Wednesday, January 28, 2026

လားရှိုးမြို့သို့ UWSA စစ်အင်အားထပ်ဖြည့်

သျှမ်းပြည် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရခမ အခြေစိုက်ရာ လားရှိုးမြို့သို့ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ စစ်အင်အား ထပ်မံဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၇ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တန့်ယန်း-မိုင်းရယ်ဘက်မှတဆင့် ကားကြီးများဖြင့် စစ်အင်အား အများအပြား ထပ်မံဖြည့်တင်းလာကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က ‘ဝ’အလံ ထောင်ထားတဲ့ ကားကြီးကော ကားသေးတွေကော (၁၀) စီးထက်မနည်း တက်သွားတယ်။ တန့်ယန်း-မိုင်းရယ်လမ်းကနေ လားရှိုးဘက် ညနေပိုင်းမှာ ဆက်သွားခဲ့တာ”ဟု စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ ထပ်မံအင်အားဖြည့်တင်းလာခြင်းနှင့် ပတ်သက်ပြီး ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ ဇူလိုင်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA ၏ မိုင်းမောမြို့ဘက်မှလာသည့် တပ်မ (၃၁၈) လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ် မိုင်းကျက်၊ မိုင်းယော်ဘက်မှတဆင့် မြို့ပေါ်သို့ ပထမဆုံး ဝင်ရောက်တပ်စွဲခဲ့သည်။

ဩဂုတ်လဆန်းပိုင်းတွင်လည်း လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့် မိသားစုဝင် (၁၂၀) ဦးခန့်ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တိုက်ပွဲကြား ကယ်ထုတ်သွားပြီး မိုင်းရယ်မြို့သို့ ပို့ဆောင်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း မိသားစုဝင် ၁၀၀၀ ခန့်ကို MNDAA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်လွှတ်ပေးခဲ့ရာ ‘ဝ’တပ်ဖွဲ့ UWSA နှင့် သျှမ်းတပ် SSPP/SSA တို့က တဆင့်ကူညီ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‘ဝ’တပ်ဖွဲ့ UWSA မှ လားရှိုးမြို့ပေါ်သို့ စစ်အင်အား ထပ်မံဖြည့်တင်းလာခြင်းသည် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း၏ မြန်မာနိုင်ငံ လာရောက်မည့် ခရီးစဉ်အပြင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်များအကြား (၆) ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ ပြန်လည်စတင်ရန် စီစဉ်နေသည့် ကာလနှင့်လည်း တိုက်ဆိုင်နေသည့်အတွက် ထပ်မံစောင့်ကြည့်ရမည်ဖြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

0
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...