ထိုင်းနှင့် UWSA အကြား နယ်နိမိတ်ပြဿနာဖြေရှင်းမှု ဘယ်အခြေအနေ ရောက်ပြီလဲ

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာ ပြန်လည်စတင်လာသည်မှာ ဒီဇင်ဘာလ (၁၈) ရက်တွင် တစ်လပြည့်မြောက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈၊ ၁၉) ရက်တို့တွင် ထိုင်းစစ်တပ်၏ ဖိတ်ခေါ်မှုကြောင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ “တာ့ထန်” ဦးဆောင်သည့် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုအတွင်း မူးယစ်ဆေးဝါးကိစ္စအပြင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် မြန်မာ-ထိုင်း နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တစ်လအတွင်း ဆုတ်ခွာပြောင်းရွှေ့ပေးရန် ထိုင်းစစ်တပ်ဘက်မှ တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်း မီဒီယာများတွင် စတင်ဖော်ပြခဲ့ကြသည်။

“ဒီကိစ္စ ဖြစ်လာရတဲ့ အကြောင်းရင်းကို အရင်ပြောရမှာပေါ့။ ထိုင်းစစ်တပ်ဘက်က နယ်စပ်မှာရှိတဲ့ ‘ဝ’တပ်စခန်းတွေကို တစ်လအတွင်း ဆုတ်ခွာခိုင်းတာ၊ သဘောကတော့ ဒီဇင်ဘာလ ၁၈ ရက်မှာ ပြောင်းရွှေ့ပေးရမယ်။ ‘ဝ’တပ်စခန်းတွေ ပြောင်းရွှေ့ဖို့ ထိုင်းစစ်တပ်က တနည်းနည်းနဲ့တော့ လုပ်ရလိမ့်မယ် ပြောတာပေါ့”ဟု သျှမ်းသံတော်ဆင့် တည်ထောင်သူ ဉီးခွန်စိုင်း က ပြောသည်။ 

‘ဝ’တပ်ဖွဲ့ဘက်မှ ယခုနယ်စပ်ပြဿနာသည် ကြာမြင့်ပြီဖြစ်ကြောင်း၊ မြန်မာ သို့မဟုတ် ထိုင်း မည်သည့်နယ်နိမိတ်အတွင်း ကျရောက်နေသည်ကို သေချာမသိရဘဲ ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သည့် MTA တပ်ဖွဲ့၏ နေရာဟောင်းတွင် ဝင်ရောက်နေရာယူခြင်းသာ ဖြစ်ပြီး နယ်စပ်ပြဿနာကို နှစ်နိုင်ငံ အစိုးရချင်း သဘောတူဆုံးဖြတ်ချက်အတိုင်း လက်ခံမည်ဖြစ်ကြောင်း ဆွေးနွေးမှုအတွင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA တပ်စခန်း (၉) ခုကို ထိုင်းစစ်တပ်က ရွှေ့ပြောင်းခိုင်းကြောင်း ‘ဝ’တပ်ဖွဲ့ဘက်က အတည်ပြုပြီး နယ်နိမိတ် ပြဿနာများသည် နိုင်ငံအချင်းချင်း ဆွေးနွေးရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်ခေါင်းဆောင်များကို သတင်းပို့ထားကြောင်း ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ‘ဝ’လူငယ့်အသံကွန်ရက် မီဒီယာသို့ နိုဝင်ဘာလ (၂၅) ရက်တွင် ဖြေကြားထားသည်။

ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က ဝ တပ်ဖွဲ့

၎င်းနောက် ထိုင်းစစ်တပ်မှ မယ်ဟောင်ဆောင်ခရိုင် ထိုင်း-မြန်မာ နယ်စပ်တကြောရှိ UWSA တပ်စခန်း (၉) နေရာကို ဒီဇင်ဘာလ (၁၈) ရက် နောက်ဆုံးထား၍ တစ်လအတွင်း တပ်ဆုတ်ပေးရန် ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဘက်တပ်များမှာအသင့်အနေအထား စစ်ပြင်ဆင်နေကြောင်း ဒေသခံများအကြား ပျံ့နှံ့သွားသည်။

