သျှမ်းတောင် စစ်အင်အား
UWSA မှ သျှမ်းတောင်ဘက် စစ်အင်အားဖြည့်တင်းနေသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေ
သျှမ်းပြည်တောင်ပိုင်းသို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် TikTok နှင့် ဖေ့စ်ဘုတ် Facebook များတွင် ပျံ့နှံ့နေသည့် ရုပ်သံများထဲတွင် UWSA တပ်သားအများအပြား ကားလမ်းမကြီးပေါ်...





