Tuesday, January 27, 2026

စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်ချီရောက်ရှိ

သျှမ်းမြောက် စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်နှင့်ချီရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၀) ရက်မှစတင်ပြီး “ဝ “သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ တပ်အင်အား ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ တန့်ယန်းမြို့ထဲသို့ အင်အားဖြည့်တင်းလာခဲ့သည်ဟု စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ‘ဝ’ တပ်ဖွဲ့က နေပြည်တော်မှာ စစ်ကောင်စီနဲ ညှိနှိုင်းပြီး တန့်ယန်းမြို့ထဲကိုဝင်လာတာပါ။ တန့်ယန်းမြို့ထဲကို အင်အား ၂,၀၀၀ ကျော် ရောက်နေပြီ။ မနေ့ နေ့ နဲ့ ညက အင်အားဖြည့်လာတာ။တန့်ယန်းကို သူတို့ ထိန်းချုပ်ထားတဲံသဘောပဲ” ဟု စစ်ရေးသတင်းမြစ်က ပြောသည်။

တန့်ယန်းမြို့သို့ အင်အားဖြည့်တင်းလာသည့် “ဝ”တပ်ဖွဲ့ USWA မှာ ထိုင်းနယ်စပ် အမှတ် (၁၇၁) စစ်ဒေသမှ အင်အား ၁,၅၀၀ ကျော်နှင့် တပ်မဟာ ၃၁၈ မှ အင်အား ၅၀၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ UWSA တပ်သားအချို့သည် လားရှိုးမြို့သို့ ဆက်လက်ချီတက်ပြီး အချို့သည် တန့်ယန်းမြို့တွင် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။ သို့သော် အသေးစိတ်ကို သျှမ်းသံတော်ဆင့် က ဆက်လက်မေးမြန်းနေသေးသည်။

လက်ရှိ သျှမ်းမြောက်ဒေသကို ‘ဝ’တပ်ဖွဲ့ USWAမှ ရုတ်တရက်အင်အားဖြည့်တင်းလာရသည့် အကြောင်းအရင်းအား မိုင်းရယ်၊ တန့်ယန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများ မကျရေးအတွက် စစ်ကူအနေဖြင့် လာရောက် ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။

ထို့အပြင် သျှမ်းမြောက်ဒေသမှာ တိုက်ပွဲဖော်ဆောင်သော MNDAA နှင့် TNLA ၏နောက်ကွယ်တွင် ‘ဝ’ တပ်ဖွဲ့ UWSA မှပါဝင်ပတ်သက်မှုရှိနေသည်ဆိုသည့် တရုတ်အစိုးရ၏ သံယယစိတ်အပေါ် မရှိစေရန်အတွက် ပြသကြောင်း သူကဆက်ပြောသည်။

ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း ဇန်နဝါရီလ ၅ ရက်တွင်လည်း ဟိုပန်မြို့နှင့် ပန်လုံမြို့ကို မြောက်ပိုင်း မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားစဉ် “ဝ”တပ်ဖွဲ့ USWA မှအင်အားဖြည့်တင်းပြီး အလံလွှင့်တင်ခဲ့ဖူးသည်။

ထို့နောက် ဇန်နဝါရီလ ၁၀ ရက်တွင် ဟိုပန်မြို့နှင့် ပန်လုံမြို့တို့ကို ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအဖြစ် လွှဲအပ်ပေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...