနချုပ်၊ AT ဝန်တင်တပ်ရပ်း၊ အမှတ် (၆၀၀၇) တင့်ကားတပ်၊ အမှတ် (၇) အဆင့်မြင့် ဆက်သွယ်ရေးတပ်၊ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်၊ အမှတ် (၃၄၆) အမြောက်တပ်၊ အမှတ် (၆၂၆) ထောက်ပို့တပ်၊ လားရှိုးလေတပ်ဆွယ်တို့ ကျန်ရှိနေသေးသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နိုင်ကြောင်း သိရသည်။

‘ဝ’ တပ်ဖွဲ့ UWSA အနေဖြင့် တန့်ယန်းမြို့သို့ ဦးစွာ ဝင်ရောက်တပ်စွဲပြီးနောက် ယခုအခါ လားရှိုးမြို့ပေါ်သို့ ထပ်မံဝင်ရောက်လာခြင်းသည် သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေးအတွင်း ဒုတိယအကြိမ် ပါဝင်ပတ်သက်လာခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့အပြင် ကချင်လွတ်လပ်ရေးတပ် KIA ၊ သျှမ်းတပ် SSPP/SSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေး ကော်မတီ FPNCC တွင် ‘ဝ’ တပ်ဖွဲ့ UWSA က ဉက္ကဋ္ဌ တာဝန်ယူထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...