Tuesday, January 27, 2026

UWSA

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့ အခွန်အခများလို့ ပြည်သူအခက်တွေ့၊ ဖောင်ဆိပ်တံတားနား ကုန်စည်ကန့်သတ်ထား

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားစဉ် အခွန်အခ ကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် ဆိုင်ခန်းခွန်၊ အမှိုက်ခွန်၊ လျှပ်စစ်မီတာခွန် အစရှိသည့် အခွန်အခ ကောက်ခံမှု...

စစ်ကောင်စီ တြိဂံတိုင်းစစ်ဌာနချုပ်သည် UWSA နှင့် ထိုင်းစစ်တပ်ကြား အငြင်းပွားနေသည့် နယ်စပ်သို့သွားရောက်

မြန်မာ-ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားနေသည့် နယ်စပ်အနီးသို့ စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် သွားရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၅ နာရီခန့်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၆၅)...

ထိုင်းစစ်တပ်နှင့် UWSA အကြား စစ်ရေးတင်းမာမှု ကောလာဟလဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ပြောဆို

မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်းများနှင့် ထိုင်းစစ်တပ်တို့အကြား စစ်ရေးတင်းမာမှု အခြေအနေမှာ ကောလာဟလ ဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ UWSA က ပြောဆိုလိုက်သည်။ ‘ဝ’တပ်ဖွဲ့ UWSA သည် ထိုင်းစစ်တပ်နှင့် ရန်သူ မဟုတ်သလို စစ်ဖြစ်မည်ဟု မီဒီယာအချို့က...

တန့်ယန်းကျားဖြန့်လုပ်ကိုင်သူ အယောက် (၅၀) ဝန်းကျင်ထပ်မံ ဖမ်းဆီးရမိ

သျှမ်းပြည် တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂ ရက်) တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ထဲတွင် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား အယောက်(၃၀)ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး၊...

မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA (၁၇၁)စစ်ဒေသ တပ်စခန်း (၉) နေရာကို ဆုတ်ခွာရန် ထိုင်းစစ်တပ် တောင်းဆို

မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း(၁၇၁) စစ်ဒေသမှ...

တန့်ယန်းမြို့နယ် UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ ၈၀၀ နီးပါး တရုတ်ရဲလက်အပ်

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို ‘ဝ’တပ်ဖွဲ့ UWSA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တရုတ်နိုင်ငံသား (၇၆၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA...

လားရှိုးမြို့နယ် UWSA က အရပ်သားစစ်မှုထမ်းစာရင်းကောက်

သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်လာပြီးနောက် အရပ်သားများကို စစ်မှုထမ်းရန်ပြောဆို ခြိမ်းခြောက်နေကြကြောင်း သတင်းရရှိသည်။ လားရှိုးမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA ဝင်‌ရောက် ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာတွင် အောက်တိုဘာလမှ စ၍ အရပ်သားများကို စစ်မှုထမ်းရန် နာမည်စာရင်းများပေးခိုင်းပြီး၊ စာရင်းမပေးပါက ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုများ လည်း ရှိနေကြောင်း...

ဟိုပန် UWSA မှ ရာဇဝတ်မှုကျူးလွန်သူ (၇)ဦးကို လူစုလူဝေးရှေ့ သေဒဏ်နှင့် ထောင်ဒဏ် စီရင်ချက်ချ

သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူ (၇) ဦးတို့ကို သေဒဏ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြည်သူ့တရားစီရင်ရေး အခမ်းအနားဟု...

‘ဝ’ဒေသ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်၊ တာလော့ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် တရုတ်စတင်ကန့်သတ်

မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီးနှင့် ဆော့လော်ဂိတ်တို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းခွင့် စတင်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၄) ရက်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များရှိ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင်စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသည့်...

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့နယ် စက်သုံးဆီ အလုအယက်ဝယ်ယူနေ

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်အစောပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက်...

Latest news