မြန်မာ-ထိုင်းနယ်စပ် ပုံပါကျင်မြို့ရှိ BP-1ဂိတ် ဖွင့်ပေးရန် ဒေသခံများကပြော

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့ရှိ BP-1 နယ်စပ်ဂိတ်ကို နှစ်ဘက်အစိုးရ အနေဖြင့် ပြန်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။

BP-1 နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်ပြီး ပုံပါကျင်မြို့မှ ကားဖြင့်သွားပါလျှင် မိနစ် (၃၀)ခန့်သာ ကြာသည်။

လက်ရှိ ပုံပါကျင်မြို့မှ ဒေသခံများသည် ကျန်းမာရေးအတွက် ဆေးကုသမည်ဆိုပါက တာချီလိတ်မြို့မှသို့သာ အားကိုးသွားလာနေရကြောင်း၊ ပုံပါကျင်မြို့မှ တာချီလိတ်မြို့သို့ သွားသည့် ကားလမ်းသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကာ ဝေလံမှုကြောင့် အခက်အခဲများစွာရှိကြောင်း ပုံပါကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ BP-1 ကနေ ထိုင်းဘက်ဝင်ရင် မိနစ် ၃၀ပဲ။ အခုက မိုင်းတုံ၊ မိုင်းဆတ်ကို ဖြတ်ပြီး တာချီလိတ်ကိုသွားရတယ်။ လမ်းခရီးက ၇နာရီကျော်လောက်ကြာတယ်။ လမ်းကလည်း အရမ်းဆိုးတယ်လေ။ ဒါကြောင့် BP-1 ဂိတ်ဖွင့်ရင်တော့ ထိုင်းဘက်ကို သွားရ လာရ ဆေးကုဖို့ပိုလွယ်တယ်” ဟု ဒေသခံ အမျိုးသားက ဆိုသည်။

ပုံပါကျင်မြို့မှ တာချီလိတ်မြို့သို့ ကားလမ်းခရီး (၇)ကျော်မောင်းနှင်ရပြီး၊ လိုင်းကားစီးပါက တစ်ဦးလျှင် ဘတ် (၁၀၀၀) မြန်မာငွေကာလပေါက်စျေး ကျပ်တစ်သိန်းကျော်ရှိကြောင်း သိရသည်။

“ မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်၊ မုံးထမြို့ အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေက မတော်တဆယာဉ်တိုက်မှု ဒါမှမဟုတ် အရေးပေါ်အခြေအနေတစ်ခုခု ကြုံတွေ့ရရင် ထိုင်းဘက်ကိုသွားပြီး ဆေးကုသမှုခံယူလေ့ရှိကြတယ်။ ဂိတ်မဖွင့်တော့ တာချီလိတ်-မယ်ဆိုင်ဘက်မှတဆင့် သွားရပြီး တာချီလိတ်မြို့မှာ တစ်ညလောက်တည်းရတယ်။ အခြေအနေ အရမ်းဆိုးဝါး နေတဲ့ လူနာတွေ အတွက်တော့ အဆင်မပြေဘူး” ဟု အဆိုပါ လမ်းကို အသုံးပြုသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိမှာလည်း BP-1 နယ်စပ်ဂိတ် မဖွင့်သေးသော်လည်း BP-1 ဂိတ်နှင့်မဝေးသည့် ကျေးရွာများမှ ဒေသခံများသည် ဘတ် (၆၀၀၀)ကျော် မြန်မာကျပ်ငွေ ကာလပေါက်စျေး ၆သိန်းကျော်ပေးပြီး တရားမဝင် ဖြတ်သန်းနေကြောင်း သိရသည်။

ထိုBP-1 နယ်စပ်ဂိတ် အနီးတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီ (RCSS/SSA) တို့ လှုပ်ရှားနေသည့် ဒေသလည်းဖြစ်ပြီး ထိုဂိတ်ကို ၂၀၀၅-၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် မြန်မာအစိုးရက ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

အလုပ်သင် သတင်းထောက် စိုင်းကွမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...