ထိုင်းစစ်တပ်နှင့် UWSA အကြား နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီက ဆွေးနွေးမည်ဟု စစ်ကောင်စီပြော

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မီဒီယာများကို ဖြေကြားစဉ် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“ဝ နဲ့ ဖြစ်နေတဲ့ကိစ္စ ဒီဟာက သီးခြားကိစ္စ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနဲ့ ထိုင်းကြားမှာ နယ်ခြားကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားတာ ရှိပါတယ်။ TBC ၊ RBC အစရှိသဖြင့် လစဉ်လည်း ဆွေးနွေးဆောင်ရွက်လျက် ရှိပါတယ်။ ဒီကိစ္စတွေကတော့ နယ်ခြားဒေသ ကော်မတီတွေရဲ့ ပုံမှန် အစည်းအဝေးတွေကနေ တဆင့်ပဲ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်တွင် မြန်မာ-ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ အကြား နယ်နိမိတ်အငြင်းပွားနေသည့် နယ်စပ်အနီး မုံးထမြို့နှင့် ပါချီးနယ်စပ်ဂိတ်ဘက်သို့ စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် ယခုပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်နိမိတ်ပြဿနာများနှင့် ပတ်သက်ပြီး နိုင်ငံအချင်းချင်း ဆွေးနွေးရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်ခေါင်းဆောင်များကို သတင်းပို့ထားကြောင်း ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ‘ဝ’လူငယ့်အသံကွန်ရက် မီဒီယာသို့ နိုဝင်ဘာလ (၂၅) ရက်တွင် ဖြေကြားထားသည်။

ပုံစာ – ယမန်နှစ်က တာချီလိတ်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ-ထိုင်း နယ်ခြားဒေသ ဆွေးနွေးပွဲ (ပုံဟောင်း)

ထိုင်းစစ်တပ်နှင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ ကိုယ်စားလှယ်များအကြား နိုဝင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့စဉ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို ဒီဇင်ဘာလ (၁၈) ရက် နောက်ဆုံးထား တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်ဘက်မှ တောင်းဆိုခဲ့ကြောင်း ထိုင်းနှင့် မြန်မာ မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

လာမည့် ဒီဇင်ဘာလ (၁၉၊ ၂၀) ရက်တို့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲများသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည်ဖြစ်ပြီး နယ်စပ်ကိစ္စ၊ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စများကို ဆွေးနွေးမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုသည်။

ထိုင်းနိုင်ငံမှ ဦးဆောင်ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို မြန်မာနှင့် အိမ်နီးချင်းနိုင်ငံ (၆) နိုင်ငံတို့ ပါဝင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...