ဝ’ထိန်းချုပ်ဒေသမှတဆင့် MNDAA နယ်မြေသို့ ကုန်စည်စီးဆင်းမှုကို တရုတ်က ခွင့်ပြုလိုက်

ငါးလနီးပါးအကြာ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဒေသအတွင်းသို့ ‘ဝ’တပ်ဖွဲ့ UWSA မှ ကုန်စီးဆင်းမှု ပြန်လည်ခွင့်ပြုပေးလိုက်ကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ညွှန်ကြားချက်ကြောင့် ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) မှ စတင်ပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဒေသဘက်သို့ ကုန်စည်ဖြတ်သန်းခွင့်ကို ဖောင်ဆိပ်တံတားမှ ပုံမှန်အတိုင်း ခွင့်ပြုကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်း တည်ငြိမ်လာခြင်းကြောင့် လူနှင့် ယာဉ်ဖြတ်သန်းခွင့်အပြင် ဖောင်ဆိပ်တံတားမှ ကုန်စည်ပို့ဆောင်ခွင့် ထိန်းချုပ်ထားခြင်းကို ဖြေလျော့ပေးပြီး ပုံမှန်အတိုင်း ခွင့်ပြုလိုက်ကြောင်း UWSA ၏ ထုတ်ပြန်ကြေညာချက်တွင် ဆိုထားသည်။

“မှန်တယ်နော်၊ ကျနော်တို့ ဝပြည်နဲ့ ကိုးကန့်ပေါ့နော် ကုန်စည်စီးဆင်းမှုကို ခွင့်ပြုလိုက်ပါပြီနော်”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

ယမန်နှစ် ၂၀၂၄ ဩဂုတ်လနောက်ဆုံးပတ်က တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ‘ဝ’ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနှင့် လားရှိုးဒေသသို့ ဖြတ်(၅)ဖြတ် လုပ်ဆောင်ရန် ဖိအားပေးခံရသည်။

၎င်းနောက် UWSA မှ ဟိုပန်နှင့် ကွမ်းလုံမြို့နယ်ကြားရှိ ဖောင်ဆိပ်တံတားမှ ကုန်စည်ဖြတ်သန်းခွင့်ကို တားမြစ်ခဲ့ပြီး (၅) လကျော်အကြာတွင် ယခုကဲ့သို့ ပြန်လည်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်ပြီးနောက် ပိတ်ထားခံရသည့် မြန်မာ-တရုတ် နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိန်းချုပ် နယ်စပ်ဂိတ်များကိုလည်း တရုတ်ဘက်မှ ပြန်လည်ဖွင့်ပေးပြီး ကုန်စည်များ စတင်ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ ကူမင်းမြို့၌ ဇန်နဝါရီလ (၁၆၊ ၁၇) ရက်တို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက် တရားဝင် အပစ်အခတ် ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ယနေ့ (ဇန်နဝါရီ ၂၀ ရက်) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

MNDAA နှင့် စစ်ကောင်စီအကြား အပစ်ရပ် သဘောတူညီချက်သည် ဇန်နဝါရီလ (၁၈) ရက်တွင် စတင်အသက်ဝင်ကြောင်း ဆိုထားပြီး သဘောတူညီချက်ပါ အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးခြင်းကြောင့် သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...