သျှမ်းအရှေ့ UWSA မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းပြီး စစ်သင်တန်းပေး

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ အသက် (၁၅) နှစ်အထက် ကျား၊မ အားလုံးကို လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးနေကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုင်းတုံမြို့နယ်အတွင်းရှိ မုံးထော်-မုံးထ၊ ဟွေအော်၊ ဟိုပန်၊ ဟိုရွက်၊ မိုင်းကျွတ်နှင့် ခိုင်းလုံကျေးရွာအုပ်စုများတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ အသက် (၁၅) နှစ်အထက် ကျား/မ အားလုံးကို စစ်မှုထမ်းရန် လူသစ်စုဆောင်းနေကြောင်း မိုင်းတုံဒေသခံများက ပြောသည်။

“အခုစစ်သားကောက်တာ ပိုဆိုးလာပြီ။ စာရင်းထဲပါတဲ့ ဝ လူမျိုးတွေကို ကောက်နေတာ။ သူတို့နယ်မြေထဲ မဟုတ်ရင်တော့ တခြားလူမျိုးဆို မခေါ်သေးဘူး။ တခြားလူမျိုးနဲ့ အိမ်ထောင်ကျပြီး မွေးလာတဲ့ ဝ ကလေးတွေလည်း ယူတယ်။ အသက် (၁၅) နှစ်က စပြီး ယောကျ်ားလေး၊ မိန်းကလေး အကုန်သွားရမယ်ဆိုပြီး ပြောတာ”ဟု မိုင်းတုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဩဂုတ်လ (၁၅) ရက်က ကျိုင်းတုံမြို့တွင် စစ်ကောင်စီတပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် ထိုင်းနယ်စပ်ရှိ မိုင်းတုံ၊ ပုံပါကျင်နှင့် မုံးထမြို့များဘက်တွင် ‘ဝ’တပ်ဖွဲ့မှ တပ်သားစုဆောင်းမှု ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

UWSA တပ်

“အခု နှစ်ရက် သုံးရက်အတွင်းကို စာရင်းကောက်ထားတာ မြန်မြန်လုပ်နေတယ်။ စစ်ရေးလေ့ကျင့်ဖို့ သွားတာဆိုရင် အကုန်လုံး လူငယ်တွေပဲ။ မိုင်းကျွတ်ဘက်ကို သွားနေတာ။ တချို့လည်း ကျောင်းနားပြီးတော့ စစ်သင်တန်းသွားတက်ကြတာ ရှိတယ်။ ဟိုပန်၊ ဟိုရွက်ဘက်မှာ ‘ဝ’ရဲ့ ၄၆ တပ်က ခေါ်တယ်လို့ ပြောတယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းတုံမြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA မှ လူသစ်စုဆောင်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပြီး ယခုကဲ့သို့ တပ်သားသစ် စုဆောင်းခြင်းနှင့် ပတ်သက်၍ ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းထံသို့ သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်ရှိ အမှတ်(၁၇၁) ‘ဝ’တောင်ပိုင်းတပ်မှ ဝ တပ်သားများလည်း တိုက်ပွဲပြင်းထန်နေသည့် သျှမ်းပြည်မြောက်ပိုင်း စစ်မြေပြင်သို့ သွားရောက်နေရကြောင်း ဒေသခံများက ဆိုသည်။

“ဒီဘက်လည်း စစ်သားကောက်တယ် ဆိုတော့ အခြေအနေက ရှုပ်လာမယ်လို့ထင်တယ်။ တောင်ပိုင်းက စစ်သားတွေကို အပေါ်ဘက် ခေါ်သွားတယ်။ ပုံမှန်တွေ့နေကျ ဝ စစ်သားတွေလည်း မတွေ့တော့ဘူး၊ အကုန်လုံး မြောက်ပိုင်းရောက်ကုန်ပြီ။ စစ်သင်တန်းပေးပြီးရင် အပေါ်ဘက် ပို့မလား၊ ဒီဘက်မှာပဲ အင်အားဖြည့်မလား မပြောတတ်သေးဘူး”ဟု မိုင်းတုံဒေသခံ အမျိုးသားက ဆက်ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ‘ဝ’တပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ (၁၇၁) တွင် တပ်မဟာ (၅) ခု၊ တပ်ရင်း (၂၅) ခုဖြင့် ဖွဲ့စည်းထားပြီး ‘ဝ’လူဦးရေ တစ်သိန်းခန့် နေထိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA ၏ မိုင်းမောမြို့ဘက်မှလာသည့် တပ်မ (၃၁၈) လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ် မိုင်းကျက်၊ မိုင်းယော်ဘက်မှတဆင့် မြို့ပေါ်သို့ ပထမဆုံး ဝင်ရောက်တပ်စွဲခဲ့သည်။

၎င်းမတိုင်မီ ဇူလိုင်လ ၁၀ ရက်တွင် တန့်ယန်းမြို့နယ်ထဲသို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တပ်အင်အား ၂၀၀၀ ကျော်ဖြင့် သံလွင်မြစ်အနောက်ဘက်သို့ ကမ်းကူး၍ အင်အားဖြည့်တင်းလာခဲ့ပြီး အချို့မှာ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့သို့ ဆက်လက်ချီတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

UWSA ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် အရာရှိနှစ်ဦး ကျားဖြန့်မှုဖြင့် ထောင်ချခံရ

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်ခံကာကွယ်ပေးခဲ့သည့် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် ‘ဝ’အရာရှိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ တစ်ခုတွင် ဒုတပ်ရင်မှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၀) နှစ်အရွယ် ကျိုးရှီးကုန်း (Zhou Xigong)...

မိုင်းပေါက် ဓားပြတိုက် ပြစ်မှုကျူးလွန်သည့် အမျိုးသား ၃ ဦး ကို UWSA က သေဒဏ်ချ

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် ဓားပြတိုက်ကာ လူကိုသေစေသည့်အထိ ကျူးလွန်ခဲ့သော အမျိုးသား ၃ ဦးကို သေဒဏ်ချမှတ်ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းတွင် မိုက်ပေါက်မြို့၌ UWSA က ဓားပြတိုက်သည့် ပြစ်မှုကကျူးလွန်ခဲ့သူ အမျိုးသား ၃...