‘ဝ’အရာရှိဟောင်းနှစ်ဦး ထပ်မံရှာဖွေခံရပြီးနောက် UWSA က တရုတ်ကျားဖြန့် ၃၀၀ ကျော်ကို တရုတ်ရဲထံ လွှဲအပ်

သျှမ်းပြည် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းသိရသည်။

ဩဂုတ်လ (၁၆) ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့ရှိ တရားစီရင်ရေးဌာန လက်အောက်ခံ ‘ဝ’ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃၀၈) ဦးကို တရုတ်နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း ‘ဝ’တပ်ဖွဲ့မှ ဩဂုတ် (၁၇) ရက်တွင် သတင်းထုတ်ပြန်သည်။

‘ဝ’ဒေသတွင် ယခုတစ်ကြိမ် ဖမ်းဆီးမှုသည် ၂၀၂၄ ခုနှစ်အတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူများကို ဖမ်းဆီးရမိသည့် အရေအတွက် အများဆုံးဖြစ်ကြောင်း ဖော်ပြထားပြီး ၎င်းတို့၏ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ အားလုံးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ (၁၇) ရက်နှင့် (၁၉) ရက်ကလည်း အွန်လိုင်းကျားဖြန့်ခေါင်းဆောင် တရုတ်နိုင်ငံသား နောက်ထပ် (၉) ဦးကို ‘ဝ’ရဲတပ်ဖွဲ့က တရုတ်ရဲထံ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့အထဲမှ (၃) ဦးသည် ကိုးကန့်ဒေသရှိ ကျားဖြန့်လုပ်ကိုင်သူများနှင့် ပတ်သက်နေသည်ဟု ဆိုသည်။

ထို့အပြင် အွန်လိုင်းကျားဖြန့် လိမ်လည်လုပ်ကိုင်သူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ တရားစီရင်ရေးဌာနသို့ သတင်းပေး တိုင်ကြားပါက ဆုချီးမြှင့်မည်ဟုလည်း ထုတ်ပြန်ထားသည်။

ကျားဖြန့် ဖမ်းဆီးပြီး တရုတ်လက်ထဲအပ်နေပုံ

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်သို့ တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့က တရုတ်အလိုရှိနေသည့် ‘ဝ’တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို ထပ်မံလာရောက် ရှာဖွေခဲ့သည်။

၎င်းနောက်တွင် ‘ဝ’တပ်ဖွဲ့က ၎င်းဒေသအတွင်း ကျားဖြန့်လုပ်ကိုင်သူများကို ထပ်မံဖမ်းဆီးကာ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အွန်လိုင်းကျားဖြန့် လုပ်ငန်းများကို တိုက်ဖျက်မည်ဟု ကြွေးကြော်ပြီး သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သော်လည်း မူဆယ်မြို့တွင် ကျားဖြန့်လုပ်ကိုင်သူများ နေရာပြောင်းရွှေ့ လုပ်ကိုင်လာကြောင်း ဒေသခံများက ပြောသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မသိမ်းပိုက်မီ ဇူလိုင်လ (၂၇) ရက်မှ စတင်ပြီး စစ်ကောင်စီ၏ သဘောတူညီမှုဖြင့် ‘ဝ’တပ်ဖွဲ့ UWSA လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအများအပြားက လားရှိုးမြို့ပေါ် ဝင်ရောက်တပ်စွဲထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...