UWSA မှ သျှမ်းတောင်ဘက် စစ်အင်အားဖြည့်တင်းနေသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေ

သျှမ်းပြည်တောင်ပိုင်းသို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် TikTok နှင့် ဖေ့စ်ဘုတ် Facebook များတွင် ပျံ့နှံ့နေသည့် ရုပ်သံများထဲတွင် UWSA တပ်သားအများအပြား ကားလမ်းမကြီးပေါ် ‘ဝ’အလံ လွှင့်ထူကာ ချီတက်နေခြင်း၊ ချောင်းစပ်တနေရာတွင် ကမ်းကူးနေခြင်းများ မြင်တွေ့ရသည်။

ယခုပျံ့နှံ့နေသည့် ရုပ်သံျများနှင့် ဆက်စပ်၍ ‘ဝ’တပ်ဖွဲ့ UWSA မှ စစ်အင်အား အလုံးအရင်းဖြင့် သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO နှင့် သျှမ်းတပ် RCSS/SSA ထိန်းချုပ်နယ်စပ်များအထိ အင်အားဖြည့်တင်းလာနေသည်ဆိုသည့် ပြောဆိုချက်သည် ယမန်နှစ် ၂၀၂၄ ကတည်းက ပြည်သူများအကြား ပျံ့နှံ့နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်အင်အားဖြည့်တာ ကြားမိတယ်။ လဲချား၊ နမ့်စန်က (၇၅၈) ပြည်သူ့စစ်အဖွဲ့ရဲ့ နေရာဟောင်းတွေဘက် စစ်အင်အားဖြည့်လိမ့်မယ်။ သျှမ်းတပ်နဲ့ ‘ဝ’ က စစ်အင်အား လိုက်ဖြည့်တယ်ဆိုတာ ဟုတ်တယ်။ PNO နဲ့ RCSS အစပ်တွေ အင်အားဖြည့်ရင် ‘ဝ’ အမြဲတမ်းပါတယ်”ဟု သျှမ်းပြည်တောင်ပိုင်းမှ ၎င်းစစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

လူမှုကွန်ယက်ပေါ် ပျံ့နှံနေသည့် UWSA တပ်သားများ ‘ဝ’အလံလွှင့်ထူကာ ချီတက်သွားလာနေသည့် ရုပ်သံများနှင့် ပတ်သက်၍ မည်သည့်အချိန်တွင် ရိုက်ကူးထားကြောင်း မသိရဘဲ တည်နေရာကို သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“UWSA ရဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက အဲ့ဒီအလုပ်တွေ လုပ်လိမ့်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် UWSA နာမည်နဲ့ မဟုတ်ဘဲနဲ့ SSA နာမည်နဲ့ အသုံးချပြီးတော့ တောင်ပိုင်းကို ဝင်ရောက်တာတွေ ရှိလာနိုင်တယ်လို့ ကျနော်ကလည်း မှန်းဆကြည့်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ပြီး သျှမ်းပြည်တောင်ပိုင်းဘက် အင်အားဖြည့်တင်းလာသည့် သျှမ်းတပ် SSPP/SSA နှင့်အတူ UWSA တပ်သားများလည်း ပါဝင်လာကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကောလာဟလ ဖြစ်ကြောင်း ပြန်လည်ငြင်းဆိုသည်။

UWSA တပ်သားများ ချီတက်သွားလာနေသည့် ရုပ်သံဖိုင်နှင့် ပတ်သက်၍လည်း ဗွီဒီယိုဖိုင် အဟောင်းများသာ ဖြစ်ကြောင်း ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

ယမန်နှစ် ဩဂုတ်လနောက်ဆုံးပတ်တွင် သျှမ်းပြည်အရှေ့ပိုင်းရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ ပြည်ပရောက် ‘ဝ’အမျိုးသားများကို နေရပ်ပြန်ခေါ်ခဲ့ပြီး စစ်မှုထမ်း တပ်သားသစ် (၄၀၀၀) အထိ စုဆောင်းကာ စစ်သင်တန်းပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

အခြားတစ်ဘက်တွင်လည်း ‘ဝ’တပ်ဖွဲ့ UWSA မှ စစ်အင်အား (၂) ထောင်ကျော်သည် သံလွင်မြစ်အနောက်ဘက်သို့ ကမ်းကူးကာ စစ်ကောင်စီ၏ သဘောတူညီမှုဖြင့် စစ်ရေးနယ်မြေ မဟုတ်သည့် တန့်ယန်းမြို့နယ်သို့ ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင်လည်း ယမန်နှစ် ဇူလိုင်လအတွင်း ဝင်ရောက်တပ်စွဲခဲ့သည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်ထားသည့် UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) သည် ထိုင်းစစ်တပ်နှင့် နယ်နိမိတ်ပြဿနာ ဖြစ်ပေါ်လျက်ရှိရာ နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ပုံစာ – လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေသည့် ရုပ်သံဗွီဒီယိုများထဲမှ UWSA တပ်သားများ ချီတက်သွားလာနေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...