Tuesday, January 27, 2026

UWSA မှ ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို တရုတ်ရဲလက်အပ်၊ ကျားဖြန့်ဂိုဏ်းအတွက် နေရာငှားပေးပါက အိမ်ခြံမြေသိမ်းမည်ဟုဆို

သျှမ်းပြည် UWSA ထိန်းချုပ် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့်ဂိုဏ်းအတွက် နေရာငှားရမ်းပေးပါက အိမ်ခြံမြေ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ‘ဝ’ဒေသတွင် နေထိုင်သူများအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း မပြုရန် တားမြစ်ထားသည့် အချက်(၄) ချက်ပါ ကြေညာချက်တစ်ခုကို ဧပြီလ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် ပုံစံမျိုးစုံဖြင့် ပါဝင်ကူညီခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ပြီး ချိုးဖောက်ပါက ပြင်းပြင်းထန်ထန်ထန် အပြစ်ပေးခံရမည့်အပြင် ကျားဖြန့်ဂိုဏ်းများအတွက် နေရာငှားရမ်းပေးပါက ၎င်းပါဝင်ပတ်သက်နေသည့် အိမ်ခြံမြေတို့ကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း UWSA ၏ တရားစီရင်ရေးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဟိုတယ် သို့မဟုတ် အိမ်ငှားရမ်းမည် ဆိုပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ အထောက်အထားများကို တိတိကျကျ စစ်ဆေးရမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိပါက UWSA တရားစီရင်ရေးဌာနသို့ ချက်ချင်းတိုင်ကြားရန် ရေးသားထားသည်။

UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ ဧပြီလ ၂၅ ရက်တွင် လွှဲပြောင်းနေစဉ်

အလားတူ ဧပြီလ (၂၅) ရက်တွင် UWSA မှ ‘ဝ’ဒေသအတွင်း ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၂) ဦးတို့ကို တရုတ်ရဲတပ်ဖွဲ့ထံ နယ်စပ်ဂိတ်မှတဆင့် ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ဆက်စပ်ပစ္စည်း ဖုန်း (၃၀၁) လုံးနှင့် ကွန်ပျူတာ (၃၁) လုံးတို့ကို တပါတည်း လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဧပြီလ ပထမပတ်အတွင်းကလည်း တရုတ်နိုင်ငံက အလိုရှိကြောင်း ဖမ်းဝရမ်းထုတ်ခံထားရသူ (၈) ဦး အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ (၄၈) ဦးတို့ကို UWSA မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး မတ်လအတွင်းကလည်း တရုတ်အလိုရှိနေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် နှစ်ဦးနှင့် တရုတ်နိုင်ငံသား (၁၆) ဦးတို့ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အခြားတစ်ဘက်တွင် တရုတ်နိုင်ငံမှ ဖမ်းဝရမ်း ထုတ်ထားသည့် ‘ဝ’တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ၎င်းတို့နှစ်ဦး လွတ်မြောက်နေဆဲဖြစ်သည်။

ပုံစာ – UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ ဧပြီလ ၂၅ ရက်တွင် လွှဲပြောင်းနေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

0
ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...

ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ

0
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ငွေလဲလှယ်ခြင်း၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများသည် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုကိစ္စများကြောင့် အလုပ်လုပ်ကိုင်နေသည့်...

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...