UWSA ထိန်းချုပ်သည့် ဟိုပန်မြို့ အခွန်အခများလို့ ပြည်သူအခက်တွေ့၊ ဖောင်ဆိပ်တံတားနား ကုန်စည်ကန့်သတ်ထား

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားစဉ် အခွန်အခ ကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် ဆိုင်ခန်းခွန်၊ အမှိုက်ခွန်၊ လျှပ်စစ်မီတာခွန် အစရှိသည့် အခွန်အခ ကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ရေရှည်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်စေကြောင်း ဒေသခံများက ပြောသည်။

“များတယ်အခွန်တော့ အမှိုက်ခွန်ကို ၁၀၀ ‌ပေးရတယ်။ တရုတ်ငွေနဲ့ တစ်လ ၁၀၀၊ ကုန်စုံဆိုင်အသေးပေါ့။ ဆိုင်အကြီးတွေဆို ပိုများတယ်၊ တခြားအခွန်တွေလည်းရှိတယ်။ လတိုင်း ကွင်းဆင်းပြီး လိုက်ကောက်တယ်။ အစိုးရမီးက လုံးဝမလာတော့ဘူး၊ တရုတ်မီးပဲသုံးတယ်”ဟု ဟိုပန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပန်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်တစ်ဆိုင်လျှင် ယခင်က ဆိုင်ခွန်အဖြစ် တရုတ်ယွမ် ၁၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၆ သောင်းကျော်) အပြင် အမှိုက်ခွန်အဖြစ် ယွမ်ငွေ ၁၀၀ ကို ‘ဝ’တပ်ဖွဲ့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကောက်ခံကြောင်း ဒေသခံများထံမှ သိရသည်။

UWSA မှ ကောက်ခံသည့် အခွန်နှုန်း မြင့်မားမှုကြောင့် လျော့ချပေးရန် ဒေသခံများမှ အောက်တိုဘာလအတွင်း ‘ဝ’တပ်ဖွဲ့ထံသို့ စာရေးသား တောင်းဆိုခဲ့သော်လည်း အမှိုက်ခွန်တစ်ခုတည်းသာ တရုတ်ယွမ် ၁၀၀ မှ ယွမ် ၅၀ သို့ နိုဝင်ဘာလကုန်တွင် လျော့ချပေးခဲ့ပြီး အခြားအခွန်နှုန်းထားများ ဆက်လက်များနေကြောင်း ဒေသခံများက ပြောသည်။

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့

ထို့အပြင် ဟိုပန်မြို့နယ်တွင် ကုန်စည်နည်းပါးနေခြင်းကြောင့် ပန်ဆန်းမြို့နှင့် ကျိုင်းတုံမြို့များအထိ သွားရောက်သယ်ဆောင်ရခြင်းကြောင့် ဈေးကြီးပေး ဝယ်ယူနေရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံနှင့် ချင်းရွှေဟော်ဘက်သို့လည်း ဖြတ်သန်းခွင့်မရဘဲ ‘ဝ’တပ်ဖွဲ့က ဖောင်ဆိပ်တံတားတွင် ကန့်သတ်ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

“ဆီပြတ်သွားတော့ ဆီဈေး နည်းနည်းတက်တယ်။ ဖောင်ဆိပ်တံတားမှာ ‘ဝ’တော့ ပိတ်တယ်၊ ကုန်ပစ္စည်းတော့ ဘာမှ ပေးမထွက်ဘူး၊ ကိုးကန့်တော့ မသိဘူး။ လားရှိုးက ကုန်သိပ်မရှိတော့ ပန်ဆန်းဘက်က‌နေ ကျိုင်းတုံထိ သွားယူကြတယ်။ ကုန်က နည်းနည်းချင်း လာတော့ ဈေးများတယ်”ဟု ဟိုပန်ဒေသခံ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ‘ဝ’တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဟိုပန်မြို့သို့ လားရှိုးဘက်မှ စစ်ဘေးရှောင် အများအပြားလည်း ပြောင်းရွှေ့နေထိုင်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိက ဝင်ရောက်လုပ်ကိုင်နေကြကြောင်း ဟိုပန်ဒေသခံများထံမှ သိရသည်။

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ မိုင်းမော၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့တို့ကို ဇန်နဝါရီ လဆန်းပိုင်းတွင် ‘ဝ’တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဇွန်လမှ စတင်ကာ ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်း၍ UWSA ၏ အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် လည်ပတ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...