Tuesday, January 27, 2026

UWSA တောင်ပိုင်းတပ်မှ စစ်မှုထမ်း ၄ ထောင် စုဆောင်းရန် ပြည်ပရောက် ဝ အမျိုးသားများ နေရပ်ပြန်ခေါ်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ စစ်မှုထမ်း တပ်သားသစ် (၄၀၀၀) စုဆောင်းမည်ဖြစ်ပြီး ပြည်ပရောက် ‘ဝ’အမျိုးသားများကို နေရပ်ပြန်ခေါ်နေကြောင်း စုံစမ်းသိရသည်။

မိုင်းဆတ်ခရိုင်အတွင်း နေထိုင်ပြီး လာအိုနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်နေသည့် ‘ဝ’အမျိုးသားများကို အမြန်ဆုံး နေရပ်ပြန်ပြီး စစ်ရေးကော်မတီများထံ စက်တင်ဘာလ (၇) ရက် နောက်ဆုံး စာရင်းပေးသွင်းရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ ဩဂုတ်လ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

“စကောက်တာကတော့ ပြီးခဲ့တဲ့ လကတည်းက၊ စစ်သားကောက်မယ်လို့ စပြီး ကြေညာကတည်းကပဲ။ သတင်းမှာ တက်တာတော့ သိပ်မတွေ့ဘူးလေ။ ဘယ်မှာပဲ ရောက်ရောက် အကုန်ခေါ်တယ်။ သားမရှိရင် အဖေကို ယူတယ်၊ သားက အဖေကို သွားပြီး အစားမထိုးခင်အထိ ခေါ်ထားတာ”ဟု မိုင်းတုံမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA တောင်ပိုင်းတပ် (၁၇၁) စစ်ဒေသအတွင်း နေထိုင်ပြီး ပြည်ပရောက်နေသူများသည် သတ်မှတ်ချိန် ကျော်လွန်၍ စာရင်းပေးသွင်းရန် ပျက်ကွက်ပါက အုပ်ချုပ်ရေးနှင့် စစ်ရေးကော်မတီ၏ ဖမ်းဆီးအရေးယူခံရမည် ဖြစ်ပြီး စစ်မှုထမ်းရန် တပ်သားသစ် (၄၀၀၀) အထိ စုဆောင်းသွားမည်ဟုလည်း ဒေသခံများက ပြောသည်။

UWSA တပ်သားများ

ယခုကဲ့သို့ ‘ဝ’တောင်ပိုင်းတပ်၏ (၁၇၁) စစ်ဒေသအတွင်း တပ်သားသစ် (၄၀၀၀) အထိ စုဆောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုမေးမြန်းရန် UWSA တောင်ပိုင်းဆက်ဆံရေးအဖွဲ့သို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

“စစ်သားတွေက တော်တော်များများကို လားရှိုးလုံခြုံရေးအတွက် ခေါ်သွားပြီ။ ဒီဘက်မှာ ရှိတဲ့ တချို့တပ်စခန်းတွေဆိုရင် အရင်က အင်အား ၆၀ လောက်ရှိတဲ့ တပ်က အခု ၁၅ ယောက်‌ အဲ့လောက်ပဲ ကျန်တယ်။ အခု လူသစ်ကောက်တယ်ဆိုတာ လိုတဲ့ နေရာမှာ အင်အားပြန်ဖြည့်ဖို့”ဟု UWSA တောင်ပိုင်းတပ်မှ အရာရှိငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဩဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုင်းတုံမြို့နယ်အတွင်းရှိ မုံးထော်-မုံးထ၊ ဟွေအော်၊ ဟိုပန်၊ ဟိုရွက်၊ မိုင်းကျွတ်နှင့် ခိုင်းလုံကျေးရွာအုပ်စုများတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ အသက် (၁၅) နှစ်အထက် ကျား/မ အားလုံးကို စစ်မှုထမ်းရန် လူသစ်စုဆောင်းနေကြောင်း မိုင်းတုံဒေသခံများထံမှ သိရသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ‘ဝ’တပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ (၁၇၁) တွင် တပ်မဟာ (၅) ခု၊ တပ်ရင်း (၂၅) ခုဖြင့် ဖွဲ့စည်းထားပြီး ‘ဝ’လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ လားရှိုးမြို့ပေါ်သို့ ဝင်ရောက်တပ်စွဲခဲ့ပြီး ယင်းမတိုင်မီ တန့်ယန်းမြို့နယ်တွင်လည်း တပ်အင်အား ၂၀၀၀ ကျော် အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်မည်ဟုဆို

0
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်ရန် စစ်ကော်မရှင်က ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ “ရွေးကောက်ပွဲပြီးရင် စစ်မှုထမ်းတိုးခေါ်မယ်။ လာမယ့် ဧပြီလမှာ စစ်မှုထမ်း...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...