UWSA

ထိုင်းစစ်တပ်နှင့် UWSA အရာရှိငယ်များ နယ်စပ်တည်ငြိမ်ရေး တွေ့ဆုံဆွေးနွေး

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိငယ်များအကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာဖြေရှင်းရန် နယ်စပ်တည်ငြိမ်ရေးကိစ္စ မြေမြင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၁၈) ရက်တွင် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွားနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာတွင် နှစ်ဘက်တပ်ဖွဲ့ အရာရှိငယ်များအကြား တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးအတွက်...

ထိုင်းနှင့် UWSA အကြား နယ်နိမိတ်ပြဿနာဖြေရှင်းမှု ဘယ်အခြေအနေ ရောက်ပြီလဲ

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာ ပြန်လည်စတင်လာသည်မှာ ဒီဇင်ဘာလ (၁၈) ရက်တွင် တစ်လပြည့်မြောက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈၊ ၁၉) ရက်တို့တွင် ထိုင်းစစ်တပ်၏ ဖိတ်ခေါ်မှုကြောင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ “တာ့ထန်”...

ထိုင်းစစ်တပ်နှင့် UWSA အကြား နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီက ဆွေးနွေးမည်ဟု စစ်ကောင်စီပြော

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော...

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့ အခွန်အခများလို့ ပြည်သူအခက်တွေ့၊ ဖောင်ဆိပ်တံတားနား ကုန်စည်ကန့်သတ်ထား

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားစဉ် အခွန်အခ ကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် ဆိုင်ခန်းခွန်၊ အမှိုက်ခွန်၊ လျှပ်စစ်မီတာခွန် အစရှိသည့် အခွန်အခ ကောက်ခံမှု...

စစ်ကောင်စီ တြိဂံတိုင်းစစ်ဌာနချုပ်သည် UWSA နှင့် ထိုင်းစစ်တပ်ကြား အငြင်းပွားနေသည့် နယ်စပ်သို့သွားရောက်

မြန်မာ-ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားနေသည့် နယ်စပ်အနီးသို့ စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် သွားရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၅ နာရီခန့်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၆၅)...

ထိုင်းစစ်တပ်နှင့် UWSA အကြား စစ်ရေးတင်းမာမှု ကောလာဟလဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ပြောဆို

မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်းများနှင့် ထိုင်းစစ်တပ်တို့အကြား စစ်ရေးတင်းမာမှု အခြေအနေမှာ ကောလာဟလ ဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ UWSA က ပြောဆိုလိုက်သည်။ ‘ဝ’တပ်ဖွဲ့ UWSA သည် ထိုင်းစစ်တပ်နှင့် ရန်သူ မဟုတ်သလို စစ်ဖြစ်မည်ဟု မီဒီယာအချို့က...

တန့်ယန်းကျားဖြန့်လုပ်ကိုင်သူ အယောက် (၅၀) ဝန်းကျင်ထပ်မံ ဖမ်းဆီးရမိ

သျှမ်းပြည် တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂ ရက်) တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ထဲတွင် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား အယောက်(၃၀)ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး၊...

မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA (၁၇၁)စစ်ဒေသ တပ်စခန်း (၉) နေရာကို ဆုတ်ခွာရန် ထိုင်းစစ်တပ် တောင်းဆို

မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း(၁၇၁) စစ်ဒေသမှ...

တန့်ယန်းမြို့နယ် UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ ၈၀၀ နီးပါး တရုတ်ရဲလက်အပ်

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို ‘ဝ’တပ်ဖွဲ့ UWSA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တရုတ်နိုင်ငံသား (၇၆၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA...

လားရှိုးမြို့နယ် UWSA က အရပ်သားစစ်မှုထမ်းစာရင်းကောက်

သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်လာပြီးနောက် အရပ်သားများကို စစ်မှုထမ်းရန်ပြောဆို ခြိမ်းခြောက်နေကြကြောင်း သတင်းရရှိသည်။ လားရှိုးမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA ဝင်‌ရောက် ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာတွင် အောက်တိုဘာလမှ စ၍ အရပ်သားများကို စစ်မှုထမ်းရန် နာမည်စာရင်းများပေးခိုင်းပြီး၊ စာရင်းမပေးပါက ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုများ လည်း ရှိနေကြောင်း...

Latest news