ထိုင်းစစ်တပ်နှင့် UWSA အကြား စစ်ရေးတင်းမာမှု ကောလာဟလဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ပြောဆို

မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်းများနှင့် ထိုင်းစစ်တပ်တို့အကြား စစ်ရေးတင်းမာမှု အခြေအနေမှာ ကောလာဟလ ဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ UWSA က ပြောဆိုလိုက်သည်။

‘ဝ’တပ်ဖွဲ့ UWSA သည် ထိုင်းစစ်တပ်နှင့် ရန်သူ မဟုတ်သလို စစ်ဖြစ်မည်ဟု မီဒီယာအချို့က ချဲ့ကားပြောဆိုခြင်းနှင့် ပတ်သက်၍ စစ်ပွဲဖြစ်ရန် ရန်စပေးသည့် ကောလာဟလ များဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချကြောင်း ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်) ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် UWSA တောင်ပိုင်း (၁၇၁)စစ်ဒေသမှ (၆) ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်မှ ပြောဆိုခဲ့ကြောင်း ထိုင်းနှင့် မြန်မာ မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်နိမိတ်ပြဿနာများမှာ နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်ခေါင်းဆောင်များကို သတင်းပို့ထားကြောင်း ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ‘ဝ’လူငယ့်အသံကွန်ရက် မီဒီယာသို့ နိုဝင်ဘာလ (၂၅) ရက်တွင် ဖြေကြားထားသည်။

ထိုင်းစစ်တပ်မှ မယ်ဟောင်ဆောင်ခရိုင် ထိုင်း-မြန်မာ နယ်စပ်တကြောရှိ UWSA တပ်စခန်း (၉) နေရာကို ဒီဇင်ဘာလ (၁၈) ရက် နောက်ဆုံးထား၍ တစ်လအတွင်း တပ်ဆုတ်ပေးရန် ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဘက်တပ်များမှ အသင့်အနေအထား စစ်ပြင်ဆင်နေကြောင်း ဒေသခံများအကြား ပျံ့နှံ့သွားသည်ဟု ဆိုသည်။

UWSA

လတ်တလော ထိုင်း-မြန်မာနယ်စပ်တွင် အခြေအနေ ထူးခြားမှုမရှိဘဲ မီဒီယာများတွင် ဖော်ပြသကဲ့သို့ နှစ်ဘက်တပ်များမှ စစ်ရေးပြင်ဆင်ခြင်း မရှိဘဲ ‘ဝ’တပ်ဖွဲ့ဘက်မှ တပ်မဆုတ်ရန် တင်းခံထားခြင်းမျိုး မရှိကြောင်း ဝါရင့်တော်လှန်ရေးရဲဘော်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

အခြားတဘက်တွင် တင်းမာမှုများ ဖြစ်ပေါ်နေသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ ပထမဆုံးအကြိမ် စစ်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်ခဲ့သည်။

ထို့အပြင် UWSA တောင်ပိုင်းတပ် (၁၇၁) စစ်ဒေသအတွင်း နေထိုင်ပြီး ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်နေသူများကိုလည်း မိမိနေရပ်ဆီ ပြန်လာပြီး စစ်မှုထမ်းရန် ဩဂုတ်လ (၃၀) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး တပ်သားသစ် (၄၀၀၀) အထိ စုဆောင်းသွားမည်ဟုလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...