နိုဝင်ဘာလ (၂၆) ရက်တွင် ထိုင်းစစ်တပ်မှ ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် နယ်စပ်ကိစ္စ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြရန် ထိုင်းစစ်ဗိုလ်ချုပ်ကြီးများက သတင်းထုတ်ပြန်ပေးခဲ့သည်။

‘ဝ’တပ်ဖွဲ့ UWSA ကလည်း ထိုင်းစစ်တပ်နှင့် ရန်သူ မဟုတ်သကဲ့သို့ စစ်ဖြစ်မည်ဟု မီဒီယာအချို့က ချဲ့ကားပြောဆိုခြင်းနှင့် ပတ်သက်၍ စစ်ပွဲဖြစ်ရန် ရန်စပေးသည့် ကောလာဟလ များဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချကြောင်း ဒီဇင်ဘာလ (၈) ရက်တွင် သတင်းထုတ်ပြန်သည်။

အခြားတစ်ဘက်တွင် မယ်ဟောင်ဆွန်ခရိုင် မယ်အိုင်မြို့နယ်အတွင်းရှိ သစ်တောအရာရှိများမှ နယ်စပ်ဒေသ ပန်းခြံများတွင် လည်ပတ်ခွင့် တားမြစ်သည့် ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ 

၎င်းကြေညာချက်တွင် စစ်ကောင်စီတပ်မှ နယ်စပ်ရှိ RCSS နှင့် UWSA တပ်ဖွဲ့များကို လာရောက်တိုက်ခိုက်မည်ဟု သတင်းကြားသိရကြောင်း ပါရှိထားသော်လည်း နောက်နှစ်ရက်အကြာတွင် ပန်းခြံများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဆိုသည်။

ထိုင်းစစ်တပ်ဘက်မှ မြန်မာ-ထိုင်းနယ်စပ် RCSS ဌာနချုပ်အနီးရှိ UWSA တပ်မဟာ (၇၇၈)နယ်မြေ ခိုင်းလုံဒေသသို့ ကိုယ်စားလှယ်စေလွှတ်ပြီး ဆွေးနွေးခဲ့သည့် အပြင် ဒီဇင်ဘာလ (၆) ရက်တွင် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသခေါင်းဆောင် “တာ့ဆမ်ရုန်း”နှင့် ထိုင်းစစ်တပ် အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးများ တာချီလိတ်မြို့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

“ထိုင်းဘက်ကတော့ လွယ်တိုင်းလျန်းအနီးက (၇၇၈) တပ်မဟာနယ်မြေ ခိုင်းလုံဒေသအထိ ကိုယ်စားလှယ်လွှတ်ပြီး သွားဆွေးနွေးတယ်လို့ သိရတယ်။ ဒါ့အပြင် ၆ ရက်နေ့မှာ အထူးတပ်ဖွဲ့က ထိုင်းဗိုလ်ချုပ်ကြီးတွေက (၁၇၁) စစ်ဒေသ ‘ဝ’ခေါင်းဆောင် တာ့ဆမ်ရုန်းနဲ့ တာချီလိတ်မှာ ညစာ အတူစားပြီး ဆွေးနွေးခဲ့ကြတယ်၊ အသေးစိတ်တော့ မသိရဘူး”ဟု ဦးခွန်ဆိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒီဇင်ဘာလ (၁၀၊ ၁၁) ရက်တို့တွင် စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်လည်း မိုင်းတုံမြို့နယ် မုံးထမြို့နှင့် ပါချီးနယ်စပ်ဂိတ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသခေါင်းဆောင် “တာ့ဆမ်ရုန်း”နှင့် တွေ့ဆုံကာ နယ်နိမိတ်ပြဿနာကို စစ်ကောင်စီနှင့် ထိုင်းအစိုးရအကြား ဖြေရှင်းမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

