လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့်မိသားစုများကို UWSA ကယ်ထုတ်ပြီး မိုင်းရယ်သို့ ပို့ဆောင်ဟုဆို

သျှမ်းပြည် လားရှိုးမြို့ရှိ အကျဉ်းထောင်မှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် မိသားစုများကို ‘ဝ’တပ်ဖွဲ့ UWSA မှ ကယ်ထုတ်ပြီး မိုင်းရယ်မြို့သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့် မိသားစုဝင် (၁၂၀) ဦးခန့်ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တိုက်ပွဲကြား ကယ်ထုတ်သွားပြီး မိုင်းရယ်မြို့သို့ ပို့ဆောင်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲထဲ ပိတ်မိနေတဲ့ လားရှိုးထောင်က ဝန်ထမ်းနဲ့ သူတို့မိသားစုတွေကို ခေါ်ထုတ်သွားတာ။ ‘ဝ’ရဲ့ ကားတွေနဲ့ မိုင်းရယ်ဘက် ပို့လိုက်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA မှ လားရှိုးအကျဉ်းထောင် ဝန်ထမ်းနှင့် မိသားစုများကို တိုက်ပွဲကြား ကယ်ထုတ်ကာ မိုင်းရယ်သို့ ပို့ဆောင်လိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းခဲ့ရာ အထက်သို့ ထပ်မံမေးမြန်းဦးမည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

လားရှိုးအကျဉ်းထောင်တွင် တိုက်ပွဲကြား ပိတ်မိနေသည့် ထောင်ဝန်ထမ်းနှင့် မိသားစုဝင် (၁၂၀) ဦးခန့်ကို ‘ဝ’တပ်ဖွဲ့ UWSA မှ ကယ်ထုတ်ပြီး မိုင်းရယ်ဘက်သို့ ပို့ဆောင်ပေးလိုက်ကြောင်း ပြောဆိုနေကြသော်လည်း သျှမ်းသံတော်ဆင့်မှ ဒေသခံများထံ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်ကြီး (၁၂) ရှိ လားရှိုးအကျဉ်းထောင်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သဖြင့် ထောင်တွင် ကျန်ရှိခဲ့သည့် အရာရှိငယ်များမှ ဖွင့်ပေးလိုက်၍ အကျဉ်းကျခံနေသူ အားလုံး လွတ်မြောက်သွားကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောဆိုသည်။

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ပြည်သူ့လွှတ်တော် ဉက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လားရှိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA ၏ မိုင်းမောမြို့ဘက်မှလာသည့် တပ်မ (၃၁၈) လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ် မိုင်းကျက်၊ မိုင်းယော်ဘက်မှတဆင့် မြို့ပေါ်ဝင်ရောက်တပ်စွဲခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...