UWSA မှ ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို တရုတ်ရဲလက်အပ်၊ ကျားဖြန့်ဂိုဏ်းအတွက် နေရာငှားပေးပါက အိမ်ခြံမြေသိမ်းမည်ဟုဆို

သျှမ်းပြည် UWSA ထိန်းချုပ် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့်ဂိုဏ်းအတွက် နေရာငှားရမ်းပေးပါက အိမ်ခြံမြေ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ‘ဝ’ဒေသတွင် နေထိုင်သူများအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း မပြုရန် တားမြစ်ထားသည့် အချက်(၄) ချက်ပါ ကြေညာချက်တစ်ခုကို ဧပြီလ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် ပုံစံမျိုးစုံဖြင့် ပါဝင်ကူညီခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ပြီး ချိုးဖောက်ပါက ပြင်းပြင်းထန်ထန်ထန် အပြစ်ပေးခံရမည့်အပြင် ကျားဖြန့်ဂိုဏ်းများအတွက် နေရာငှားရမ်းပေးပါက ၎င်းပါဝင်ပတ်သက်နေသည့် အိမ်ခြံမြေတို့ကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း UWSA ၏ တရားစီရင်ရေးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဟိုတယ် သို့မဟုတ် အိမ်ငှားရမ်းမည် ဆိုပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ အထောက်အထားများကို တိတိကျကျ စစ်ဆေးရမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိပါက UWSA တရားစီရင်ရေးဌာနသို့ ချက်ချင်းတိုင်ကြားရန် ရေးသားထားသည်။

UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ ဧပြီလ ၂၅ ရက်တွင် လွှဲပြောင်းနေစဉ်

အလားတူ ဧပြီလ (၂၅) ရက်တွင် UWSA မှ ‘ဝ’ဒေသအတွင်း ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၂) ဦးတို့ကို တရုတ်ရဲတပ်ဖွဲ့ထံ နယ်စပ်ဂိတ်မှတဆင့် ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ဆက်စပ်ပစ္စည်း ဖုန်း (၃၀၁) လုံးနှင့် ကွန်ပျူတာ (၃၁) လုံးတို့ကို တပါတည်း လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဧပြီလ ပထမပတ်အတွင်းကလည်း တရုတ်နိုင်ငံက အလိုရှိကြောင်း ဖမ်းဝရမ်းထုတ်ခံထားရသူ (၈) ဦး အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ (၄၈) ဦးတို့ကို UWSA မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး မတ်လအတွင်းကလည်း တရုတ်အလိုရှိနေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် နှစ်ဦးနှင့် တရုတ်နိုင်ငံသား (၁၆) ဦးတို့ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အခြားတစ်ဘက်တွင် တရုတ်နိုင်ငံမှ ဖမ်းဝရမ်း ထုတ်ထားသည့် ‘ဝ’တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ၎င်းတို့နှစ်ဦး လွတ်မြောက်နေဆဲဖြစ်သည်။

ပုံစာ – UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ ဧပြီလ ၂၅ ရက်တွင် လွှဲပြောင်းနေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...