ပုံစာ – ယမန်နှစ်က တာချီလိတ်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ-ထိုင်း နယ်ခြားဒေသ ဆွေးနွေးပွဲ (ပုံဟောင်း)

သို့သော် ထိုင်းစစ်တပ်နှင့် နယ်နိမိတ်ပြဿနာ ဖြစ်ပွားနေသည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသသို့ တြိဂံဒေသတိုင်းမှူး ရောက်ရှိနေသော်လည်း ၎င်းနှင့် ထိုင်းနယ်စပ်အရေး တွေ့ဆုံဆွေးနွေးခြင်း မရှိခဲ့ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဒီဇင်ဘာလ (၁၁) ရက်တွင် ပြောဆိုသည်။

၎င်းနောက် ဒီဇင်ဘာလ (၁၆) ရက်တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မီဒီယာများကို ဖြေကြားစဉ် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“အခြေအနေကတော့ စောင့်ကြည့်ရဦးမယ်၊ ဒီရက်ပိုင်းတော့ ဘာမှ မဖြစ်နိုင်သေးဘူး။ ဒီနှစ်ကုန်အထိ တိုက်ပွဲလုံးဝမဖြစ်ဘူးလို့ ထင်တယ်။ ၁၉၊ ၂၀ ရက်ကျတော့ ထိုင်းက မြန်မာကို ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးမှာ ရှိတယ်။ ထိုင်းက မြန်မာ့ငြိမ်းချမ်းရေးကို ကူမယ်ပြောပြီး ‘ဝ’နဲ့ ပြဿနာဖြစ်နိုင်မလား”ဟု ဦးခွန်ဆိုင်းက နယ်စပ်အရေး သုံးသပ်ပြောကြားသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်နိမိတ်ပြဿနာသည် နောက်နှစ်များအထိ ရေရှည်ဖြစ်သွားနိုင်ပြီး ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိစပ်နေသည့် မယ်ဟောင်ဆောင်ခရိုင် ပန်မက်ဖာ့မြို့နယ်မှ စတင်ပြီး ချင်းမိုင်ခရိုင်၊ ချင်းရိုင်းခရိုင်များအထိ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်း (၈၀) ကျော်အထိ ရှိကြောင်း ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေးဘက်မှ ထုတ်ပြန်ထားသည်။

UWSA

လက်ရှိ ထိုင်းနယ်စပ်တွင် နယ်နိမိတ်ပြဿနာ ဖြစ်ပွားနေသည့် UWSA တပ်စခန်း (၈) ခုမှာ မယ်ဟောင်ဆောင်ခရိုင် ပန်မက်ဖာ့အနီး နယ်စပ်မျဉ်းပေါ်တွင် ကျရောက်နေပြီး ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်နေသည်မှာ တပ်စခန်း (၃) ခုအထိ ရှိနေကြောင်း၊ အခြားတပ်စခန်းတစ်ခုမှာ နယ်စပ်မျဉ်းနှင့် (၁၀) ကီလိုမီတာခန့်အကွာတွင် တည်ရှိနေကြောင်း  သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသတွင် တပ်ရင်း (၂၅) ခု ရှိပြီး တပ်မဟာ ၂၄၈၊ တပ်မဟာ ၅၁၈၊ တပ်မဟာ ၇၇၁၊ တပ်မဟာ ၇၇၅ နှင့် တပ်မဟာ ၇၇၈ ဟူ၍ တပ်မဟာ (၅) ခု ဖွဲ့စည်းကာ လွန်ခဲ့သည့် နှစ်(၃၀)ကျော် ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်မှ စတင်အခြေချခဲ့သည်။

ယမန်နှစ် ဇွန်လအတွင်းကလည်း တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ (TBC) အစည်းအဝေးတွင် ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံ နယ်စပ်မျဉ်းတလျှောက် အခြေစိုက်ထားသည့် UWSA တပ်စခန်း (၅) ခုကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ လက်ခံမည်မဟုတ်ကြောင်း UWSA ဘက်မှ တုံ့ပြန်ပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...