UWSA ထိန်းချုပ် ဟိုပန်မြို့အဝင် ဖောင်ဆိပ်တံတားတွင် အခွန်အဆမတန်ကောက်နေ

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသော ဟိုပန်မြို့နှင့် ကွမ်းလုံမြို့တို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားတွင် အခွန်ကောက်ခံမှု များပြားလာကြောင်း စုံစမ်းသိရသည်။

ယခုလ ဇန်နဝါရီလဆန်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် ကွမ်းလုံမြို့နှင့် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့အကြား ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားတွင် ဂိတ်စောင့်တပ်သားမှ ၎င်းဂိတ်သို့ ဖြတ်သန်းသွားလာသူကို တရုတ်ယွမ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ ၃သိန်း) အထိ ကောက်ခံခဲ့ကြောင်း တန့်ယန်းကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တန့်ယန်းမြို့နယ်မှ ဟိုပန်မြို့သို့ ဝင်ရောက်မည့် ခရီးသည်များမှ ထိုဂိတ်စောင့်တပ်သား တောင်းခံသည့် ငွေပမာဏ ပေးမှသာ ပြေစာ (ဖြတ်ပိုင်းစာရွက်) ပေးပြီး ဖြတ်သန်းခွင့်ပြုကြောင်း ၎င်းက ဆက်ပြောသည်။

ဟိုပန်

“ဒီဖောင်ဆိပ်ဂိတ်မှာ အရင်ကတည်းတော့ တောင်းတယ်၊ မများဘူး အလွန်ဆုံး တစ်သောင်းပေါ့။ အရင်ဆို ယွမ်(၁၀)ပဲ ပေးရတာ၊ ခုက တရုတ်ယွမ်ငွေ ၅၀၀ ( မြန်မာကျပ်ငွေ ၃ သိန်းကျော်) ထိ တောင်းတာမျိုး ရှိလာတယ်။ ကုန်ပစ္စည်းနည်းနည်းပါလည်း ပေးရတယ်၊ ကုန်ပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ မပေးရင် ဖြတ်သန်းခွင့် ပြေစာ မပေးဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့သို့ လားရှိုးနှင့် သီပေါမြို့နယ်မှ စစ်ဘေးရှောင် အများအပြားလည်း ပြောင်းရွှေ့နေထိုင်ကြပြီး၊ ကြပ်တည်းသည့် ကာလအတွင်း ကုန်များကို တစ်ပတ်မှ တစ်ကြိမ်သာ သယ်ယူရသဖြင့် ဂိတ်ကြေးနှင့် ဆီဖိုး မကိုက်ညီကြောင်း ၎င်းယာဉ်မောင်းက ပြောသည်။

ထို့အပြင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် ဟိုပန်နှင့် တန့်ယန်းမြို့နယ်တို့တွင် စက်သုံးဆီပြတ်လပ်မှု ရှိလာခြင်းကြောင့် အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချခွင့်ပေးသည်ဟု တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တန့်ယန်းမြို့နယ်သည် “၁၀၂၇ စစ်ဆင်ရေး” မဖြစ်ခင်က လားရှိုး၊ မူဆယ်၊ ပန်ဆိုင်းတကြောရှိ ကုန်ပစ္စည်းကိုသာ အဓိက အားကိုးရသည့် ဒေသဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ဖြစ်ပြီးနောက် ကုန်စည်သယ်ယူခွင့်ကို အဘက်ဘက်မှ ပိတ်ဆို့လိုက်ခြင်းကြောင့် ဒေသခံများ နေ့စဉ်နှင့်အမျှ အခက်တွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက စက်သုံးဆီတွေလည်း ပြတ်လပ်လာတယ်။ ပိုက်ဆံအများကြီး တတ်နိုင်တဲ့သူတော့ ဂိတ်မှာ ပိုက်ဆံများများ ထိုးပေးပြီး သယ်လာတဲ့သူလည်း ရှိတာပေါ့။ “၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်ဆို အဘက်ဘက်က ရှိတဲ့ မြို့ကြီးတွေက လာတဲ့ ပစ္စည်းကို အားကိုးရတယ်။ “၁၀၂၇ ဒုတိယလိုင်း”လည်း ပြီးရော ပစ္စည်းသယ်ခွင့်ကို ဂိတ်တိုင်းက ပိတ်ချလိုက်တယ်”ဟု ၎င်းတန့်ယန်းဒေသခံ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ မိုင်းမော၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ယနေ့ (ဇန်နဝါရီလ) အထိ ရပ်တန့်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...