UWSA ထိန်းချုပ်သည့် နမ့်တစ်ရှိ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ပိတ်ထား

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း ‘ဝ’ တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ ရှိ မန်ခါးဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

UWSA ထိန်းချုပ်သည့် နမ့်တစ်မြို့ နယ်စပ်ဂိတ်ကို သြဂုတ်(၂၄)ရက်တွင် တရုတ်နိုင်ငံဘက်မှ စတင်ပိတ်လိုက်ပြီး၊ ကုန်သွယ်ပစ္စည်း သယ်ယူခွင့်ကို ကန့်သတ်ထားကာ ကျန်ရှိနေသည့် ဆောဖားဂိတ်နှင့် ပန်ဆန်းဂိတ်ကြီးတွင်လည်း စစ်ဆေးမှု တင်းကြပ်လာကြောင်း ဟိုပန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဩဂုတ်လ အစကတည်းက စစ်ဆေးမှု တင်းကြပ်လာတယ်။ ဩဂုတ်လ ၂၄ ရက်မှာတော့ လုံးဝပိတ်ချလိုက်တယ်။ ကုန်သည်တွေ ပစ္စည်းသယ်တာလည်း ပိတ်ထားတယ်။ ကျန်တဲ့ ဆောဖားဂိတ်နဲ့ ပန်ဆန်းဂိတ်ကြီးတွေတောင် စစ်ဆေးတာတွေ အရမ်းတင်းကြပ်ပြီး ပိတ်မယ်လို့ ကြားတယ်”ဟု ၎င်းကုန်သည် အမျိုးသားက ပြောသည်။

UWSA ထိန်းချုပ်တဲ့ နမ့်တစ်နယ်စပ်ဂိတ်

မန်ခါးဂိတ်ကို တရုတ်ဘက်မှ ပိတ်ပင်ထားခြင်းဖြစ်ကြောင့် ပြည်သူများ ကုန်စည်သွားလာမှုနှင့် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး နမ့်တစ်မြို့နှင့် ဆက်စပ်နေသည့် ဟိုပန် ၊ ပန်လုံ ၊ ပန်ဝိုင်ဒေသတွင် ကုန်စည်စီးဆင်းမှုများ ရပ်တန်းလိုက်ရသည်။

ထို့အပြင် တရုတ်နိုင်ငံသို့ ဆေးကုသရန် လိုအပ်နေသည့် လူနာများအတွက် ယခုကဲ့သို့ ဂိတ်များပိတ်ထားမှုကြောင့် ပြည်သူလူထု အများအပြား ဒုက္ခရောက်ပြီး စိုးရိမ်နေရကြောင်း သိရသည်။

“အဲဂိတ်ပိတ်လိုက်တော့ ‘ဝ’ဒေသထဲကို စီးပွားရေး လုပ်နေတဲ့သူတွေ၊ ပြီးတော့ ‘ဝ’ဒေသက လာတဲ့ ကုန်စည်တွေကို အားကိုးနေရတယ်လေ။ ပြည်သူတွေအတွက်တော့ စားဝတ်နေရေးက အစ စိုးရိမ်နေရပြန်တယ်။ ဆေးကုသမှု လိုအပ်ရင်ရော ဘယ်လိုလုပ်မလဲ” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှ စတင်ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မူဆယ်မြို့နယ်မှ ပန်ဆိုင်းနှင့် ကျင်းစန်းကျော့ နယ်စပ်ဂိတ်တို့အပြင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်မှ နောင်တောင်း ကုန်သွယ်ရေးသီးသန့်ဂိတ်တို့ကို တရုတ်အာဏာပိုင်ဘက်မှ စတင်ပိတ်ပင်လိုက်ကြောင်း ကုန်သည်များက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ်လ ၁၄ ရက်တွင် နေပြည်တော်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပြီး (၂) ပတ်အကြာ မြန်မာ-တရုတ်နယ်စပ်၌ တရုတ်ဘက်မှ ဩဂုတ်လ (၂၇) ရက်မှ စတင်ပြီး သုံးရက်ကြာမြင့်မည့် စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း ဆိုသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...